၂၀၂၂-ကာတာကမ္ဘာ့ဖလားမှာ အရက်သောက်လိုသူများ ကန္တာရမှာသာ သွားသောက်ရမည်

၂၀၂၂ ခုနှစ် ကာတာမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားတဲ့ ကမ္ဘာ့ဖလားမှာ ပရိသတ်တွေအတွက် ထင်မှတ်မထားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ အကြောင်းကတော့ ကမ္ဘာ့ဖလားအတွက် ဦးဆောင်စီစဉ်နေတဲ့ Hassan Al Thawadi က အရက်သောက်စား မူးယစ်လိုသူများအနေနဲ့ လွတ်ရာကျွတ်ရာ ကန္တာရကိုသာ သွားရောက်သောက်စားဖို့ ခွင့်ပြုမှာဖြစ်ကြောင်း ဆိုပါတယ်။

ခွင့်ပြုမယ့်နေရာတွေကို တိတိကျကျ သတ်မှတ်ရခြင်းမရှိသေးပေမယ့် သေချောပေါက်ကတော့ ဘောလုံးကွင်းတွေနဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့နေရာမှာသာ ဖြစ်ဖို့ရှိပြီး၊ ဒီအခက်အခဲဟာ သောက်စားမူးယစ်ပြီးမှ ဘောလုံးပွဲအားပေးလိုသူတွေ၊ သို့မဟုတ် အားကစားကွင်းထဲကို ယမကာတစ်မျိုးမျိုး ယူသွားလိုသူတွေအတွက်တော့ အလွန်ကြီးမားတဲ့ အခက်အခဲကို ဖြစ်စေမှာပါ။

Hassan ဟာ ရှေးရိုးစွဲမူစလင်တွေ အများစုနေထိုင်ရာ ကာတာအတွက် ကမ္ဘာ့ဖလားကျင်းပခွင့်ရရေးကို ဦးဆောင်နေသူဖြစ်ပြီး သူတို့အဖွဲ့တွေရဲ့ ကြိုးစားမှုအလျှောက် ကာတာဟာ (၂၀၂၂)ခုနှစ်မှာ ကမ္ဘာ့ဖလားကျင်းပခွင့် ရခဲ့ပါတယ်။ ဒီကမ္ဘာ့ဖလားကျင်းပခွင့်ကိုလည်း FIFA က လာဘ်ငွေရယူကာ ရွေးချယ်ပေးခဲ့တယ်လို့ စွပ်စွဲမှုတွေ ခံခဲ့ရပြီး၊ လျှောက်ထားခဲ့တဲ့ နိုင်ငံတွေရဲ့ အညှိုးအတေးကို ခံခဲ့ရပါတယ်။

READ
Liverpool နဲ့ပွဲအမီပြန်လာဖို့ရှိတဲ့ Sergio Aguero

ဒါပေမယ့် ကာတာနိုင်ငံရဲ့ ကမ္ဘာ့ဖလားကျင်းပခွင့်ဟာ အတည်ဖြစ်ခဲ့ပြီး အခုအခါမှာတော့ သူတို့ဆီမှာကျင်းပမယ့် အားကစားပွဲတွေအတွက် အရက်သေစာ ခွင့်ပြုဖို့မရှိကြောင်းကို အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပွဲကျင်းပမယ့်နေရာတွေနဲ့ တစ်နာရီလောက် မောင်းရမယ့် ကန္တာရဟင်းလင်းပြင်ရဲ့ မြင့်မားတဲ့အပူချိန်အောက်မှာ သောက်စားရမယ်ဆိုတာကတော့ အလွန်သဘာဝမကျတဲ့ စီစဉ်မှုဆိုတာ ဇိုးသမားတွေ ရိပ်မိနိုင်စေမှာပါ။

Hassan က ” ကျွန်တော်ကိုယ်တိုင်က ဘောလုံးကွင်းတွေ အားကစားကွင်းတွေ၊ လူစည်ကားရာ နေရာတွေမှာ အရက်သေစာ ယူဆောင်လာတာကို နှစ်မြို့သူ မဟုတ်ပါဘူး “လို့ ပြောခဲ့ပါတယ်။ Hassan က ဒီလိုခွဲခြားလိုက်ခြင်းအားဖြင့် ဘောလုံးလူရမ်းကားနဲ့ ဘောလုံးပရိသတ်စစ်စစ်ကို ခွဲခြားနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒါကြောင့်မို့လို့ (၂၀၂၂)မှာ ကမ္ဘာ့ဖလားပွဲကြည့်ဖို့ အားခဲထားသူများအနေနဲ့ အပူချိန် 113 F ရှိတဲ့ ကန္တာရထဲမှာသာ သောက်စားမူးယစ်ရဖွယ် ရှိနေပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA နဲ့ နီးစပ်သူတစ်ဦးက ” ဒီပုံစံအတိုင်းဆို ယူကေအသိုင်းအဝိုင်းက ဘယ်သူမှ ကမ္ဘာ့ဖလားပွဲကို သွားချင်ကြမှာ မဟုတ်ပါဘူး “လို့ ပြောခဲ့ပါတယ်။ (၂၀၂၂)ကမ္ဘာ့ဖလားမှာ အဓိကစပွန်ဆာတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ Budweiser  လို အရက်ဘီယာကုမ္မဏီတွေအဖို့ တွက်ချေကိုက်နိုင်မယ့် ရင်းနီးမြှုပ်နှံမှုမဟုတ်ကြောင်း ယူဆနေပြီး၊ ဒီကမ္ဘာ့ဖလားကတော့ တစ်ကမ္ဘာလုံးနဲ့ချီပြီး ဆန့်ကျင်ဆန္ဒပြခံရဖို့ ရှိနေတယ်လို့ FA အသိုင်းအဝိုင်းက ဆိုနေပါတယ်။

READ
ဒဏ်ရာရှိနေသည့် ဒေါက်ဂလပ်ကော်စတာကို စောင့်ကြည့်နေရဟု ဘရာဇီးအသင်းကြေညာ

နတ်စည်တော် (Shwemom)

source : dailymail.co.uk

SHARE