ဘိုင်ဒန်ကို အမေရိကန်သမ္မတအဖြစ်လက်ခံရန်အသင့်မဖြစ်သေးဟု ပူတင်ဆို

instagram/leadervladimirputin instagram/joebiden

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(၂၂.၁၁.၂၀၂၀)တုန်းက ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်က သူဟာ အမေရိကန်သမ္မတသစ်ဖြစ်လာမယ့် မည်သူ့ကိုမဆိုကြိုဆိုကြောင်း ပြောလိုက်ပါတယ်။ ဒါပေမဲ့ တရားဥပဒေကြောင်းနဲ့ ဆုံးဖြတ်အတည်ပြုပြီး သို့မဟုတ် တစ်ဘက်ပါတီက ရှုံးနိမ့်ကြောင်းဝန်ခံမှ အနိုင်ရသူကို ဂုဏ်ပြုမှာဖြစ်တယ်လို့ ရုရှားတီဗီချန်နယ်တစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ Live အင်တာဗျူး အစီအစဉ်မှာ ပူတင်က ပြောခဲ့တာပါ။

“ကျွန်တော်တို့က အမေရိကန်ပြည်သူတွေရဲ့ယုံကြည်မှုကိုရတဲ့ ဘယ်သူနဲ့မဆို အလုပ်တွဲလုပ်မှာပါ။ ဒါပေမဲ့ ပြိုင်ဘက်ပါတီဘက်က အသိအမှတ်ပြုရင်ပြု ဒါမှမဟုတ်ရင်လည်း ရလဒ်တွေကို တရားဥပဒေကျကျ အတည်ပြုပြီးမှသာ ကျွန်တော်တို့ယုံကြည်ပါမယ်။” လို့ nypost အရ သိရပါတယ်။

ပူတင်ဟာ အမေရိကန်ရွေးကောက်ပွဲမှာ သမ္မတဂျိုးဘိုင်ဒန်အနိုင်ရတာကို ဂုဏ်မပြုတဲ့ ကမ္ဘာ့ခေါင်းဆောင် လက်တဆုပ်စာထဲက တစ်ယောက်ဖြစ်ပါတယ်။ သမ္မတထရမ့်ပ်ရှုံးနိမ့်တာကို ငြင်းပယ်တာလား ဒါမှမဟုတ် အရင်ဒုသမ္မတဟောင်းက အမေရိကန်-ရုရှားဆက်ဆံရေးအခြေအနေကို အန္တရာယ်ပြုမှာစိုးတဲ့အတွက်ကြောင့်လားလို့ ပူတင်ကိုမေးမြန်းတဲ့အခါမှာတော့ သူက “ထိခိုက်စရာဘာမှမရှိပါဘူး။ ဆက်ဆံရေးက ပျက်စီးယိုယွင်းနေပြီးသား။” လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Joe Biden (@joebiden)

ထရမ့်ပ်ဟာ အမေရိကန်ရွေးကောက်ပွဲမှာ ၄င်းရှုံးနိမ့်ကြောင်း ငြင်းဆန်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ၃ရက်နေ့ ရွေးကောက်ပွဲရလဒ်တွေကို မကျေနပ်လို့ ပြည်နယ်တော်တော်များများမှာ တရားစွဲဖို့စီစဉ်နေခဲ့တာပါ။ ဘိုင်ဒန်ကတော့ အနိုင်မဲ၂၇၀ ကိုကျော်လွန်ကာ ပြည်ထောင်စုကိုယ်စားလှယ်များအဖွဲ့ ၃၀၆ မဲနဲ့အနိုင်ခဲ့ရခဲ့ပါတယ်။ ထရမ့်ပ်ကတော့ ၂၃၂မဲသာ ရရှိခဲ့တာဖြစ်ပါတယ်။

READ
ဆေးလိပ်ပြတ်ဖို့ ခေါင်းကိုလှောင်အိမ်ထဲထည့်ပြီး သော့ခတ်ထားရန် ဇနီးကိုစေခိုင်းခဲ့သူ

 

 

View this post on Instagram

 

A post shared by Joe Biden (@joebiden)

ShweMom

SHARE