မကြာသေးခင်က Gangnam Style အဆိုတော် Psy ဟာ အဆိုတော် Hyuna ကို အားပေးဖို့အတွက် ဗီဒီယိုရိုက်ကူးပြီး ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ပါတယ်။ အဆိုတော် Hyuna ဟာ Psy တည်ထောင်ထားတဲ့ အေဂျင်စီ P Nation က အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ Psy က သူ့ရဲ့အနုပညာရှင်ကို အခုလိုအားပေးရတာ သဘောကျတယ်ဆိုပြီး caption တပ်ထားကာ Hyuna ရဲ့အယ်လ်ဘမ်သစ် I’m Not Cool ဆိုတဲ့သီချင်းနဲ့ ကနေတာဖြစ်ပါတယ်။
ဗီဒီယိုထဲမှာတော့ အသက် ၄၃နှစ်ရှိပြီဖြစ်တဲ့ Park Jae-sang သို့မဟုတ် Psy ကိုတော့ ကိုယ်အလေးအချိန်အနည်းငယ်ကျနေတာ တွေ့မြင်ရတာပါ။ သူ့ပို့စ်ကို Hyuna အပါအဝင်အားလုံးက အံ့အားသင့်နေခဲ့ကြကာ “ကိုယ်အလေးချိန်ကျသွားတယ်နော်။ ဂရုစိုက်ဦး။ ပရိသတ်တွေစိတ်မကောင်းဖြစ်ဦးမယ်။” စတာတွေမန့်ထားပါတယ်။ Psy ကတော့ သူ့ကိုယ်အလေးချိန် သူထိန်းနေပါတယ်ဆိုပြီး ပြန်လည်ဖြေထားပါတယ်။
View this post on Instagram
တောင်ကိုရီးယားအဆိုတော် Psy ဟာ ၂၀၁၃ခုနှစ်ထုတ် Gentleman သီချင်းနဲ့လည်း လူသိများထင်ရှားသူဖြစ်ပါတယ်။ သူဟာ ၈နှစ်ကြာပြီးနောက် ၂၀၁၈ ခုနှစ်မှာ YG Entertainment ကနေထွက်ခွာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီ P Nation ကို ထူထောင်ဖွဲ့စည်းခဲ့တာပါ။
View this post on Instagram
အသက် (၂၈)နှစ်ရှိပြီဖြစ်တဲ့ Hyuna ကတော့ သူမရဲ့အရင်အေဂျင်စီ Cube Entertainment ကနေ ရည်းစားဖြစ်သူ rapper Dawn နဲ့ လမ်းခွဲပြီးနောက် ထွက်ခွာလာခဲ့တာပါ။ ပြီးတော့မှ Psy နဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ အရင် Wonder Girls အဖွဲ့ဝင်ဖြစ်တဲ့ Hyuna ဟာ ၂၀၁၂ခုနှစ်က ထုတ်တဲ့ Gangnam Style MV ထဲမှာ ပါဝင်ခဲ့ဖူးပါတယ်။ ယခုနှစ် ဇန်နဝါရီမှာတော့ Hyuna ဟာ I’m Not Cool ဆိုတဲ့ အယ်လ်ဘမ်သစ်ကိုထုတ်ဝေခဲ့တာလည်း ဖြစ်ပါတယ်။
ShweMom