မုန်တိုင်းကြီးမ၀င်မီ ခရမ်းရောင်ပြောင်းနေတဲ့ ဂျပန်နိုင်ငံရဲ့ကောင်းကင်

Twitter/ Rappler

စနေနေ့ညနေပိုင်းမှာ ၀င်ရောက်တိုက်ခတ်မယ့် တိုင်ဖွန်းမုန်တိုင်းကြီး မတိုင်မီ ကောင်းကင်ဟာ ခရမ်းရောင်အဖြစ် ပြောင်းလဲလာခဲ့လို့ ဂျပန်ပြည်သူတွေ စိုးရိမ်နေကြပါပြီ။ အိုဆာကာ မြို့တွင်းရိုက်ထားတဲ့ ဓာတ်ပုံတွေမှာ ကောင်းကင်ဟာ ခရမ်းရောင်တောက်ပနေခဲ့တာဖြစ်ပြီး သဘာဝဘေးအန္တရာယ်တွေ စတင်ခါနီးအချက်ပေးသံလိုမျိုး ဖြစ်နေခဲ့တာပါ။

ဒီမုန်တိုင်းကြီးက ဂျပန်နိုင်ငံတွင်းကို ၀င်ရောက်မယ့် အားအပြင်းဆုံးမုန်တိုင်းတစ်ခု ဖြစ်နိုင်တယ်လို့ မိုးလေ၀သပညာရှင်တွေက ခန့်မှန်းထားကြပြီး တိုကျို၊ ရှီဇိုအိုကာ၊ ကာနာဂါဝါ၊ ဆိုင်တာနာ၊ ယာမာနာရှီမြို့တွေက မုန်တိုင်းဒဏ်ကို တိုက်ရိုက်ခံရဖို့ရှိနေတယ်လို့ သိရပါတယ်။

ကာနာဂါဝါစီရင်စုရဲ့ တာဝန်ရှိသူတွေကတော့ စီရင်စုအနီးမှာရှိတဲ့ ရေကာတာ ကနေ ရေတွေလျှံလာနိုင်ပြီး အနီးအနားဒေသတွေ နစ်မြုပ်သွားနိုင်တာကြောင့် ရွှေ့ပြောင်းမှုတွေ ပြုလုပ်ထားကြဖို့ သတိပေးနေပါပြီ။

လေတိုက်နှုန်းက တစ်နာရီကို ကီလိုမီတာ (၂၄၀)အထိ တိုက်ခတ်နိုင်ပြီး ထုထည်ကြီးမားတဲ့ မုန်တိုင်းကြီးရဲ့အနေအထားကြောင့် လက်ရှိမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေနဲ့ ရေလွှမ်းမိုးမှုအချို့က ရှီဇိုအိုခ ဒေသဖက်မှာ စတင်နေပါပြီ။

READ
1963 ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ တူရကီက မြေအောက်မြို့တော်

 

ခန်းသိုးဒေသဖက်မှာ မိုးရေချိန် (500mm) စံချိန်တင်ရွာသွန်းမယ်လို့ မိုးလေ၀သဌာနက ကြေညာထားပြီး (၁၉၅၈)ခုနှစ်က ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ကာနိုဂါဝါတိုင်ဖွန်းမုန်တိုင်းထက် ပိုကြီးတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

READ
ချစ်သူရဲ့ယုတ်မာမှုကြောင့် အဓ္ဓမမှုနဲ့ထောင်ကျကာအကြွေးနွံထဲနစ်ခဲ့ရတဲ့ အမျိုးသား

ဒီ ဗီဒီယိုဖိုင်ကတော့ ပြီးခဲ့တဲ့ နှစ်တုန်းက ၀င်ရောက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြီးရဲ့ ဗီဒီယိုဖိုင်ဖြစ်ပြီး ပြန်လည်ပြသပေးထားတာပါ။

Linn

SHARE