အပြင်မှာတကယ်ရှိနေတဲ့ ထူးထူးဆန်းဆန်း စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှူများ

အောက်ဘက်မှာ တွေ့ရှိရမှာတွေကတော့ သာမန်လူတွေအတွက် စိတ်ကူးထဲထည့်ဖို့တောင် ခဲယဉ်းနေတဲ့အရာတွေကို စွဲလမ်းနေကြတဲ့သူတွေ ဖြစ်ပါတယ်။ ဘာပဲပြောပြော လူ့အဖွဲ့အစည်းက မလုပ်သင့်ဘူး၊ မလုပ်အပ်ဘူးလို့ဆိုထားတဲ့ အရာတွေကိုမှ စွဲလမ်းနေကြတာဟာ တကယ်တော့ စိတ်မကျန်းမာမှူတစ်မျိုးသာ ဖြစ်ပါတယ်။ သူတို့ရဲ့ စွဲလမ်းမှူက သူတို့ကို ပျော်ရွှင်မှူနဲ့ စိတ်ကျေနပ်မှူပေးနိုင်တာကြောင့်လည်း ဒီလူတွေဟာ ထူးဆန်းလှတဲ့စွဲလမ်းမှူတွေကို မဖြေဖျောက်နိုင်တာ ဖြစ်ပါလိမ့်မယ်။

သွေးစုတ်ဖုတ်ကောင်လူသား

လူ့သွေးကို သောက်ရမှ အာသာပြေတဲ့ သွေးစုတ်ဖုတ်ကောင်လူသားဟာ အပြင်မှာ တကယ်ရှိပါတယ်။ သူမနာမည်ကတော့ ဂျူလီယာကေပယ်လ်စ်ပဲ ဖြစ်ပါတယ်။ သူမဟာ အသက်(၁၅) နှစ် ကတည်းကစလို့ ယခုအသက်(၄၅) နှစ်ရောက်တဲ့အထိ လတိုင်း သွေး() လီတာခန့်သောက်သုံးပါတယ်။ လူ့သွေးကို သောက်ပြီးတဲ့အခါတိုင်းမှာ သူမဟာ ပိုသန်မာပြီး ပိုကျန်းမာလာတယ်လို့လည်း ဆိုပါသေးတယ်။

ဖန်ခွက်သားစားရတာ စွဲလမ်းနေတဲ့ အမျိုးသား

အသက်(၂၇) နှစ်အရွယ် ဂျော့ရှ်အမည်ရတဲ့ လူတစ်ဦးဟာ တစ်ပတ်ကို () ကြိမ်ထက်မနည်း ဖန်ခွက်တွေကို စားသုံးလေ့ရှိပါတယ်။ လက်ရှိအချိန်ထိကို သူဟာ မီးလုံးပေါင်း(၂၅၀) ကျော်နဲ့ ဖန်ခွက်(၁၀၀) ကျော်ကို စားသောက်ခဲ့ပြီး ဖြစ်ပါတယ်။ ဂျော့ရှ်ဟာ ကျည်ဆံတွေကိုလည်း မြိုသေးတယ်လို့ သိရပါတယ်။

မွေ့ယာစားတဲ့ကောင်မလေး

ဂျနီဖာရဲ့ မွေ့ယာစားတဲ့ အလေ့အကျင့်ဟာ သူမအသက်() နှစ်အရွယ် အိမ်ကကားထဲမှာရှိတဲ့ ကားဆိုဖာကို စားရင်းကနေ စတင်ခဲ့တာပါ။ ထိုစွဲလန်းမှူစတင်ခဲ့ပြီးတဲ့နောက် သူမဟာ အခုဆိုရင် မွေ့ယာ() လုံးကိုတောင် စားခဲ့ပြီးဖြစ်ပါတယ်။ ဂျနီဖာရဲ့ အကိုကတော့ ညီမဖြစ်သူရဲ့ စွဲလန်းမှူနဲ့ပတ်သက်လို့ စိုးရိမ်နေကြောင်း သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်သာထဲမှာ ဂျနီဖာစားထားတဲ့မွေ့ယာအစအနတွေဟာ အစာကောင်းကောင်းမခြေနိုင်ပဲ ဒီတိုင်းထွက်လာတာကြောင့် သူမမိသားစုက စိတ်ပူနေတာ ဖြစ်ပါတယ်။

ရေဆင်းပေါက်ထဲက ဆံခြည်ထွေးတွေ ဆွဲထုတ်ရတာကို စွဲလမ်းနေတဲ့ အမျိုးသား

အီဗန်အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ အခုဆို အသက်(၃၀) ရှိပါပြီ။ ဒါပေမယ့် သူဟာ အသက်(၂၈) နှစ်အရွယ်ကတည်းက သာမန်လူတွေအဖို့ အော်ဂလီဆန်ချင်စရာကောင်းတဲ့အရာကို စွဲလမ်းနေခဲ့တာပါ။ အဲဒါကတော့ အိမ်ရေချိုးခန်းထဲ ရေဆင်းပေါက်ထဲမှာ ကပ်ညှိနေတဲ့ ဆံပင်ခြည်တွေကို လိုက်ကောက်တာပဲ ဖြစ်ပါတယ်။ အညိုရောင်ဆံပင်ရှည်တွေလည်း ဖြစ်မယ်၊ ချွဲလည်း ချွဲနေတယ်၊ ရေလည်းစိုနေတယ်ဆိုရင်တော့ သူအကြိုက်ဆုံးပါပဲလို့ အီဗန်က ဆိုပါတယ်။

ပျားတုပ်ခံရတာကို စွဲလမ်းနေတဲ့ အမျိုးသမီး

လူအများစုဟာ ပျားတုပ်ခံရမှာကို ကြောက်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ဦးကတော့ ပျားတုပ်ခံရတဲ့အရသာကို စွဲလန်းလျက် ရှိနေပါတယ်။ အခုဆိုရင် သူမဟာ အသက်(၅၀) အရွယ်ထဲမှာရှိပြီး အမည်ကတော့ မာဂရက်ဖြစ်ကြောင်း သိရပါတယ်။ မာဂရက်ဟာ သူမရဲ့ တံတောင်၊ တင်ပါး၊ တင်ပါးဆုံ၊ ခြေကျင်းဝတ်၊ လက်ချောင်း၊ နှဖူးနဲ့ နှာခေါင်း စတဲ့နေရာတွေအားလုံးမှာ ပျားအတုပ်ခံရပြီး ဖြစ်ပါတယ်။ သူမရဲ့ ဘယ်ဘက်တင်ပါးမှာဆိုရင် အကြိမ်(၁၅၂၀) ထိ ပျားတုပ်ခံဖူးပြီးဖြစ်တယ်လို့ ပြောပြပါတယ်။ မာဂရက်က သူမရဲ့ ပျားတုပ်ခံတာကို စွဲလမ်းတဲ့ အကျင့်ဟာ (၁၀) နှစ်လောက် ပျောက်သွားခဲ့ပြီး အခုမှ ပြန်ပေါ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လင်းလင်း (ShweMom)

SHARE