အခေါင်းထဲထည့်ပြီး အရှင်လတ်လတ် မြေမြှုပ်ပစ်တဲ့ စိတ်ရောဂါကုထုံးအသစ်

Mirror

သူကတော့ အသက်ရှင်ခြင်းကို တစ်ဖန်ပြန်ခံစားမိစေမယ့် စိတ်ရောဂါကုဆရာဝန်ပဲဖြစ်ပါတယ်။

Mirror

Andrey Zhelvetro ဟာ သူတာဝန်ယူ ကုသပေးနေတဲ့ လူနာတွေကို စိတ်ရောဂါကုထုံးနည်း အသစ်အတိုင်း မြေမမြှုပ်ခင် အခေါင်းထဲအရင်ဆုံး ထည့်ခဲ့ပါတယ်။

သူ့ရဲ့တမူထူးခြားတဲ့ စိတ်ရောဂါကုနည်းဟာ အစက လူမသိသူမသိပါ။ ဒါပေမယ့် စိတ်ရောဂါကုထုံးလုပ်ပြီး မြေမြှုပ်တဲ့ အခေါင်းတွေနဲ့ မြေတူးထားတာတွေကို အနီးကအနားကလူတွေမြင်လို့ ရဲတွေကိုသွားတိုင်ခဲ့ရာမှ ဟိုးလေးတကျော်ဖြစ်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ယူကရိန်း အမြောက်ပိုင်းမှာရှိတဲ့ Kiev မြို့အနီးက ရွာလေးတစ်ရွာမှာ ဖြစ်ပွားခဲ့တာပဲဖြစ်တယ်။

ဒီအမှုကို လူအများ စိတ်ဝင်စားလျက်ရှိတာကြောင့် အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လိုက်တဲ့အခါ ဆရာဝန် Zhelvetro ရဲ့လက်ချက်မှန်း ရှာတွေ့ခဲ့ပါတယ်။

Mirror

စစ်ဆေးမေးမြန်းလိုက်တဲ့အခါ Zhelvetro ဟ လူနာ (၁၂) ယောက်ကို စိတ်ရောဂါကုပေးဖို့အတွက် ထိုတောထဲသို့ခေါ်ကာ နှစ်နာရီကြာအောင် မြေမြှုပ်ခဲ့ပါတယ်။ သူ့ရဲ့အောင်မြင်တဲ့ကုထုံးကို ကြော်ငြာဖို့အတွက် Zhelvetro ဟာ ကုထုံးရဲ့ဖြစ်စဉ်အစအဆုံးကို ဗီဒီယိုရိုက်ကာ မှတ်တမ်းတင်ထား ပါသေးတယ်။

READ
Rich Kid တွေရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ အမြင်ကပ်လောက်အောင် ကြွားပုံကြွားနည်းများ

အခေါင်းမှာတော့ ပိုက်တစ်ခုနဲ့ သွယ်တန်းထားတာကို မြင်ရမှာပါ။ ဒါမှလည်း (၂) နာရီကြာတဲ့ ကုထုံးလုပ်နေစဉ် အခေါင်းထဲကလူက အသက်ရှူနိုင်မှာ ဖြစ်ပါတယ်။ ဆရာဝန် Zhelvetro က သူဒီကုထုံးကိုရှာတွေ့ခဲ့တာ နှစ်ချီနေပြီး စမ်းသပ်မှုအတွက် သူကိုယ်တိုင် စမ်းသပ်ခဲ့တာမို့ စိတ်ချယုံကြည်ရကြောင်း ပြောပါတယ်။

Mirror

Zhelvetro ရဲ့ ကုထုံးနဲ့ ကုသခံတဲ့ လူနာတစ်ယောက်ကတော့ သူဒီကုထုံးကို ပြုလုပ်ခဲ့ပြီး အခေါင်းထဲကထွက်လာတဲ့အချိန်မှာ တကယ်ကြီး လူသစ်တစ်ယောက်ကိုမျိုး စိတ်သစ်ကိုယ်သစ် ခံစားချက်ကြီးက ထူးဆန်းတယ်လို့ ဆိုပါတယ်။ ရဲတွေစုံစမ်းစစ်ဆေး ရသလောက်တော့ သူဟာ လူနာတွေကို အတင်းအဓမ္မ ကုစေခဲ့တာမျိုးလည်းမဟုတ်၊ ထိခိုက်ဒဏ်ရာမျိုးလည်းမရှိ၊ ပြစ်မှုကျူးလွန်တာမျိုးလည်းမဟုတ်တ့အတွက် Zhelvetro ကို အရေးယူလို့မရကြောင်း ပြောခဲ့ပါတယ်။

ဒီကုထုံးရဲ့ရည်ရွယ်ချက်ကတော့ အသက်ရှင်ရပ်တည်ရတာ ပင်ပန်းလို့လို့ စိတ်ကျရောဂါဖြစ်တဲ့လူတွေနဲ့ ကိုယ့်ကိုကိုယ်သတ်သေဖို့ အတွေးဝင်မိသူတွေအတွက် အသက်ရှင်ရတဲ့အဓိပ္ပါယ်ခံစားချက်ကို သိအောင် ကုပေးတာပဲဖြစ်ပါတယ်။

READ
တရုတ်စစ်တပ်ရဲ့အလှဆုံးစစ်သမီးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ မိန်းလှလေး
Mirror

ဒီအမှုရဲ့ ဗီဒီယိုကိုကြည့်ပြီး တကယ်လို့ အခေါင်းထဲထည့်ပြီး မြေမြှုပ်ခံထားရတဲ့လူက မြေမြှုပ်ပြီးနောက်ပိုင်း ရုတ်တရက်ကြောက်လန့်တကြားဖြစ်သွားခဲ့ရင်ဘယ်လိုလုပ်မလဲ၊ panic shock ရပြီးလည်း သေနိုင်တယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။ ဗီဒီယိုအောက်က comment ပေးထားတဲ့ လူတစ်ယောက်ကတော့ “ကျွန်တော်ဆိုကိုယ့်ကိုကိုယ် အသက်ရှင်နေရတာ ဘာကြောင့်လဲဆိုပြီး ပြန်မေးရလောက်အောင် ပင်ပန်းတဲ့အခါမျိုးကျ လေထီးခုန်လေ့ရှိတယ်” ဆိုပြီး အသက်အန္တရာယ်မှလွတ်မြောက်သွားတဲ့ ခံစားချက်ရအောင်လုပ်တာမှန်း ပြောပြခဲ့ပါတယ်။

Source: Mirror

Penny

SHARE