ကမ္ဘာ့လူကြိုက်အများဆုံးတင်သာမက ဝင်ငွေအများဆုံးဂိမ်းပါ ဖြစ်လာခဲ့တဲ့ PUBG

Rasdi Abdul Rahman / Shutterstock.com

PUBG မိုဘိုင်းဂိမ်းဟာ လက်ရှိကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးဂိမ်းဖြစ်ရုံသာမက ၀င်ငွေ အများဆုံးရရှိတဲ့ ဂိမ်းတစ်ခုဖြစ်လာခဲ့ပါပြီ။ လူပေါင်း သန်း (၁၀၀) ကျော် လစဉ် ဆော့ကစားနေတဲ့ ဒီ ဂိမ်းက ပြီးခဲ့တဲ့လမှာ  စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၆ သန်းကျော် ၀င်ငွေရှိခဲ့တယ်လို့ The Financial Times ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Tencent

ပလေယာတွေ ဂိမ်းနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေ၊ skins တွေ ၀ယ်ယူတာကနေတင်မဟုတ်ဘဲ တရုတ်နိုင်ငံအတွက် သီးသန့် ထုတ်လုပ်ပေးထားတဲ့ Game For Peace ကနေလည်း ၀င်ငွေတွေ ရရှိနေပါတယ်။ Tencent ကုမ္ပဏီဟာ Game For Peace အတွက် ပြီးခဲ့တဲ့လမှ ဒေါ်လာ ၇၆ သန်း ရရှိခဲ့ပါတယ်။

Rasdi Abdul Rahman / Shutterstock.com

PUBG ဆော့ကစားတာနဲ့ ဆက်စပ်ပြီးဖြစ်လာတဲ့ ဆိုးရွားတဲ့ ကိစ္စတွေလည်းရှိတာကြောင့် တရုတ်အစိုးအရဟာ တရားဝင် စီးပွားဖြစ် ဂိမ်းလိုင်စင်ကို ထုတ်မပေးခဲ့တဲ့အတွက် Tencent ကုမ္ပဏီက Game For Peace ဆိုပြီး နာမည်တစ်မျိုးနဲ့ ပြီးခဲ့တဲ့ မေလက အစားထိုးခဲ့ပါတယ်။ ဂိမ်းထဲမှာ သေသွားတဲ့အခါ သွေးအိုင်ထဲလဲနေတဲ့ ပုံစံမဟုတ်ဘဲ ပလေယာဟာ ထပြီး နှုတ်ဆက်တာ့တာပြသွားတဲ့ ပုံစံဖန်တီးထားပါတယ်။

Game For Peace ဟာ မျိုးချစ်စိတ်နဲ့ ဖော်ကျူးတဲ့ အပြင်အဆင်၊ သွေးထွက်သံယိုနည်းတဲ့ ဆက်တင်တွေနဲ့ ဂိမ်းဖြစ်တယ်။ ဒီလိုပြောင်းလဲဖန်တီးရတာတွေကြောင့် လက်ရှိ တရုတ်မှာ ဂိမ်းကုမ္ပဏီတော်တော်များများ အဲ့ဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဂိမ်းနာမည်ကအစ အစိုးရရဲ့ ပေါ်လစိနဲ့ မငြိအောင် ရှောင်နေကြရပါတယ်။

READ
Android Phones တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်နည်း

တရုတ်အစိုးရက ဗီဒီယို ဂိမ်းလိုင်စ်အသစ်တွေ ထုတ်ပေးတာကို ဖေဖော်ဝါရီလကတည်းက ရပ်ပစ်ခဲ့တာဖြစ်ပါတယ်။ ကျန်နေခဲ့တဲ့ ဂိမ်းတွေဟာလည်း အချိန်အကန့်အသတ် ဘယ်လောက်နဲ့ ဆော့ကစားရမယ်ဆိုတာတွေကို ဖော်ပြပေးထားရတဲ့ ဂိမ်းတွေဖြစ်ပါတယ်။ ဒါတောင်မာ PUBG ရဲ့ နောက်နာမည်အသစ်နဲ့ တရုတ်ဈေးကွက်သီးသန့် Game For Peace ဂိမ်းဟာ လက်ရှိမှာ  လစဉ် ဒေါ်လာ ၁၂၅ သန်းဝင်ငွေ ရှိနေတဲ့ Honor of Kings ကို ကျော်တက်ပြီး PUBG ဟာ ၁၄၆ သန်းနဲ့ ဈေးကွက်မှာ ဦးဆောင်နေကြောင်း ဖော်ပြလိုက်ရပါတယ်။

Matthew (ShweMOM)

SHARE