ဒဏ္ဍာရီထဲကလို ရင်သက်ရှူမောဖွယ်အပြင်အဆင်တွေနဲ့ ပြည့်ဖြိုးတေဇရဲ့မင်္ဂလာပွဲ

fb page/Rainforest The Wedding

ပြည့်ဖြိုးတေဇကတော့ ထူးကုမ္ပဏီလုပ်ငန်းစု ဥက္ကဌ ဦးတေဇရဲ့သားပါ။ ပြည့်ဖြိုးတေဇကတော့ သူ့ရဲ့လက်တွဲဖော် မသက်နှင်းလှိုင်နဲ့ မင်္ဂလာမော်ကွန်းလက်မှတ်ရေးထိုးပွဲကို ဒီဇင်ဘာလ ၂၈ ရက် ၂၀၁၉ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ မနေ့က ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြည့်ဖြိုးတေဇရဲ့မင်္ဂလာပွဲအပြင်အဆင်ကတော့ ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားနေခဲ့ပါတယ်။

fb/ Wunna Khwar Nee
fb/Wunna Khwar Nee

မင်္ဂလာပွဲရဲ့ ဒီဇိုင်းနဲ့အပြင်အဆင်ကိုတော့ Rainforest The Wedding က စီစဉ်ပေးထားတာဖြစ်ပါတယ်။ မင်္ဂလာပွဲတစ်ခုလုံးကို အဖြူရောင်နဲ့အစိမ်းရောင် theme လေးသုံးပေးထားပါတယ်။ သစ်တောအုပ်လေးအလယ်မှာ အဖြူရောင်ပန်းတွေပြင်ဆင်ထားပြီး အဖြူရောင်ထိုင်ခုံလေးတွေနဲ့ခင်းကျင်းထားတာက တကယ့်ကို ဒဏ္ဍာရီထဲက မင်္ဂလာပွဲလေးတစ်ခုလားလို့တောင် ထင်မှတ်အောင် လှနေပါတယ်။

fb page/Rainforest The Wedding
fb page/Rainforest The Wedding
fb page/Rainforest The Wedding
fb page/Rainforest The Wedding

ပြည့်ဖြိုးတေဇနဲ့ မသက်နှင်းလှိုင်တို့ရဲ့ မင်္ဂလာပွဲကို စီးပွားရေးလုပ်ငန်းရှင်ကြီးများ ၊ အနုပညာရှင် အကယ်ဒမီ ဦးလွင်မိုးနဲ့ ဇနီးမေသူအပြင် တခြား နာမည်ကြီးဆယ်လီတွေလည်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

READ
ဟောင်ကောင်က ပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ ဆောင်းဟေကို
fb/Wunna Khwar Nee
fb/lwin moe
fb/Wunna Khwar Nee
fb/Wunna Khwar Nee

ကြီးကျယ်ခမ်းနားပြီး လှပတဲ့အပြင်အဆင်တွေနဲ့ မင်္ဂလာပွဲကြောင့် ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားတဲ့မင်္ဂလာပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ ကိုပြည့်ဖြိုးတဇနဲ့ မသက်နှင်းလှိုင်တို့ အေးအတူ ပူအမျှ ပျော်ပျော်ရွှင်ရွှင်ရာသက်ပန် လက်တွဲသွားနိုင်ပါစေလို့ ဆုတောင်းရင်း မင်္ဂလာပွဲအပြင်အဆင်ကို ပရိသတ်ကြီးအတွက် တင်ပေးလိုက်ပါတယ်။

The Magical Moment | Morning Ceremony (Burmese Ceremony)“One of the Most Magical Wedding of the Year 2020.”The Wedding…

Posted by Rainforest The Wedding on Sunday, January 19, 2020

Source : fb page/Rainforest The Wedding

SHARE