အရွယ်နဲ့ မလိုက်အောင် နုလွန်းလို့ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ အမျိုးသမီး တစ် ယောက် အကြောင်းကို Shwemom စာဖတ်သူတွေ အတွက် ဝေမျှ ပေးချင်ပါတယ်။သူမရဲ့ နာမည်က တော့ Puspa Dewi ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့ ကပါ။ Puspa Dewi က နုလွန်းလို့ သူမရဲ့ သားတွေ နဲ့ အပြင် ထွက်ရင် သားတွေ ရဲ့ ချစ်သူလို့ အမြဲ အထင်မှား ခံရ လေ့ရှိပါတယ်။သူမ မှာတော့ အသက် (၅၆)နှစ်အရွယ် ခင်ပွန်း နဲ့ သားနှစ်ယောက်ရှိပါတယ်။ ဒီအကြောင်းကိုတော့ SAYS မှာ ဖော်ပြထားတာပါ။
View this post on Instagram
Puspa Dewi ရဲ့ အသက်က တော့ (၅၃)နှစ်ပါ။သူမက တော့ အရွယ်နဲ့ မလိုက်အောင် နုလွန်းလို့ နာမည်ကြီး ပြီး IG Star တစ်ယောက် အဖြစ် ရပ်တည် နေပါပြီ။သားနှစ်ယောက် အမေ ဖြစ်တဲ့ သူမက တော့ ၂၀၂၀ တုန်းက တော့ မြေးလေး ရပြီး ဖွားဖွား ရာထူး ကို တိုး သွားပါပြီ။အဖွား ဖြစ် နေ ပေမယ့်လည်း သူမရဲ့ နုပျို မှုက တော့ တစ်စက်လေးမှာ မလျော့ပဲ (၃၀)လောက်ပဲ လို့ ထင်ရပါတယ်။ သားနှစ်ယောက်ထဲက အကြီးက တော့ အိမ်ထောင်ရှိပြီး မြေး လေး ကို တော့ ၂၀၂၀ ဖေဖော်ဝါရီ တုန်းက မွေးတာပါ။
View this post on Instagram
ဘာကြောင့် ဒီလောက် နု နေရလဲ ဆိုတာကိုတော့ Puspa Dewi က သူမရဲ့ လျှို့ဝှက်ချက်ကို ဝေမျှခဲ့ပါတယ်။သူမ တို့က တော့ မျိုး ရိုးကိုက အခုလို နု တာ ဖြစ် ပြီး သူမဘက်က လည်း နေ့စဉ်ဘ၀ နေထိုင်မှု ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ပြီး၊စိတ်က တော့ အကောင်းမြင်စိတ် မွေးတယ်လို့ ပြောခဲ့ပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ diet ၊နေ့စဉ် လေ့ကျင့်ခန်း လုပ်ပါတယ်။သူမက တော့ အရင် တုန်းက ရေကူး၊ badminton ကစား ပါတယ်။ Puspa က တော့ လက်ရှိမှာ Zumba နဲ့ အေရိုးဗစ် လေ့ကျင့်ခန်း လုပ်ပါတယ်။
View this post on Instagram
View this post on Instagram
ချစ်ရတဲ့ သူတွေနဲ့ အတူ နေရပြီး သူမရဲ့ ဘ၀က ပျော်စရာ ကောင်းတာကြောင့် လည်း ခုလို နုပျို ရတာ ပါလို့ Puspa Dewi က ပြောပါတယ်။”လူတွေက ပြောတယ် ကျွန်မက အသက်ကြီးလေ နုလေတဲ့. အဲ့ဒါ မှန်တယ် ထင်တယ်။ ကျွန်မ အခု အရမ်း ပျော်တယ်။ကလေး တွေက လည်း ကြီးလာပြီ.ကျွန်မ လုပ်နေတဲ့ စီးပွားရေးကိုလည်း ကျွန်မ သဘောကျတယ်။ကျွန်မ နုတယ်ဆိုတာ အပျော် တွေ က ဟာဟပ် နေတာပါ.” လို့ ပြောခဲ့ပါတယ်။
View this post on Instagram
#SHWEMOM