တရုတ်နိုင်ငံရဲ့ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Douyin မှာ ဗီဒီယိုတစ်ခုတော်တော်လေး နာမည်ကြီးနေခဲ့ပါတယ်။ အဲဒါကတော့ စာမေးပွဲဖြေတဲ့အခန်းထဲကို ခွင့်ပြုချက်မရှိဘဲ အတင်းဝင်ရောက်လာတဲ့ ခွေးပေါက်လေးအကြောင်းပါ။
ကျောင်းဆောင်ထဲ ခွေးလေးက ဘယ်လိုရောက်လာသလဲဆိုတော့ ကျောင်းသားတွေကြောင့်ပါတဲ့လေ။ အခုလို ဆောင်းတွင်းကာလဖြစ်နေတဲ့အတွက်ကြောင့် တရုတ်နိုင်ငံမှာတော့ တော်တော်လေးကို အေးနေပါပြီ။ ကျောင်းဆောင်အပြင်ဖက်မှာ ခွေးလေးနှစ်ကောင် ပေါက်နေခဲ့ပြီးတော့ သူလေးတွေရဲ့ အမေကြီးကိုတော့ မတွေ့တာ တော်တော်ကြာနေပါပြီတဲ့။

အဲဒါကြောင့် ခွေးလေးနှစ်ကောင်ကို ကျောင်းသားတွေကပဲ အဆောင်ထဲသွင်းကာ အခန်းလွတ်တစ်ခုထဲမှာ ထားထားခဲ့ပါတယ်တဲ့။ နောက် ရက်အနည်းငယ်လောက်အကြာမှာတော့ ကျောင်းသားတွေ စာမေးပွဲဖြေရပါတော့တယ်။ စာမေးပွဲဖြေနေတုန်းရုတ်တရက်ဆိုသလို အခန်းထဲကို မမျှော်လင့်ထားတဲ့ ဧည့်သည်လေးတစ်ယောက် ရောက်လာခဲ့ပါတယ်။
အခန်းထဲ လုံးလုံး၊ လုံးလုံးနဲ့ဝင်လာပြီး မတ်တပ်ရပ်နေတဲ့ အခန်းစောင့်ဆရာမလေးဆီကို တန်းတန်းမတ်မတ်သွားပြီးတော့ အမြီးလေးနှံ့ကာ ဆော့ဖို့တာဆူနေပါတော့တယ်။ နောက် ဆရာမသွားတဲ့နေရာမှန်းသမျှ လိုက်သွားနေပြီး ဆရာမရဲ့ ဖိန်ပတွေကိုလည်း ကိုက်နဲ့ တော်တော်လေးကို အလုပ်ရှုပ်နေခဲ့တာပါ။

အခုတော့ ခွေးလေးနှစ်ကောင်ကို ကျောင်းကနေပဲ တာဝန်ယူပြီး ကျွေးမွေးစောင့်ရှောက်ထားပါတယ်တဲ့။ ဘယ်အချိန်ပဲဖြစ်ဖြစ် ရှိသမျှအခန်းထဲကို တံခါးမရှိ၊ ဓားမရှိဝင်ရောက်ခွင့်ကိုလည်း အပြည့်အဝရထားပြီး ကျောင်းမှာတော့ လက်တလော သူတို့နှစ်ကောင်ဟာ ဆယ်လီပါပဲတဲ့လေ။
penny