ရွှေရောင်နှလုံးသားပိုင်ရှင်တွေအဖြစ် အွန်လိုင်းပေါ်တင်စားခံနေရတဲ့ အိန္ဒိယရဲသားကြီးများ

capt_amarinder

အိန္ဒိယနိုင်ငံမှာ COVID-19 ရောဂါဖြစ်ပွားသူဦးရေ (၅၆၂) ဦးရှိပါပြီ။ ကူးစက်ခံရသူတွေထဲမှာ နိုင်ငံခြားသား (၄၃) ဦးနဲ့ အိန္ဒိယလူမျိုး (၅၁၉) ဦး ပါဝင်ပါတယ်။ ဒီထဲကမှ လူ (၄၁) ဦးတို့ဟာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီး (၉) ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း Financial Express သတင်းက ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ၀န်ကြီးချုပ်မိုဒိကတော့ တစ်နိုင်ငံလုံးကို အရေးကြီးအကြောင်းကိစ္စမရှိပဲ အပြင်မထွက်ရတဲ့ lockdown အစီအမံကို (၂၁) ရက်တာ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ပြည်သူတွေကတော့ အိမ်ထဲမှာ နေနိုင်ပေမယ့် ရဲတွေကတော့ မနေရပါဘူး။ အိန္ဒိယရဲတွေဟာ ဆက်လက်အလုပ်လုပ်နေရပြီး အရေးကြီးကိစ္စမရှိပဲ အပြင်ထွက်လာတဲ့ ပြည်သူတွေကို အိမ်ပြန်ခိုင်းဖို့ လုံးပမ်းနေရပါတယ်။ ဒါတင်မကသေးပါဘူး။ အပြင်မှာ တကယ်အကူအညီလိုအပ်နေတဲ့သူတွေကိုလည်း အိန္ဒိယရဲတွေက ကူညီနေခဲ့တာကို အခုလို တွေ့ရမှာပါ။

Storypick သတင်းအရ ပွန်ဂျက်ဘ်ပြည်နယ်က ရဲတွေဟာ အသက်ကြီးကြီး ကုန်စိမ်းရောင်းသမားကြီးတစ်ယောက်ဆီက ကုန်စိမ်းတွေကို အားလုံးဝယ်ယူခဲ့တယ်ဆိုပါတယ်။ အကြောင်းရင်းကတော့ ကုန်စိမ်းသည်ကြီးကို အိမ်မြန်မြန်ပြန်လွှတ်လို့ရအောင်ပါ။ ဒါ့အပြင် ထိုကုန်စိမ်းရောင်းသူအမျိုးသားကြီး မထွက်သွားခင်မှာလည်း လက်ကို လက်သန့်ဆေးရည်တွေနဲ့ သန့်ရှင်းရေးလုပ်ခိုင်းခဲ့ကြောင်းလည်း သိရပါတယ်။

READ
ရောဂါသည်သားလေးကို ပင့်ကူလူသားအသွင်ပြောင်းပြီး နှစ်သိမ့်ပေးနေတဲ့ ဖခင်ရဲ့မေတ္တာ

ပြီးနောက်မှာတော့ ရဲတွေဟာ ကုန်စိမ်းသည်အဖိုးဆီက၀ယ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ငွေကြေးချို့တဲ့သူတွေနဲ့ ကလေးငယ်တွေဆီ တဆင့် ပြန်လည်လှူဒါန်းခဲ့ပါတယ်။ ခုလို ခက်ခဲတဲ့ အချိန်မှာ ပွန်ဂျက်ဘ်ရဲသားကြီးတွေရဲ့ အခုလို ကျေနပ်နှစ်သိမ့်ဖွယ် လူသားဆန်တဲ့ အပြုအမူကြောင့် အိန္ဒိယပြည်သူတွေက ကျေးဇူးတင်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE