သံပရိုခြမ်းကို အိပ်ယာဘေးထားအိပ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ

lemon

သံပရိုသီးကို မူးမော်တဲ့ အခါရှူကြတာတွေရှိပါတယ်။သံပရိုသီးရဲ့ အနံ့ဟာ လူကို လန်းဆန်းတက်ကြွစေရုံသာမက တခြားအကျိုးကျေးဇူးတွေလည်း အများကြီးရှိပါ တယ်။ဖော်ျရည် လုပ်သောက်တာ၊အမူးအမော်ပြေအောင် ရှူ တာတွေအပြင် တခြားအသုံးပြုလို့ရတဲ့နည်းလည်းရှိပါတယ်။အဲ့ဒါကတော့ သံပရိုသီးကို ခြမ်းပြီး အိပ်ယာဘေးမှာထားအိပ်ရမှာဖြစ်ပြီး ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့..

(၁)စိတ်ဖိစီးမှု သက်သာစေ

သံပရိုခြမ်းကို အိပ်ယာဘေးမှာ ထားအိပ်ပါက စိတ်ဖိစီးမှုတွေ၊စိတ်ပူပန် မှုတွေ ကို လျော့ကျစေတယ်လို့သိရပါတယ်။သူ့ရဲ့အနံ့က ဦးနှောက်လှိုင်းတွေနဲ့ ခံစား ချက်တွေကို ပြေလျော့၊ဖြေလျော့ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

5693ced2fd1d8178f504cf825dd4257e

(၂)အာရုံစူးစိုက်မှုကောင်းစေ

အလုပ်မှာပဲဖြစ်ဖြစ် ကျောင်းစာမှာပဲဖြစ်ဖြစ် အာရုံစူးစိုက်ရတာ အဆင်မပြေဖြစ်ေ နသူတွေအနေနဲ့ သံပရိုခြမ်းကို အိပ်ယာဘေးမှာထားအိပ်ပေးပါ။အိပ်မပျော်တာေ တွအတွက်လည်း ကောင်းပါတယ်။ဒါ့အပြင်အသက်ရှူရတာကိုလည်း ပိုကောင်းစေပါ တယ်။

(၃)အင်းဆက်တွေမလာနိုင်

ခြင်အစရှိတဲ့ အင်းဆက်ကောင်တွေကိုလည်း မလာနိုင်အောင် မောင်းထုတ်ေ ပးနိုင်တယ်လို့သိရပါတယ်။အင်းဆက်တွေကို နှိမ်နင်းတဲ့ ဖြန်းဆေးတွေကို အခန်းထဲမှာ ဖြန်းမယ့်အစား သံပရိုခြမ်းလေးကို ထားကြည့်သင့်ပါတယ်။

READ
နေ့စဉ်ပုံမှန် လမ်းလျှောက်ပေးခြင်းကြောင့် ရရှိလာနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

(၄)မနက်အိပ်ယာနိုးရင် လန်းဆန်းတက်ကြွစေ

မနက်အိပ်ယာနိုးရင်လည်း ပင်ပမ်းနွမ်းနယ်နေတာမျိုးတွေမဖြစ်စေပဲ တက်ကြွ လန်းဆန်းစေတယ်လို့သိရပါတယ်။အကြောင်းအရင်းကတော့ သံပရိုရဲ့အနံ့ဟာ ဦးနှောက်ရဲ့အာရုံကြောကိုပေးပို့တဲ့( neurotransmitter)ဆိုတဲ့serotonin levels ကိုမြှင့်တင်ပေးနိုင်တာကြောင့် မနက်ကို လန်းလန်းဆန်းဆန်းနဲ့ နိုး ထစေနိုင်တာဖြစ်ပါတယ်။

Cut-a-Few-Lemons-and-Place-Them-On-The-Bedside-In-Your-Bedroom-–-Here’s-Why

(၅)လေထုကိုသန့်စင်စေ

ကိုယ့်အိပ်ခန်းရဲ့ လေထုသန့်စင်မှုအခြေအနေကို ကောင်းကောင်းသိချင်မှသိကြမှာပါ။သံပရိုခြမ်းကို လေထုသန့်စင်ပေးတဲ့(Air Purifier)အဖြစ်လည်း သုံးလို့ရပါတယ်။

(၆)သွေးတိုးကျစေ

သွေးတိုးရောဂါရှိတဲ့သူတွေအနေနဲ့လည်း သံပရိုခြမ်းကို အိပ်ယာဘေးထား အိပ် သင့်ပါတယ်။သွေးတိုးခြင်းကို လုံးဝအရှင်း သိသိသာသာ လျော့ပါးပျောက် ကင်း သက်သာစေမှာတော့မဟုတ်ပေမယ့် အိပ်ယာဘေးမှာထားအိပ်ပေးခြင်း အားဖြင့် အနည်းငယ်တော့ လျော့ပါးသက်သာစေမှာဖြစ်ပါတယ်။

Ref;davidwolfe

SHARE