တရုတ်ပြည်မှာ PUBG တရားဝင်ခွင့်ပြုခံရအောင် နည်းလမ်းတစ်မျိုးသုံးခဲ့ရတဲ့ Tencent ကုမ္ပဏီ

တရုတ်နိုင်ငံမှာတော့ PUBG လို့ လူသိများတဲ့ “PlayerUnknown’s Battlegrounds” ဂိမ်းဟာ အခြားနိုင်ငံများနည်းတူ လူကစားများကြပေမယ့် တရုတ်အစိုးရဆီကနေ တရားဝင်ဂိမ်းအဖြစ် ခွင့်ပြုမိန့်မရရှိသေးပါဘူး။ PUBG ကို ပိုင်တဲ့ ဂိမ်းကုမ္ပဏီ Tencent ဟာ တရုတ်ပြည်တွင်းမှာ PUBG နဲ့ ဝင်ငွေမရနိုင်သေးတဲ့ ဂိမ်းစမ်းသပ်ကာလချည်းပဲ (၁)နှစ်ကြာခဲ့ပါတယ်။

Bluehole

ယခုမေလ ၈ ရက်နေ့မှာတော့ Tencent ဟာ တရုတ်မှာ PUBG ဂိမ်းကို ရပ်တန့်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒီသတင်းဟာ တရုတ်မှာရှိတဲ့ PUBG ဆော့သူတွေကို အတော်ထိတ်လန့်သွားစေခဲ့ပါတယ်။ တကယ်တော့ ကုမ္ပဏီက တရုတ်အစိုးရဆီကနေ တရားဝင်ခွင့်ပြုချက် ရရှိအောင် တခြားနည်းလမ်း ပြောင်းသုံးခဲ့တာပါ။

ကုမ္ပဏီရဲ့ Weibo အကောင့်မှာတော့ Tencent ဟာ တရုတ်မှာ PUBG ကို ရပ်လိုက်တော့မှာ ဖြစ်ပြီး “Game for Peace” ဆိုတဲ့ ဂိမ်းကို ပြောင်းလဲဆော့ကစားစေမှာ ဖြစ်ကြောင်း တင်ခဲ့ပါတယ်။ “Game for Peace” ဟာ အကြမ်းဖက်မှု မပါတဲ့ PUBG ရဲ့ ဗားရှင်းအသစ်လို့ ဆိုရနိုင်ပါတယ်။

READ
SpaceX ပိုင်ရှင် အီလွန် မတ်စ် က လကမ္ဘာသို့ သာမန်အရပ်သား ၂ ဦးကိုအပန်းဖြေခရီးပို့ဖို့စီစဉ်
Weibo/ Game for Peace

တကယ်တော့ တရုတ်အစိုးရက PUBG ကို အကြမ်းဖက်မှုတွေ ပါဝင်နေလို့ တစ်နှစ်တိုင်အောင် တရားဝင်ခွင့်ပြုဖို့ ဆိုင်းငံ့ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီအချက်ကို နားလည်သွားခဲ့တဲ့ Tencent က တရုတ်နိုင်ငံအတွက် “Game for Peace” ကို ဖန်တီးဖြစ်ခဲ့တာပါ။ “Game for Peace” ဟာ တရုတ်အစိုးရရဲ့ တရားဝင်ခွင့်ပြုချက်ကို ၂၀၁၉ ဧပြီလက စရခဲ့ပါတယ်။

Bluehole

Tencent ကုမ္ပဏီကတော့ “Game for Peace” က တရုတ်လေတပ်ကို ဂုဏ်ပြုဖန်တီးထားတဲ့ ဂိမ်းဖြစ်ကြောင်းလည်း ဝက်ဘ်ဆိုဒ်တစ်ခုမှာ ဖော်ပြထားပါသေးတယ်။ တရုတ်နိုင်ငံက ဂိမ်းဈေးကွက်ပညာရှင် Cui Chenyu ကတော့ “Game for Peace” ဟာ PUBG နဲ့ သိပ်တူတယ်လို့ ပြောထားပါတယ်။ “အကုန်နီးပါး တူတူပဲ။ ဂိမ်းပုံစံ၊ နောက်ခံ၊ ဂရက်ဖစ်ဒီဇိုင်းတွေ၊ ကာရိုက်တာတွေ အားလုံးအတူတူနီးပါးပဲ” လို့ Cui Chenyu က သုံးသပ်ခဲ့ပါတယ်။

READ
Facebookသုံးခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ
Bluehole

တရုတ်က PUBG ကစားသူတွေက “Game for Peace” ဂိမ်းကို PUBG ID နဲ့ ပြန်ဝင်လိုက်ရင် PUBG တုန်းက level အတိုင်း ပြန်ရတယ်လို့ သိရပါတယ်။ PUBG ကနေ “Game for Peace” ပြောင်းဆော့နေသူတွေရဲ့ ကောမန့်တွေကတော့ Tencent ရဲ့ Weibo အကောင့်အောက်မှာ ဂိမ်းနှစ်ခု ခြားနားသွားပုံနဲ့ ပတ်သက်လို့ မှတ်ချက်မျိုးစုံ ပေးထားကြပါသေးတယ်။

တစ်ယောက်ကတော့ “ငါ ရယ်ရလို့ သေတာ့မယ်ဟာ” ဆိုပြီး နောက်တစ်ယောက်ဆိုရင် “အပစ်ခံရလို့ သေရင် သွေးမထွက်တော့ဘူးလေ၊ သေသွားတဲ့ ကာရိုက်တာက ထလာပြီး တာ့တာပြနှုတ်ဆက်တာတောင် လုပ်သွားသေးတယ်” ကောမန့်တွေက စသဖြင့်ပါပဲ။

PUBG ရဲ့ မူလအစကတော့ တောင်ကိုရီးယား Krafton (Bluehole) ကုမ္ပဏီက ထုတ်တဲ့ ကွန်ပြူတာဂိမ်းဖြစ်ပါတယ်။ထိုဂိမ်းကို တရုတ်ရဲ့ Tencent ကနေ လိုင်စင်ဝယ်ပြီး မိုဘိုင်းဂိမ်းအဖြစ် အသက်သွင်းခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးမှာ ဝင်ငွေအကောင်းဆုံး မိုဘိုင်းဂိမ်းလည်း ဖြစ်ခဲ့ပါတယ်။

Ref: Reuters

SHARE