နယူးယောက်မြို့ရဲ့ မြို့သူ မြို့သားတွေ ဒေါသတွေကို ဖြေလျှော့နိုင်ဖို့ စီစဉ်ပေးထားမှုများ

ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကနေ ၂၂ ရက်နေ့ အထိ နယူးယောက်ခ့်မြို့မှာ New York City Design Week 2019 ကို ကျင်းပခဲ့ပါတယ်။ ရာနဲ့ချီတဲ့ အနုပညာရှင်တွေ၊ ဒီဇိုင်နာတွေဟာ မြို့အနှံ့မှာ ထွက်ပေါ်လာပြီး ၄င်းတို့ရဲ့ လက်မှုအလုပ်တွေကို ပြသခဲ့ကြတယ်။

များစွာသော အခမ်းအနားတွေ၊ ပြပွဲတွေနဲ့ ပြင်ဆင် ခြယ်မှုတွေကို ကြည့်ရှုဖို့ ပရိသတ် ထောင်ပေါင်းများစွာကလည်း တက်ရောက်ခဲ့ကြတယ်။ ကြိုတင် ချမှတ်ထားတဲ့နေရာတွေဖြစ်တဲ့ ပန်းခြံတွေ၊ ပြခန်းတွေမှာ အနုပညာလက်ရာတွေ၊ ဒီဇိုင်းတွေကို ပြသခဲ့တယ်။ တစ်ချို့ဆို မထင်ထားတဲ့ နေရာတွေမှာ ပြသထားတာကို တွေ့ရပါတယ်။

studio_dtttww
studio_dtttww

အဲ့ဒီ့ပြပွဲမှာ အများပြည်သူသုံး ပစ္စည်းတွေနဲ့ လူတွေရဲ့ စိတ်ခံစားမှုတွေ ဘယ်လိုပတ်သက်နေသလဲဆိုတာကို  ဖော်ပြချင်တဲ့ စိတ်ကူးနဲ့ Public Punching Bags ဆိုတဲ့ ပရောဂျက်တစ်ခုကို donttakethisthewrongway ဆိုတဲ့ studio ကစီစဉ်ခဲ့ပါတယ်။ အများပြည်သူသွားလာရာ အရပ်တွေက ထင်သာ မြင်သာရှိတဲ့ မီးတိုင်တွေ၊ ဓာတ်တိုင်တွေမှာ အ၀ါရောင် လက်ဝှေ့အိတ် သဘောမျိုး အိတ်တွေကို ပြီးခဲ့တဲ့လက Manhattan မြို့နယ်မှာစတင် တပ်ဆင်ခဲ့တာဖြစ်ပါတယ်။

READ
အန္တရာယ်သတိပေးစာပေါ်မှာ လက်မှတ်ထိုးပြီးမှ စားခွင့်ရမယ့် ရေခဲမုန့်တစ်မျိုး
studio_dtttww
persnicketyfox

အိတ်တွေဟာ လူတွေရဲ့ စိတ်ခံစားချက်တွေကို ဖွင့်ထုတ်နိုင်ဖို့အတွက် ရည်ရွယ်ခဲ့တာဖြစ်တယ်။ ဖန်တီးတဲ့ အဖွဲ့က အများသုံး ပစ္စည်းတွေနဲ့  ပုဂ္ဂိုလ်ရေး ခံစားမှုတွေကြား လူတွေအနေနဲ့ ကိုင်တွယ်ဖြေရှင်းရာမှာ အကောင်းဆုံးနည်းလမ်းကို ဖွေရှာနိုင်ဖို့ ဒီ ပရောဂျက်က အထောက်အကူပေးနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ လူတွေကလည်း တစ်ခုခုဆို နီးစပ်ရာမှာ ဖောက်ခွဲလိုက်တတ်တဲ့ အကျင့်လေးတွေက ရှိတတ်တာကိုး….။

persnicketyfox
cgbam4789
plat4om

ဒီလို တပ်ဆင်ထားမှုအပေါ် အသုံးချခွင့် ရလိုက်တဲ့ အမျိုးသမီးတစ်ယောက်ကတော့ သူမရဲ့ အင်စတာဂရမ်ပေါ်မှာ သူမရဲ့ အတွေးနဲ့ အတွေ့အကြုံကို ပြန်လည် ဝေမျှခဲ့ပါတယ်။ သူမက ဒါနဲ့ ပတ်သက်လို့ ဘယ်သူ့ကို ကျေးဇူုးတင်ရမှန်းမသိကြောင်း၊ Public punching bag တွေ များများလိုအပ်ကြောင်း သူမပုံမှာ စာထိုးထားတာတွေ့ရပါတယ်။

donttakethisthewrongway

Matthew (ShweMOM)

SHARE