ကစားတာကြာနေပြီဆို အကြောင်းကြားမယ့်စနစ် PUBG ဗာရှင်းအသစ်မှာ ပါဝင်လာမယ်

Tencent ကုမ္ပဏီဟာ ပိုကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ PUBG မိုဘိုင်းဗာရှင်းမှာ Gameplay Management ဆိုတဲ့ စစ်စတမ်အသစ်ကို ထည့်သွင်းလိုက်ပြီလို့ သိရပါတယ်။ ဒါဟာ ၁၈ နှစ်အောက်တွေကို အဓိက ရည်ရွယ်ပြီး ဂိမ်းကစားချိန်ကြာလာပြီဆိုရင် ၄င်းတို့အနေနဲ့ အနားယူဖို့လိုနေပြီဆိုတာကို pop-up နိုတီနဲ့ သတိပေးမှာ ဖြစ်ပါတယ်။

ဒီ စစ်စတမ်အသစ်ကို အင်ဒိုနီးရှား၊ အိန္ဒိယ၊ နီပေါ၊ ယူအေအီး၊ ကာတာ၊ ကူဝိတ်၊ အီရတ်၊ ဆော်ဒီ အာရေဗျနဲ့ အီဂျစ်နိုင်ငံတွေမှာ စတင်လည်ပတ်နေပြီဖြစ်ပါတယ်။ တခြားနေရာတွေမှာလည်း မကြာခင် ပြောင်းလဲပြင်ဆင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒီလိုမျိုး စစ်စတမ်တွေပါဝင်လာတာ မိုဘိုင်းဂိမ်းထဲမှာဆို PUBG က ပထမဆုံးဖြစ်ပါတယ်။ မျှတမှုကို တည်ဆောက်ဖို့၊ အွန်လိုင်းဂိမ်းရဲ့ ဂေဟစနစ် အဓွန့်ရှည်ဖို့နဲ့ ပိုကောင်း ပိုသာယာတဲ့ ဂိမ်း နယ်ပယ်၊ ပတ်ဝန်းကျင်အတွက် အထောက်အပံ့ဖြစ်စေဖို့ အခုလို ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း Tencent က ထုတ်ပြန်ထားပါတယ်။ တချို့သော နိုင်ငံတွေမှာ ဂိမ်းကြောင့် ပညာရေးထိခိုက်တယ်၊ လူငယ်တွေရဲ့ စာရိတ္တပိုင်း ယို့ယွင်းလာစေတယ်ဆိုတဲ့ အချက်တွေကို ကုမ္ပဏီဘက်ကဖြေရှင်းဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။

READ
ပေါင်မုန့်တစ်ချပ်ခန့်ပဲ ထူတဲ့ LG ရဲ့ တီဗီကို CES 2017 မှာ ပြသခဲ့

PUBG ဂိမ်းဟာ လူမှုရေး၊ ပညာရေး စတဲ့ ကဏ္ဍများစွာနဲ့ အံဝင်ခွင်ကျရှိအောင် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အချိန်တစ်ခု သတ်မှတ်ထားပြီး အဲ့ဒါထက် ကျော်လွန်စွာ ဆော့ကစားနေတယ်ဆိုရင် အကြောင်းကြားစာ ရောက်လာမယ့် စစ်စတမ်ကို အခုဆို စတင်ပြုနေပါပြီ။

ကွန်ပျူတာဗားရှင်းမှာတော့ အခုလိုမျိုး စစ်စတမ်ကို ထည့်သွင်း အသုံးပြုဖို့နဲ့ ပတ်သက်ပြီးတော့ ဘာမှပြောတာမတွေ့ရသေးပါဘူး။ တရုတ်နိုင်ငံမှာတော့ သိပ်မကြာသေးခင်ကပဲ Tencent က ဂိမ်းကို ဖျက်သိမ်းလိုက်ကာ ပို အစိမ်းသက်သက်နိုင်ပြီး မျိုးချစ်စိတ်ကို ဖော်ကျူးထားတဲ့ “Game for Peace” ဗားရှင်းနဲ့ အစားထိုးခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

Ref: gamespot

Matthew (ShweMOM)
SHARE