လူတွေလုပ်မှန်းမသိ လုပ်နေမိတဲ့ စိတ်ပညာဆိုင်ရာ အချက်အလက်များ

စာဖတ်သူက မကြာခဏဆိုသလို တခြားသူအတွက် တံခါးဖွင့်ပေးတာမျိုးတွေ လုပ်ဖူးပါသလား။ ဒါမှမဟုတ် ကားပါကင်ထိုးတဲ့အခါ တခြားလွတ်တဲ့နေရာတွေ အများကြီှးရှိရက်သားနဲ့ တစ်စီးတည်းဖြစ်နေတဲ့ ကားဘေးမှာ ပဲကပ်ပြီး ပါကင်ထိုးလေ့ရှိပါသလား။ ဒါတွေဟာ လူတွေစိတ်ထဲကနေ မသိမသာနဲ့ လုပ်မိကြတဲ့ အရာတွေ ဖြစ်ပါတယ်။ အောက်ဖက်မှာတော့ သိပ္ပံပညာရှင်တွေက ဆွေးနွေးပြထားတဲ့ လူတွေရဲ့ မသိစိတ်နဲ့ဆိုင်တဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

နေရာလွတ်တွေ အများကြီးရှိနေရက်နဲ့ တစ်စီးတည်းဖြစ်နေတဲ့ ကားဘေးမှာပါကင်ထိုးတယ်

depositphotos

ဒီအပြုအမူကတော့ လူသားတွေဟာ တစ်ဦးတစ်ယောက်တည်း ရှင်သန်လို့မရတဲ့ သတ္တ၀ါတွေ မဟုတ်တာကို ညွန်ပြနေပါတယ်။ လူတွေဟာ ပုံမှန်အခြေအနေ တစ်ခုမှာဆိုရင် လူအများက လုပ်ထားပြီးတဲ့ အစဉ်အလာအတိုင်း လိုက်လံဆောင်ရွက်လေ့ ရှိတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တခြားနေရာတွေ ရှိရက်နဲ့ စိတ်ထဲကနေ အလိုအလျောက် တစ်စီးတည်းဖြစ်နေတဲ့ ကားဘေးမှာ ပါကင်ထိုးမိတာ ဖြစ်ပါတယ်။

READ
ဥာဏ်ရည်မြင့်တဲ့သူတွေ တစ်ကိုယ်တည်းဘဝကိုပျော်ရွှင်ရတဲ့အကြောင်းရင်း

စကားပြောတဲ့အခါ လက်ဟန်ခြေဟန် ပါတယ်

Warner bros.

စကားပြောနေတဲ့အခါ ကိုယ်ကတစ်ခုခု ကိုင်မထားဘူး၊ အလုပ်လည်း လုပ်မနေဘူးဆိုရင် ပြောရင်းနဲ့ လက်တွေပါ အားပါပြီး လိုက်လံလှုပ်ရှားတတ်တာကို သတိပြုမိကြမှာပါ။ ကော်နဲလ်တက္ကသိုလ်က ပရော်ဖက်ဆာတစ်ဦးကတော့ စကားပြောရင်း ထိုသို့ပြုမူလိုက်တဲ့ ကိုယ်ဟန်အမူအရာဟာ ငှက်တွေနဲ့ လူသားတွေ အပါအ၀င် နို့တိုက်သတ္တ၀ါတွေရဲ့ဆင့်ကဲဖြစ်စဉ်တွေထဲက တစ်ခုဖြစ်ကြောင်း ဆိုပါတယ်။

နောက်ဆုံး ကျန်နေတဲ့ ပီဇာ၊ ဒိုးနပ်ပိုင်းတွေကို ယူလိုစိတ်မရှိဘူး

depositphotos

ဒီအချက်ကလည်း တော်တော်လေး ထူးဆန်းတဲ့ အချက်ဖြစ်ပါတယ်။ အမှန်ဆို ကုန်တော့မယ့် ပစ္စည်းတစ်ခုကို လိုချင်ရမှာ သဘာဝပဲဖြစ်ပါတယ်။ ဒါပေမယ့် စတန်းဖို့ဒ်သိပ္ပံပညာရှင်တွေပြုလုပ်တဲ့သုတေသနတစ်ခုမှာတော့ ကုမ္ပဏီကြီးတစ်ခုက လူတွေဟာ နောက်ဆုံးကျန်တဲ့ ပီဇာ၊ သို့မဟုတ် ဒိုးနပ်ကို မယူကြဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ယူခွင့် ရှိတယ်လို့ မခံစားမိတာကြောင့် ဖြစ်ကြောင်းသိရပါတယ်။

အမျိုးသားတွေဟာ အခြားသူနဲ့ ဘေးချင်းကပ်နေတဲ့ ကြွေအိုးထဲမှာ အပေါ့သွားလေ့မရှိဘူး

depositphotos

အများသုံးအိမ်သာတွေဟာ သန့်ရှင်းပါတယ် ဆိုရင်တောင် လူတွေသွားချင်ကြတဲ့ နေရာတွေ မဟုတ်ပါဘူး။ ဒီအချက်က လူတွေဟာ သူတို့ရဲ့ ပုဂ္ဂလနယ်ပယ်နဲ့ လုံခြုံစိတ်ချမှုကို ဘယ်လောက် အရေးထားတယ်ဆိုတာ ပြနေပါတယ်။ သူတစ်ပါးရဲ့ မျက်စိအောက်မှာ အိမ်သာအသုံး ပြုချင်စိတ် မရှိကြပါဘူး။ ဒါကြောင့် အမျိုးသားတွေဟာ အပေါ့သွားရာမှာတစ်ဦးနဲ့တစ်ဦး အနည်းငယ်စီခြားပြီး သွားကြတာဖြစ်ပါတယ်။

READ
ပါပူဝါ နယူးဂီနီနိုင်ငံမှ ကြောက်စရာခေါင်းဆောင်းနဲ့ ရွှံ့လူရိုင်းများ

ကိုယ်စိတ်ဝင်စားတဲ့သူဆီ ခြေဦးလှည့်ထားတတ်တယ်

Brightside

စကားပြောတဲ့အခါမှာ ခန္ဓာကိုယ် အနေအထားအပြင် ခြေထောက်တည်ပုံ အနေအထားကလည်း အရေးကြီးပါတယ်။ ကိုယ်စကားပြောတာ တစ်ဖက်လူ အမှန်တကယ် စိတ်ဝင်စားရဲ့လားဆိုတာကို သူ့ခြေထောက်တွေ ကြည့်ရင်သိနိုင်ပါတယ်။ကိုယ့်နဲ့စကားပြောနေသူဟာ ကိုယ့်ဆီကို ကိုယ်လုံးလှည့်ထားပေမယ့် ခြေထောက်တွေကတော့ ကိုယ့်ဆီ ဦးလှည့်ထားတာ မဟုတ်ဘူးဆိုရင် ကိုယ်ပြောနေတာကို သူစိတ်မ၀င်စားဘူးလို့ သိနိုင်ပါတယ်။

လင်းလင်း (ShweMom)

Ref: Brightside

SHARE