အပြောင်းအရွှေ့သတင်းများနှင့် နောက်ဆုံးရ သတင်းအတိုအထွာများ

၁။ မန်စီးတီးကို ရောက်ဖို့နီးစပ်ခဲ့တဲ့ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်နောက်ခံလူဟောင်း ဒန်နီအဲဗက်စ်ဟာ တစ်ပတ်လုပ်ခ
ပေါင်(230000)နဲ့ တစ်နှစ်စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါ့အပြင် အဲဗက်စ်က အင်္ဂလန်ကို ပြောင်းရွှေ့မယ်လို့
ပြောပြီး မလာဖြစ်ခဲ့တဲ့အတွက် မန်စီးတီးနည်းပြဂွါဒီယိုလာနဲ့ ပရိသတ်များကို တောင်းပန်ကြောင်း၊ ပီအက်စ်ဂျီအသင်းမှာ
ချန်ပီယံဖလားရရှိဖို့အခွင့်အရေးပိုသာပြီး သူ့အနေနဲ့လည်း ဖလားရယူလိုတာကြောင့် ပီအက်စ်ဂျီကို ပြောင်းခဲ့တာလို့
ပြောခဲ့ပါတယ်။

၂။ မန်ယူအသင်းမှ အပယ်ခံလူငယ်ကွင်းလယ်တောင်ပံကစားသမား ဂျာနူဇက်ဟာ စပိန်ကလပ် ဆိုစီဒက်အသင်းကို
ပြောင်းရွှေ့ကြေး ပေါင်(၉.၈)သန်းနဲ့ တရားဝင်ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။ ဒါပေမယ့် မန်ယူအသင်းဟာ ဂျာနူဇက်ကို ပြန်ခေါ်ယူပါက ဦးစားပေးခေါ်ယူနိုင်ခွင့်ကို ဆိုစီဒက်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပါတယ်။

၃။ အခုနှစ်နွေရာသီမှာ အာဆင်နယ်မှ ထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းထွက်ပေါ်ခဲ့တဲ့ ဂျာမနီကွင်းလယ်ကစားသမား
အိုဇေးလ်က သူ့အနေနဲ့ အာဆင်အသင်းမှာ ဆက်ရှိနေမှာဖြစ်ပြီး မကြာခင်အသင်းနဲ့ စာချုပ်သက်တမ်းတိုးတော့မယ်လို့
အတည်ပြုပြောဆိုခဲ့ပါတယ်။ ဒါကြောင့် အိုဇေးလ်ရဲ့ အနာဂတ်ကောလာဟလတွေမှာ အဆုံးသတ်သွားပြီဖြစ်ပေမယ့်
ဆန်းချက်ဇ်ရဲ့အပြောင်းအရွှေ့ပုံပြင်ကိုတော့ အာဆင်နယ်အသင်းက တိကျသေချာမှုမပြုလုပ်ရသေးပါဘူး။

၎။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဆီးဗီးလားအသင်းမှ စပိန်တိုက်စစ်ကစားသမား ဗီတိုလိုကို ပေါင်(33)သန်း
နဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ပြောင်းရွှေကြေးကို ကစားသမားဗီတိုလိုကိုယ်တိုင်က ပေးမယ်လို့ သိရပါတယ်။ ဗီတို
လိုဟာ မကြာသေးခင်က ဆီးဗီးလားနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရထားပြီး လျော်ကြေးပေါင်(33)သန်း အချက်အလက်ပါ, ပါဝင်ခဲ့ပါတယ်။ အဲဒီစာချုပ်ကို ဗီတိုလိုက ဖျက်သိမ်းခဲ့ပြီး အက်သလက်တီကိုကို ပြောင်းဖို့ ပြုလုပ်ခဲ့
တာဖြစ်ပါတယ်။ ဒါပေမယ့် ဗီတိုလိုဟာ အက်သလက်ရဲ့အပြောင်းအရွှေ့ပိတ်ပင်မှုကြောင့် လာမယ့်ဇန်န၀ါရီလအထိ
လက်စ်ပါးမက်စ်အသင်းမှာ အငှားနဲ့သွားကစားနေမှာဖြစ်ပါတယ်။

READ
တစ်နှစ်အတွင်းမှာပဲ ကလေး(၃)ယောက်အဖေ ထပ်ဖြစ်တော့မယ့် စီရော်နယ်ဒို

၅။ စီးရီးအေလက်ရှိချန်ပီယံ ဂျူဗင်တပ်စ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းမှ ကွင်းလယ်ကစားသမား ဒေါက်ကလပ်
ကော်စတာကို ပေါင်(5)သန်းနဲ့ တစ်နှစ်အငှားစာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အငှားစာ
ချုပ်သက်တမ်းပြည့်သွားရင် ပေါင်(35)သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ကိုပါ သဘောတူညီမှုရရှိခဲ့တယ်လို့သိရပါတယ်။

၆။ ဂျော်ဂျီယာမှာကျင်းပနေတဲ့ ဥရောပယူ-19ချန်ပီယံရှစ်ပြိုင်ပွဲဆီးမီးဖိုင်နယ်မှာ အင်္ဂလန်ယူ-19အသင်းက ချက်ယူ-19
အသင်းကို (1-0)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းအတွက် တစ်လုံးတည်း
သော အနိုင်ဂိုးကို မန်စီးတီးလူငယ်တိုက်စစ်မှူး လူးကပ်စ်အန်မီချာက နာကျင်အချိန်ပို(93)မိနစ်မှာ သွင်းယူပေးခဲ့တာပါ။ အင်္ဂလန်အသင်းဟာ 15ရက်နေ့မှာ နယ်သာလန်အသင်းကို (1-0)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပေါ်တူဂီလူငယ်အသင်းနဲ့ ဗိုလ်လု
ပွဲစဉ်ကို ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

၇။ အေစီမီလန်အသင်းဟာ အသင်းရဲ့အီတလီလူငယ်ဂိုးသမား ဒွန်နာရမ်မာကို တစ်နှစ်လုပ်ခပေါင်(5)သန်းနဲ့ (4)နှစ်
သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ဒွန်နာရမ်မာဟာ သူ့အနေနဲ့ အေစီမီလန်နဲ့စာချုပ်သက်တမ်း
မတိုးတော့ဘူးလို့ ပြောခဲ့ဖူးပြီး အေစီပရိသတ်တွေရဲ့ဝေဖန်တိုက်ခိုက်မှုကိုခံခဲ့ရပြီး ရီးယဲလ်ကိုပြောင်းရွှေ့ဖို့လည်း သတင်း
တွေထွက်ပေါ်ခဲ့ပါတယ်။ အခုအခါမှာတော့ ဒွန်နာရမ်မာဟာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ခဲ့ပြီး အေစီမီလန်နဲ့ သက်တမ်း
တိုးခဲ့တာဖြစ်ပါတယ်။

READ
မန်ယူ၊ ချယ်လ်ဆီးတို့ရဲ့ပစ်မှတ် ဂျိမ်းစ်ရိုဒရီဂွက်ဇ် ဘိုင်ယန်ကို (၂)နှစ်အငှားနဲ့ ပြောင်းရွှေ့

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင်
ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါး
များကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်
ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

M2T (Shwemom)
Source ; dailymail.co.uk
SHARE