ပူတင်ရဲ့တိတ်တိတ်ပုန်းချစ်သူ အမြွှာကလေးနှစ်ယောက်အမေ Alina Kabaeva

instagram/alina.kabaeva.fans instagram/leadervladimirputin

လူမြင်ကွင်းကနေ ပြီးခဲ့တဲ့နှစ်ကတည်းက ပျောက်မသွားခင် ဗလာဒီမာပူတင်ရဲ့ချစ်သူဆိုပြီး ကောလဟာလထွက်နေတဲ့ အမျိုးသမီးတစ်ယောက်ရှိပါတယ်။ သူကတော့ အလီနာကာဘေဗာဆိုသူပါ။ သူမကို အစပိုင်းမှာ ပါရမီရှင်ကျွမ်းဘားမယ်တစ်ယောက်အဖြစ်သိကြပြီး နောက်ပိုင်းမှာတော့ ရုရှားမော်ဒယ်၊ နိုင်ငံရေးသမားနဲ့ မီဒီယာထိပ်သီးပုဂ္ဂိုလ်တစ်ယောက်အဖြစ် လူသိများလာတာဖြစ်ပါတယ်။

အခုဆိုရင် အလီနာဟာ အသက်၃၇နှစ်ရှိနေပါပြီ။ သူမဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ကမ္ဘာ့စင်မြင့်ပေါ်ရောက်လာတာဖြစ်ပါတယ်။ သူမရဲ့ခွန်အားနဲ့ ကြိုးစားအားထုတ်မှုနဲ့စွမ်းရည်တွေကြောင့် ရုရှားက အပျော့ပြောင်းဆုံးအမျိုးသမီးတစ်ဦးအဖြစ် ချီးမွမ်းမှုတွေရရှိခဲ့တာပါ။ သူဟာ ၂၀၀၀ခုနှစ် အိုလံပစ်တုန်းက ဆစ်ဒနီမှာ ကြေးတံဆိပ်နဲ့ အေသင်မှာ ရွှေတံဆိပ်ဆွတ်ခူးရရှိခဲ့ပါတယ်။ ၄နှစ်အကြာမှာတော့ သူမဟာ ပူတင်နဲ့ တိတ်တဆိတ်လက်ထပ်ခဲ့ပုံရပါတယ်။

သူမဟာ ကျွမ်းဘားမယ်ဘဝကနေ ၂၀၀၅ခုနှစ်မှာ အနားယူခဲ့ပါတယ်။ သူမဟာ အဆိုတော်အလုပ်လုပ်ဖို့ကိုလည်း ကြိုးစားခဲ့ပြီးနောက်တော့ စွန့်လွှတ်ခဲ့ပါတယ်။ တစ်ခါတစ်လေ မော်ဒယ်အဖြစ်အလုပ်လုပ်ပြီး တစ်ခါတုန်းကတော့ ဒေါ်လာ ၃သောင်း၃ထောင်တန်တဲ့ ရွှေသရဖူကိုဆောင်းထားတဲ့ သူမရဲ့ဓာတ်ပုံဟာ Vogue Russia မှာပါဝင်ခဲ့ပါတယ်။

READ
တော်ဝင်ဧည့်ခံပွဲမှာ အသံအကျယ်ကြီး လေလည်ခဲ့ဖူးတဲ့ အဲလိဇဘက် ဘုရင်မကြီး

https://www.instagram.com/p/BjDuwahF96B/?utm_source=ig_web_copy_link

၈ နှစ်အကြာမှာတော့ သူမဟာ ရုရှားရဲ့ ပါလီမန်အောက်ခြေရာထူးတစ်ခုမှာ ပါဝင်ခဲ့ပြီး သူမကိုတော့ ပူတင်ရဲ့ ယူနိုက်တက်ရုရှားပါတီက ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ အလီနာဟာ ပူတင်ရဲ့ လျှို့ဝှက်မယားဆိုပြီး ကောလဟာလတွေထွက်လာခဲ့ပါတယ်။ ပူတင်ဟာ သူ့ထက်အသက်ထက်ဝက်ငယ်တဲ့ အလီနာဆိုသူ အမျိုးသမီးတစ်ဦးနဲ့တွဲနေပြီး သူ့ကြောင့် နှစ်၃၀ကြာပေါင်းလာတဲ့ ဇနီးကိုကွာရှင်းခွင့်တောင်းထားကြောင်း သတင်းတွေထွက်လာခဲ့တာပါ။

View this post on Instagram

#leadervladimirputin

A post shared by Vladimir Putin Владимир Путин (@leadervladimirputin) on

ဇွန်၂၀၁၃ခုနှစ် ပူတင်ဟာ ဇနီးသည်လူမီလာပူတီနာနဲ့ ကွာရှင်းတဲ့အချိန်မှာလည်း အလီနာနဲ့ ကောလဟာလတွေထပ်ထွက်လာခဲ့ပါတယ်။ ပူတင်အိမ်ထောင်ကွဲပြီးနောက်ပိုင်း အလီနာကို လက်ရှိမှာ ဘယ်သူနဲ့တွဲနေလဲမေးတဲ့အခါမှာတော့ သူမက သူမအရမ်းချစ်တဲ့သူတစ်ယောက်နဲ့တွေ့နေတယ်လို့သာဆိုပြီး တွဲနေတဲ့သူနာမည်ကိုထုတ်မပြောခဲ့ပါဘူး။ ၂၀၁၇ခုနှစ်မှာတော့ အလီနာဟာ ၄င်းရဲ့ညာဘက်လက်မှာဝတ်ဆင်ထားတဲ့ လက်ထပ်လက်စွပ်ကို  ပြခဲ့ပါသေးတယ်။ မကြာခင်မှာတော့ သူမဟာ World Rhythmic Gymnastics Championship ရဲ့ သံတမန်အဖြစ်ခန့်အပ်ခံရပါတယ်။

အလီနာဟာ ပူတင်ရဲ့ရင်သွေးလေးဦးကိုမွေးခဲ့ပြီးပြီလို့လည်း သတင်းတွေထွက်ခဲ့ပါသေးတယ်။ ပူတင်မှာတော့ ပထမအိမ်ထောင်နဲ့ သမီးနှစ်ယောက်ရှိပါသေးတယ်။ အလီနာကတော့ ၂၀၀၉ခုနှစ်မှာ သားလေးတစ်ယောက်မွေးပြီး ၂၀၁၃ ခုနှစ်မှာ သမီးလေးတစ်ယောက်ထပ်မွေးပါတယ်။ ၂၀၁၉ခုနှစ်မှာတော့ သူမဟာ အမြွှာယောက်ျားလေးတစ်စုံကို မွေးခဲ့ပါသေးတယ်။ သူမရဲ့ကလေးတွေအကြောင်းကတော့ လူထုဆီချပြပြီးတာနဲ့ချက်ချင်း သတင်းပျောက်သွားတတ်တာမို့ ပူတင်ရဲ့လုံခြုံရေးအတွက် ခရင်မလင်စစ်တပ်က  ကာကွယ်ပေးနေတယ်လို့လည်း nypost အရသိရပါတယ်။

READ
ဈေးရောင်းကြမ်းလို့ ထောင်နန်းစံခဲ့ရတဲ့ Instagram မော်ဒယ်မလေး Stephanie Scolaro

လင်းလင်း (ShweMom)

SHARE