ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် သားပိုက်ကောင်လိုပတပ်ရပ်ရတဲ့ ခွေးလေး

Facebook/Natalie Thomson

ဂမ်မာမွေးတုန်းက သူမရဲ့မိသားစုက တခြားသူ့ညီအစ်ကိုမောင်နှမတွေထက် (၃) ဆ လောက် သေးနေတာကို သတိပြုမိပါတယ်။ ဂမ်မာမှာ ထူးခြားချက်တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါက ခွေးမလေးမှာ ဖ၀ါးပိုလေးတစ်ခု ပါလာတာပါ။ သူများခွေးတွေလို ဖ၀ါး (၄) ခုမဟုတ်ပဲ တစ်ခုအပိုပါလာတဲ့ ဂမ်မာကို သေချာပြုစုစောင့်ရှောက်နိုင်ပါ့မလားဆိုတာ သူ့မိသားစုက မသေချာခဲ့ပါဘူး။

ဒါကြောင့် ဂမ်မာ အိမ်မှာနေတာထက်ပိုကောင်းအောင်ဆိုပြီး တိရစ္ဆာန်ဂေဟာကို ပို့လိုက်ပါတယ်။ ဂေဟာနာမည်က Stray Rescue of St.Louis ဖြစ်ပါတယ်။ ဂေဟာက ဂမ်မာကို လိုလိုလားလားပဲ မွေးစားဖို့ သဘောတူလိုက်ပါတယ်။

Facebook/Natalie Thomson

ခွေးမလေးဂမ်မာရောက်လာတာနဲ့ ဂေဟာမှာရှိတဲ့သူအားလုံး ၀မ်းသာရွှင်ပြစွာနဲ့ ကြိုဆိုကြပါတယ်။ ဂမ်မာကို တွေ့တဲ့သူတိုင်းက ချစ်ကြတဲ့အပြင် ဂေဟာမှာရှိတဲ့ ဂမ်မာနဲ့ သူငယ်ချင်းဖြစ်လာမယ့် ခွေးလေးတွေဟာလည်း စိတ်လှုပ်တရှားနဲ့ ဂမ်မာကို လာနှုတ်ဆက်ကြပါတယ်။ ဂမ်မာဟာ သနားစရာခွေးမလေးတစ်ကောင် ဖြစ်ပါတယ်။ နောက်ခြေတွေက ပုံမှန်ဖြစ်ပေမယ့် ရှေ့ခြေနှစ်ချောင်းမှာ တစ်ချောင်းက တိုဝင်နေပြီး နောက်တစ်ချောင်းမှာတော့ ဖ၀ါးလေး(၂) ခုတွဲနေတာ ဖြစ်ပါတယ်။

READ
HIV ဖြစ်နေလို့ မွေးစားမယ့်သူမရှိတဲ့ သမီးလေးကို သတ္တိရှိရှိမွေးစားခဲ့တဲ့ Gay စုံတွဲ
Facebook/Natalie Thomson

အခုဆိုရင်တော့ ချစ်စရာခွေးမလေးဂမ်မာဟာ သားပိုက်ကောင်လေးတစ်ကောင်လို နောက်ခြေနှစ်ချောင်းပေါ်မှာ မတ်တပ်ရပ်နိုင်ဖို့ ဂေဟာကနေ သင်ယူထားပါတယ်။ ကိုယ်ခန္ဓာဖွဲ့စည်းပုံက ထူးခြားပေမယ့် သူ့ခမျာ တခြားခွေးတွေနဲ့ ဘယ်လိုကွာခြားတယ်ဆိုတာတောင်မသိပဲ ဂမ်မာလေးဟာ ပျော်ရွှင်နေတာဖြစ်ပါတယ်။ ဂမ်မာက သူ့ကိုထွေးပွေ့ပြီး အချီခံရတာကို နှစ်သက်ပါသေးတယ်။

Facebook/Natalie Thomson

thedodo သတင်းအရ လက်ရှိမှာတော့ ဂမ်မာလေးဟာ သူမကိုမွေးစားထားတဲ့ မိသားစုလေးတစ်စုနဲ့ နေထိုင်နေပါတယ်။ ဒါပေမယ့် ဂမ်မာရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလည်း လိုသေးတာကြောင့် သူ့မိသားစုက ဂေဟာနဲ့လည်း ဂမ်မာကို အဆက်အသွယ်မပြတ်စေခဲ့ပါဘူး။ မွေးစားတဲ့မိသားစုအိမ်မှာတော့ နောက်ထပ်ခွေးနှစ်ကောင်၊ ကြောင်နှစ်ကောင်နဲ့ ကောင်လေး(၃) ယောက်ရှိပါတယ်။ ဂမ်မာက အားလုံးနဲ့ တည့်အောင် ပေါင်းနိုင်ပြီး သူမကိုလည်း ချစ်ကြပါတယ်။ ဂမ်မာရဲ့ ဖ၀ါးနှစ်ဖက်ပါတဲ့ ခြေချောင်းလေးကို မကြာခင် ဆာဂျရီပြုလုပ်နိုင်မယ်လို့တော့ ခန့်မှန်းရပါတယ်။ ရှေ့ခြေလေးနှစ်ဖက်ကြောင့် အခက်အခဲဖြစ်နေတာကလွဲလို့ ဂမ်မာလေးဟာ သူ့ကိုချစ်တဲ့ မွေးစားမိဘတွေနဲ့အတူ ကျန်းမာပျော်ရွှင်စွာ နေထိုင်နေတယ်လို့လည်း သိရပါတယ်။

READ
ချစ်သူကိုသတ်ခဲ့တဲ့ မသန်စွမ်းအားကစားသမား ထောင်ထဲမှာခိုက်ရန်ဖြစ်ပြီး ဒဏ်ရာရရှိ
Facebook/Natalie Thomson

လင်းလင်း (ShweMom)

SHARE