(၂၀၂၀) မှာပြင်းထန်တဲ့နမိုးနီးယားရောဂါဖြစ်လိမ့်မယ်လို့ ဟောခဲ့တဲ့ အတတ်ဟောပညာရှင်

instagram/chris_dufresne_sbg instagram/the.orange.wall

ကွယ်လွန်သွားပြီဖြစ်တဲ့ အကြားအမြင်ပညာရှင်တစ်ဦးဖြစ်သူ ဆယ်လ်ဗီယာဘရောင်းနီးဟာ ယခုနှစ်အတွင်း ကမ္ဘာတစ်ခွင်လုံးမှာ ပြင်းထန်တဲ့အဆုတ်ရောင်ရောဂါဖြစ်ပွားမယ်ဆိုပြီးတော့ ကြိုတင်ဟောကြားချက်တွေ ထုတ်ဖူးပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ခုချိန် တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကလည်း ဖြစ်ပွားလာတဲ့အတွက် လူတော်တော်များများက ဘရောင်းနီးရဲ့ (၂၀၀၈) ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ “End of Days: Predictions and Prophecies About the End of the World” နဲ့ အခြားသော ကမ္ဘာ့ကပ်တွေအကြောင်း ကြိုတင်ဟောကြားချက်တွေကို ရှာဖွေဖတ်ရှုနေကြပါတယ်။

ဘရောင်းနီးက “သက္ကရာဇ် (၂၀၂၀) ၀န်းကျင်မှာ ပြင်းထန်တဲ့နမိုးနီးယားရောဂါတစ်မျိုးဟာ တစ်ကမ္ဘာလုံးကို ပြန့်နှံ့ပြီး အဆုတ်နဲ့ အဆုတ်ပြွတ်တွေကိုတိုက်ခိုက်ပြီး ရှိခဲ့ဖူးတဲ့ ဆေးကုသမှုမှန်သမျှကို ဆန့်ကျင်လိမ့်မယ်။ နားလည်ဖို့ခက်တာတစ်ခုက ဒီရောဂါဟာ ရောက်လာတာမြန်သလို ရုတ်တရတ်ကြီး ပျောက်သွားလိမ့်မယ်။ ပြီးတော့ နောင်ဆယ်နှစ်အကြာမှာ တစ်ခါထပ်ပေါ်လာပြီး နောက် လုံးဝအရှင်းပျောက်သွားလိမ့်မယ်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ဘရောင်းနီးဟာ အကြားအမြင်ဟောရာမှာ သူ့ကိုယ်သူ အလယ်အလတ်တန်းစားအဆင့်ရှိသူလို့ ဟောထားပြီး (၂၀၁၃) ခုနှစ်မှာတော့ သူမဟာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမဟောခဲ့တဲ့ End of Days စာအုပ်ဟာ အမေဇုန်ရဲ့ အရောင်းရဆုံး Non-fiction ၀တ္ထုစာအုပ်တွေထဲမှာ နံပတ်နှစ်နေရာရှိနေပါတယ်။ ဘရောင်းနီးဟာ အသက်ရှင်စဉ်တုန်းကလည်း Larry King Live နဲ့ Montel Williams Show တွေမှာ ပါဝင်ခဲ့ဖူးပါတယ်။

လက်ရှိ (၂၀၂၀) ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သူမခန့်မှန်းချက်တွေဟာ မှန်ကန်ခဲ့ပေမယ့် တချို့မမှန်ကန်တဲ့ ဟောကြားချက်တွေလည်း ရှိခဲ့ပါတယ်။ ဥပမာ ကလေးတွေပျောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သူမရဲ့ဟောကြားချက်ဟာ မှားယွင်းခဲ့တဲ့အတွက် ကလေးတွေရဲ့မိသားစုဝင်တွေကို မလိုအပ်တဲ့ ၀မ်းနည်းမှုဖြစ်စေတယ်ဆိုပြီး follower တွေက သူ့ကို စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် ဘရောင်းနီးဟာ သူမကိုယ်သူမ အသက် (၈၈) နှစ်ရောက်မှ သေဆုံးမယ်လို့ ဟောခဲ့ပေမယ့်လည်း သူမသေဆုံးတဲ့အချိန်ဟာ (၇၇) နှစ်ပဲ ရှိနေသေးကြောင်းလည်း insider သတင်းအရ သိရပါတယ်။

READ
ထီပေါက်တဲ့ ပိုက်ဆံတွေကြောင့် မိသားစုကိုပြန်သတ်ခဲ့တဲ့ အမျိုးသားအကြောင်း

လင်းလင်း (ShweMom)

SHARE