ချစ်တာတော့ ချစ်ပါ … ပတ်ဝန်းကျင်ကိုလည်း အားနာပါ

နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့အညီ လူအများလက်ခံကျင့်သုံးနေကြတဲ့ လူမှုရေးယဉ်ကျေးမှုတွေ ရှိကြပါ
တယ်။ ဒီယဉ်ကျေးမှုတွေကို ဥပဒေအရ ထုတ်ပြန်ထားတာမျိုးလည်း ရှိသလို၊ ဥပဒေအနေနဲ့ ထုတ်ပြန်ထားခြင်း မရှိပေမယ့် အလိုက်တသိနဲ့ လိုက်လံကျင့်သုံးရတဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း ရှိပါတယ်။

တစ်လောက Shwemom ကနေ တင်ဆက်ခဲ့တဲ့ သတင်းတစ်ပုဒ်မှာ ဗြိတိန်တော်ဝင်မင်းသား ဟာရီနဲ့ ကြင်ယာတော် ကိတ်တို့ဟာ လူမြင်ကွင်ကို ထွက်တဲ့အခါတိုင်း တစ်ယောက်ကိုတစ်ယောက် လက်ဆွဲနေခြင်း၊ ဖက်ရမ်း နမ်းရှုပ်နေခြင်း၊ အစားအစာ စသည်တို့ ခွံ့ကျွေးနေခြင်းမျိုး တွေ့ရခဲတယ်ဆိုတဲ့ သတင်းလေးကို ဖတ်မိခဲ့ပါတယ်။

ကောက်ချက်ချသူတစ်ယောက်ဟာ တော်ဝင်မျိုးနွယ်များမို့ တော်ဝင်စည်းကမ်းတွေအရ လူမြင်ကွင်မှာ လက်ဆွဲနေခြင်း၊
ဖက်ရမ်း နမ်းရှုပ်နေခြင်း၊ အစားအစာ စသည်တို့ ခွံ့ကျွေးနေခြင်းမျိုး မပြုလုပ်ရဘူးလို့ သတ်မှတ်ထားတာမျိုး မရှိကြောင်း၊ ဒါပေမယ့် မင်းသားနဲ့ ကြင်ယာတော်ဟာ လူကြီး လူကောင်းများပီပီ PDA ကို လေးစားလိုက်နာခြင်း ဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။

READ
အေးတဲ့အခန်းမှာ အိပ်စက်ခြင်းက မြန်မြန်အိပ်ပျော်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်

PDA ဆိုတာ ဘာလဲ ?

PDA ဆိုတာက Public displays of affection ကို ဆိုလိုတာပါ။ အဓိပ္ပါယ်ကတော့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ပန်းခြံ၊ ကျောင်း၊ ပွဲတော် စတဲ့နေရာတွေမှာ အများပြည်သူအမြင်နဲ့ မသင့်တော်တဲ့ ကိုယ်အမူအယာ၊ နှုတ်အမူအယာတွေ မပြုမူမိအောင် ရှောင်ရှားခြင်းပါဘဲ။ ဒီလို ရှောင်တဲ့သူရယ်လို့ အခြားနိုင်ငံတွေမှာလည်း အတော်နည်းပါးကြပါတယ်။

တစ်ချို့က ကိုယ့်ရဲ့ အပြုအမူဟာ ပတ်ဝန်းကျင်ကို စိတ်အနှောက်အယှက် ဖြစ်စေမှန်း၊ ဘယ်တုန်းကမှ မစဉ်းစားကြပါဘူး။ နိုင်ငံခြားမှာလည်း ဒီလိုလူတွေ ရှိပါတယ်။ များသောအားဖြင့်တော့ PDA ကို ချိုးဖောက်တာက ချစ်သူစုံတွဲတွေလို့ စစ်တမ်းတစ်ရပ်က ဆိုပါတယ်။

လူမြင်ကွင်းမှာ အနမ်းကြမ်းကြမ်းတွေ ပေးတာ၊ ဘက်စ်ကားပေါ်ကဲ့သို့သော နေရာတွေမှာ ပက်ချွဲနှပ်ချွဲနဲ့ မခွဲနိုင်မခွာရက်
ဖက်နေတာ၊ စာသင်ခန်းတွေ၊ ကျောင်းတွေဆိုတာကိုတောင် မမြင်တော့ဘဲ၊ မလုပ်သင့်မလုပ်အပ်တဲ့ အရာတွေ လုပ်နေတာမျိုးတွေဟာ အလွန်ဆိုးဝါးတဲ့ အပြုအမူတွေပါဘဲ။

READ
ကမ္ဘာပေါ်မှာ ခန္ဓာကိုယ်ကောက်ကြောင်းအလှဆုံးအမျိုးသမီး (၁၀)ဦး

ဒီလိုအပြုအမူတွေဟာ အချစ်စိတ်နဲ့ မွှန်ထူနေလို့ ပြုလုပ်သူတွေက ပတ်ဝန်းကျင်ကို သတိမထားမိပေမယ့် မြင်ရသူတွေ အဖို့မှာတော့ အတော်လေးကို နှာခေါင်းရှုံ့စရာ ကိစ္စရပ်ပါ။ တစ်ချို့က ဘာသာရေးနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာတောင် မရှောင်နိုင်အောင်အထိ မိုးမွှန်နေတာတွေဟာ အလွန်စိတ်ပျက် စရာပါဘဲ။

ဒါတွေ လုပ်တော့ ဘာဖြစ်သလဲ … ဘာမှ မဖြစ်ပါ။ ဒါပေမယ့် ကျောင်းကဲ့သို့လို အစိုးရပိုင်နေရာမျိုး/ သာသနာ့ဝတ္တကမြေလို နေရာမျိုးမှာ သောက်စားမူးယစ်ခြင်း၊ ချစ်တင်းနှောခြင်းဟာ ဥပဒေအရ အရေးယူလို့ရတဲ့ သို့မဟုတ် ကျောင်းစည်းကမ်းအရ အရေးယူလိုရတဲ့ အပြစ်တွေဆိုတာကိုတော့ သိစေချင်ပါတယ်။ အခုဆောင်းပါးမှာ ရည်ရွယ်တာက PDA ကို စောင့်ထိန်းသင့်တဲ့အရာ၊ စောင့်ထိန်းရမယ့်အရာဖြစ်ကြောင်းကို မသိတဲ့သူတွေ သိသွားစေဖို့သာ ရည်ရွယ်ပါကြောင်း။

နတ်စည်တော် (Shwemom)

SHARE