မိကျောင်းကြီးတစ်ကောင်လုံးကို အာသာငမ်းငမ်းနဲ့ မြိုနေတဲ့ ဧရာမစပါးအုံးကြီး

facebook/GG Wildlife Rescue Inc

သဘာဝတရားဟာ အားကြီးသူတွေအပေါ်မှာ မျက်နှာလိုက်တတ်တာကို တိရစ္ဆာန်လောကမှာ အထင်အရှားတွေ့မြင်နိုင်ပါတယ်။ မကြာသေးခင်ကတော့ သြစတေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ်မှာ ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ သတ္တ၀ါကြီးနှစ်ကောင် တိုက်ခိုက်ကြတဲ့ ဖြစ်ရပ်အကြောင်း prevention အွန်လိုင်းသတင်းစာမျက်နှာမှာ တွေ့လိုက်ရပါတယ်။

ဒီဖြစ်စဉ်မှာ ခြေလက်မဲ့ တွားသွားသတ္တ၀ါစပါးအုံးကြီးနဲ့ ခြေလေးချောင်းပိုင်ရှင် ကုန်းတစ်ပိုင်းရေတစ်ပိုင်းသတ္တ၀ါ မိကျောင်းကြီးတို့ တိုက်ခိုက်ခဲ့ကြတာပါ။ စပါးအုံးကြီးဟာ သြစတေးလျမှာတော့ ဒုတိယအကြီးဆုံးမြွေမျိုးစိတ်ကြီး ဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ ပြင်းထန်ခဲ့ပုံရကာ အဆုံးသတ်မှာတော့ စပါးအုံးကြီးဟာ ရေဘုရင်မိကျောင်းကြီးကို အနိုင်ရပြီး မိကျောင်းကြီးကို တစ်ကောင်လုံး မြိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကိုတော့ GG Wildlife Rescue ဖေ့စ်ဘုတ်စာမျက်နှာက ပုံတွေအရ တွေ့ရတာပါ။

အခုဆိုရင်တော့ စပါးအုံးကြီးဟာ မိကျောင်းကြီးကို မြိုချတာ တစ်ဝက်နီးနီးရောက်နေပါပြီ။

GG Wildlife Rescue Inc

ပြီးတော့ ဆက်ပြီး မြိုသွားလိုက်တာ…..

GG Wildlife Rescue Inc

ဟော….. အမြီးဖျားလေးပဲ ကျန်တော့တယ်….

GG Wildlife Rescue Inc
GG Wildlife Rescue Inc

ကြည့်စမ်းပါဦး…. တစ်ကောင်လုံး မြွေဗိုက်ထဲ ရောက်သွားပြီ….

GG Wildlife Rescue Inc

စပါးအုံးကြီးရဲ့ ၀မ်းထဲ ရောက်သွားခဲ့တဲ့ မိကျောင်းကြီးဟာ (၉) ပေအရှည်ထိရှိနိုင်ပြီး ပေါင်(၂၂၀) လောက် အလေးချိန်ရှိတဲ့ မိကျောင်းမျိုးစိတ်ထဲ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း စပါးအုံးကြီးအနေနဲ့ မိကျောင်းကြီးကို မြိုရာမှာ တစ်စုံတစ်ရာ အခက်အခဲတွေ့ပုံမရပဲ တစ်ကောင်လုံး ၀မ်းထဲ ၀င်သွားတဲ့အထိ သူ့အစာကို တဖြည်းဖြည်းချင်း သွင်းခဲ့တာကိုတော့ ရင်တုန်စရာကောင်းစွာပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

READ
ကမ္ဘာ့အံ့မခန်းဖွယ်ရာ ရေနေသတ္တ၀ါတွေရဲ့ ဓာတ်ပုံရိုက်ချက်များ

လင်းလင်း (ShweMom)

SHARE