Gamer တွေအတွက် သီးသန့်ထုတ်လုပ်လိုက်တဲ့ Puma ရဲ့ အားကစားဖိနပ်အသစ်

Puma.com

Pumaဘက်ကနေပြီးတော့ ပြီးခဲ့တဲ့ဒီဇင်ဘာလ၁၈ရက်နေ့မှာ အားကစားဖိနပ်အသစ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။ဒီPumaဖိနပ်အသစ်ကတော့ Gamerတွေအတွက် အထူးသီးသန့်ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

ဒီဖိနပ်ရဲ့ပုံစံကတော့ အားကစားဖိနပ်နဲ့တောင်မတူဘဲ ခြေအိပ်ပုံစံနဲ့တောင် ဆင်နေပါသေးတယ်။ဒါပေမယ့် ကုမ္ပဏီဘက်ကနေပြီးတော့ ဒီဖိနပ်ဟာ စီးလိုက်ရင် ဖိနပ်နဲ့မတူအောင် သက်တောင့်သက်သာရှိလွန်းပြီး ဂိမ်းကစားတဲ့သူတွေအဖို့ အထူးသင့်လျော်တဲ့ဖိနပ်ဖြစ်ကြောင်း အာမခံခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဖိနပ်ကိုတောင် AGF( Active Gaming Footwear)လို့တောင် နာမည်ပေးထားပါသေးတယ်။

Twitter/NoMattShaw
Puma.com

Pumaရဲ့ game and digital marketingရဲ့ ခေါင်းတစ်ဦးဖြစ်တဲ့ Matt Shawကလည်း ” ကျွန်တော်တို့ Pumaကနေပြီးတော့ ဂိမ်းကစားဖို့အတွက်ခုံတွေ ထုတ်လုပ်ခဲ့တဲ့အပြင် အခုလည်း gamerတွေအတွက် သီးသန့် ဖိနပ်ကို ထုတ်ခဲ့ပါတယ်။ဒီAGFဟာဆိုရင်လည်း ဂိမိးကစားတဲ့သတွေ၊အထူးသဖြင့် စခန်းသွင်းပြီး လေ့ကျင့်ရတဲ့သူတွေ သက်တောင့်သက်သာရှိဖို့ ရည်ရွယ်ပြီး ထုတ်ခဲ့တာဖြစ်ပါတယ်။

ဒီဖိနပ်ဟာ အခုဆိုရင်တော့ US မှာတော့ တရားဝင် မထွက်ရှိသေးပါဘူး။ UKဖက်မှာဆိုရင်တော့ ဖိနပ်တစ်ရံကို လက်လီဈေး စတာလင်ပေါင် (၈၀) ၊ Australia မှာဆိုရင်တော့ တစ်ရံကို အမေရိကန်ဒေါ်လာ (၁၀၅) လို့ ဈေးနှုန်းသတ်မှတ်ထားပါတယ်။

Pyi Hein Kyaw

SHARE