ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခု ဖြစ်လာတဲ့ Purple Island

Image:IG/khy_0131 /misspurplehk

ကိုရီးယားမှာတော့ လည်ပတ် စရာ နေရာ တွေ အများကြီး ရှိပါတယ်။လှပတဲ့ ရှုခင်း တွေ၊လှပတဲ့ အ ဆောက်အအုံ တွေ အများကြီး ရှိတဲ့ ကိုရီးယားရဲ့ လည်ပတ်စရာ တွေ အများကြီး တည်းကမှ Purple Island  ရဲ့ အ ကြောင်းကို ဖော်ပြ ပေး ချင်ပါတယ်။လှပပြီး ဓါတ်ပုံ ရိုက်လို့ ကောင်းတဲ့ နေရာ လေး တစ်ခုပါ။လှပတဲ့ ခရမ်းရောင် တွေ လွှမ်းခြုံ ထားတဲ့ နေရာ မို့ ခရမ်းရောင်ကျွန်း ဆိုပြီး နာမည်ကြီးတာပါ။ဒီ အ ကြောင်းကို တော့ Oddity Central မှာ ဖော်ပြထားတာပါ။

နေရာလှလှ လေးတွေ မှာ ဓါတ်ပုံလှ လှ လေးတွေ ရိုက်ရတာ ကြိုက်တဲ့ သူတွေ အတွက် တော့ အရမ်းလှ တဲ့ နေရာ လေးပါ။ခရီးလည်း ထွက်ချင်တယ်။Instagram မှာ ပုံ လှ လှ လေးတွေ လည်း တင်ချင်တယ်ဆိုရင် တော့ သေချာ ပေါက် ရွေးချယ်သင့်တဲ့ နေရာပါ။နာမည်နဲ့ လိုက်အောင် ခရမ်း ရောင် တွေ ဖုံးလွှမ်းထားပါတယ်။


ကျယ်ပြန့်တဲ့ Laven der ပန်း စိုက်ခန်းကြီးတွေ ကိုလည်း ကျွန်း ပေါ်မှာ တွေ့ရ မှာပါ။ဒါတင်မ က သေးပါဘူး။အိမ် တွေ ကိုပါ ခရမ်းရောင် ဆေးသုတ် ထားတာပါ။ခရီးရောင်တံ တား၊ခရမ်းရောင်လမ်း.. မြင်မြင် သမျှ တွေ အားလုံးက ခရမ်း ရောင် တွေ ကြီး လွှမ်း မိုးထားတာပါ။

ဘယ်လို စိတ်ကူးနဲ့ Banwol Island နဲ့  Parkji Islandာ တို့ ကို ခရမ်းရောင် သစ်သားတံ တားကြီးနဲ့ ဆက်သွယ် လိုက် လဲ တော့ မသိ ပေမယ့် တော် တော် လေး လှပါတယ်။ဒီ နေရာ ကို Sinan  ခရိုင် ရဲ့ ခရီးသွား ဆွဲ ဆောင်  ရာ နေရာ တစ်ခု ဖြစ် အောင် ဖန်တီး သွားမယ်ဆိုတဲ့ အစီအစဉ်နဲ့ လုပ်ခဲ့တာပါ။သူတို့ရဲ့ အစီအစဉ် ထဲမှာတော့ lavender အပင် (၄၀၀၀၀) ကို စိုက်ပျိုးမယ့် အစီအစဉ်၊ခရမ်း ရောင် ဆေးသုတ်မယ့် အစီအစဉ် ၊လမ်းတွေကိုလည်း ခရမ်းရောင် နဲ့ ချယ်မှုန်း မယ့် အစီအစဉ် တွေ ပါပါတယ်။

ခရမ်း ရောင် Cheonsa တံ တား ကတော့Banwol နဲ့ Parkji  ကျွန်းတို့ ကို ဆက်သွယ် ပေး ထားပါတယ်။ကျွန်းပေါ်က ဟိုတယ်နဲ့ စား သောက်ဆိုင် တွေ က လည်း ခရမ်း ရောင်ပါ။ခရမ်းရောင် ချယ်ထားတဲ့ အခန်း တွေ မှာ တည်းခိုမယ်ဆိုရင် တော့ တစ်ည ကို အ မေရိကန် ဒေါ်လာ (၄၁) ဒေါ်လာ လောက် ကျ သင့်မှာပါ။

Purple Island  ကိုတော့ လက်ရှိမှာ ပြုပြင် ဖန်တီး နေစဲ ဆို ပေမယ့်  Instagram Post တွေ ကြောင့် အခုတည်းက အရမ်းနာမည်ကြီးနေပါပြီ။

 

View this post on Instagram

 

⠀ Colour of 대.구.석 ⠀ 보라색 좋아하는 사람 모여라 ‍♂️ 보라보라한 #퍼플교 가 맞이하는 #신안 #반월도 #박지도 ! ⠀ 지붕은 물론이고 공중전화와 지나가는 자동차까지, 눈이 닿는 곳마다 보라색으로 가득 차서 일명 #퍼플섬 으로 불리는 곳인데요. ⠀ 과연 그 이름에 걸맞게 국내 최대의 #라벤더 군락이 조성되어 있어 #꽃놀이 를 즐기기에도 좋은 곳이랍니다٩(๑>∀<๑)۶ ⠀ 상상만 해도 기분 좋은 #이색여행지 퍼플섬은 건강한 일상이 되돌아왔을 때 떠나보기로 해요! ⠀ 우리 모두의 건강한 일상을 위해 #생활속거리두기 수칙을 준수해주세요! ⠀ #국내여행 은 #대한민국구석구석 @comeonviolet 님, @gg_ing_ 님

A post shared by 한국관광공사 ‘대한민국구석구석’ (@kto9suk9suk) on

#SHWEMOM

SHARE