စစ်ပြန်တွေကိုချန်ပြီး အင်တာဂရမ် မော်ဒယ်တွေကို စစ်ရေးပြပွဲဆီဖိတ်ခဲ့လို့ ဝေဖန်ခံနေရတဲ့ ပူတင်

ဆိုဗီယက် ယူနီယံရဲ့ နာဇီကို အောင်နိုင်တဲ့ ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် ၇၄ ကြိမ်မြောက် စစ်ရေးပြအခမ်းအနားပွဲကို အင်စတာဂရမ်က ဆက်စီ influencer တွေအား ဖိတ်ကြားခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတ ပူတင်ဟာ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပါတယ်။

twitter

အကြောင်းကတော့ အသက်ပေးခဲ့တဲ့ စစ်ပြန်တွေကို ဖိတ်ရမှာထက် ဖိတ်စာတွေကို အဖော်အချွတ်မော်ဒယ်တွေဆီ ပို့ခဲ့တာကြောင့်လို့ သိရပါတယ်။

ဆာရှာ မာကီနာ (၂၆) နှစ်က  Red Square မှာကျင်းပမယ့် အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနားပွဲရဲ့ ဖိတ်စာကို ဆိုရှယ်မီဒီယာပေါ်မှာ ဂုဏ်ယူစွာတင်ခဲ့ပါတယ်။ ဒါပေမယ့် အင်စတာ မော်ဒယ်တွေအတွက် လက်မှတ် ကိစ္စတွေအပေါ် မီဒီယာတွေရဲ့ သောင်းသောင်းသဲသဲ ကန့်ကွက်သံတွေနဲ့ အွန်လိုင်ဝေဖန်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

instagram

ဒီလို ဖိတ်ကြားခံရမှုနဲ့ ဆက်စပ်ပြီး ထွက်ပေါ်လာတဲ့ ကောလဟာလတွေကိုလည်း ဆာရှာက ဖြေရှင်းသွားခဲ့ပါတယ်။ သူမကို ဖိတ်ကြားခဲ့တာ အစိုးရမှ မဟုတ်ကြောင်း၊ ချစ်သူက ဖိတ်ကြားခဲ့တာဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။ သူမရဲ့ ချစ်သူဟာ အာဖဂန်နစ္စတန်မှာ ဖြစ်ပွားခဲ့တဲ့ ဆိုဗီယက် စစ်ပွဲမှ စစ်ပြန်တစ်ယောက်ရဲ့ သားဖြစ်သူ အန်ဒရေ ကူပရီဗ် ဖြစ်ကြောင်း သိရပါတယ်။

READ
မူးယစ်ခေါင်းဆောင်ကို လှောင်ပြောင်ခဲ့သူ သေနတ်နဲ့ (၁၅)ချက် ပစ်ခတ်ခံရပြီးသေဆုံး

နောက်ထပ် ဖိတ်ကြားခံရတဲ့ အင်စတာဂရမ်မော်ဒယ်က အယ်လီနာ ဖြစ်ကြောင်း Mur Telegram Channel ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

east2west

အယ်လီနာက သူမရဲ့ စစ်ပြန် အဖွားနဲ့ အတူ အခမ်းအနားကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ သူမက လက်မှတ်ကို Russia Unifight Federation ရဲ့ တွဲဖက် ဥက္ကဌ အလက်ဇန်းဒါး ဒီဗောကင်ဆိုသူထံက ရရှိတာဖြစ်ကြောင်း ပြောပါတယ်။

နောက်ထပ် အလှကုန် ဘရန်း လုပ်ငန်းကို လုပ်ကိုင်နေတဲ့ လီယာ ဒီရန်နိုဗာ ဆီလည်း ဖိတ်စာ ရောက်ရှိခဲ့ကြောင်း သတင်းတွေကဖော်ပြထားပါသေးတယ်။ သူမကတော့ ဒီလိုကိစ္စတွေ ပေါ်ပေါက်လာပြီးတဲ့နောက်မှာ အကောင့်ကို ပိတ်သွားခဲ့ပါတယ်။

east2west
instagram

အခမ်းအနားပွဲကို တက်ချင်တဲ့ အိပ်မက်တွေရှိပေမယ့် ဖိတ်ကြားမခံရတဲ့ စစ်ပြန်တွေလည်းရှိနေပါတယ်။ အဲ့ဒီ့ထဲကမှ အသက် ၉၃ နှစ်အရွယ် မာရီယာ ကက်ရှ်တန်နိုဗာ ဆိုတဲ့ စစ်ပြန် အမျိုးသမီးကြီးရဲ့ အကြောင်းကို ပြီးခဲ့နေ့တွေမှာ Rain TV က ဟိုက်လိုက်လုပ် ဖော်ပြခဲ့ပါတယ်။

သူမဟာ အခမ်းအနားပွဲကို သိပ်ကြည့်ခွင့်ရချင်တယ်။ အမြဲ တီဗီကနေကြည့်ရပြီး တိုက်ရိုက် မကြည့်ဘူးဖူးလို့ သိရပါတယ်။ သူမရဲ့ ဖခင်ဟာ တိုက်ပွဲမှာ ကျသွားခဲ့ပြီး သူမကိုယ်တိုင်လည်း ကာလင်ဂရက်ဒ်ကို ဖမ်းခေါ်သွားခဲ့ရပါတယ်။ အဲ့ဒီ့နောက် နာဇီ အလုပ်သမားစခန်းမှာ အဓမ္မခိုင်းစေခံခဲ့ရတယ်။

READ
လူတစ်ရပ်ခန့်ရှိ ဒိုင်နိုဆော ခြေရာတစ်ခုကို လေ့လာသူများရှာဖွေတွေ့ရှိခဲ့
east2west

အထည်ချုပ်တဲ့ ဘက်မှာ အလုပ်လုပ်ခဲ့ရပြီး မှားတာနဲ့ ကြားပွတ်နဲ့ ရိုက်ခံရကြောင်း သူမက ပြန်လည် ပြောပြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူမဟာ ဒီတစ်ကြိမ်မှာလည်း လျစ်လျူရှုခံထားရပြီး သူမကို လက်မှတ်ထောက်ကူမယ့်သူ ပေါ်လာပြီး သူမအနေနဲ့ မော်စကိုမြို့ကို သွားရောက် ကြည့်ရှုခွင့်ရမယ့်လို စစ်ပြန်ကြီးက ယုံကြည်နေပါတယ်။

twitter

နီကိုလိုင် ရိုရန်နောဗ့် ဆိုတဲ့ Russia Veterans Union ရဲ့ လက်ထောက် ဖြစ်သူကတော့ လက်မှတ်တွေဟာ သမ္မတရဲ့ ရုံးအဖွဲ့က ကိုင်တာဖြစ်ကြောင်း၊ စာရင်းကို အဲ့ဒီ့ဆီ တင်ရပြီး ၄င်းတို့က ဘယ်သူ့ကို ဖိတ်မလဲ ဆုံးဖြတ်ကြောင်း ပြောပါတယ်။

twitter

၇၅ ကြိမ်မြောက် ကျင်းပမယ့် အခမ်းအနားက ပိုပြီး ကြီးကျယ်မှာဖြစ်ကြောင်းလည်း Kremlin ရဲ့ ဖော်ပြချက်များအသိရပါတယ်။ လက်ရှိသမ္မတ ပူတင်ကတော့ ၂၀၂၄ အထိ အာဏာရှိနေဦးမှာ ဖြစ်ပါတယ်။

Ref: The Sun

Matthew (ShweMOM)

 

 

SHARE