2017 ပွတ်ရှ်ကပ်ဆုအတွက် စံကာတင်ဂိုးသွင်းရှင်များနဲ့ ၎င်းတို့ရဲ့ သွင်းဂိုးများ

ဘောလုံးသမားတွေ အမက်မောဆုံးဆုတွေထဲမှာ ပွတ်ရှ်ကပ်ဆုကလည်း တစ်ဆုအပါအ၀င် ဖြစ်ပါတယ်။ 2009 ခုနှစ် စက်တင်ဘာလ 20 ကတည်းက ဒီဆုကို စတင်ထည့်သွင်းပေးခဲ့တာဖြစ်ပြီး၊ ပြိုင်ပွဲအရပ်ရပ်က အကောင်းဆုံးသွင်းဂိုးရှင်တွေကို သီးခြားဂုဏ်ပြုတဲ့ ဆုဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်နဲ့ ဟန်ဂေရီဂန္တ၀င်ဘောလုံးသမားကြီး ဖရန့်စ်ပွတ်ရှကပ်ကို ဂုဏ်ပြုတဲ့ဆုတစ်ခုဖြစ်ပြီး ဘောလုံးသမားတိုင်းက မက်မောကြပါတယ်။ ယခုနှစ်မှာလည်း ဒီဆုကို ရရှိဖို့ထိုက်တန်တဲ့ စံကာတင်အဆိုပြုခံရတဲ့ စာရင်းလည်း ထွက်ပေါ်လာခဲ့ပါပြီ။ Shwemom ရဲ့ ပုရိသတ်ကြီးအတွက် ယခုနှစ် ပွတ်ရှ်ကပ်ဆုအတွက် Official လျှာထားခြင်းခံရတဲ့ ကစားသမားတွေနဲ့ ၎င်းတို့ရဲ့ သွင်းဂိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ညီလင်းထက် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE