ကူးစက်မှုသစ်ကြောင့် (၅)ရက်အတွင်း လူ(၉)သန်းကို ကိုဗစ် စစ်ဆေးသွားမယ့် တရုတ်

Image: shutterstock (by Keitma)

တရုတ်နိုင်ငံ Qingdao ဆိပ်ကမ်း တစ်မြို့လုံးက လူဦးရေ (၉)သန်းကို ငါးရက် အတွင်း ကိုဗစ် ကူးစက်ခံရမှု ရှိ မရှိ စစ်ဆေးမှုတွေ ပြုလုပ် သွားမယ်လို့ BBC နဲ့ CNN သတင်းတို့ မှာ ဖော်ပြထားပါတယ်။ကိုဗစ် ထိန်းချုပ်မှုမှာေ အာင်မြင်မှု ရခဲ့ပြီး ဖြစ် တဲ့ တရုတ်က ဒီလို မျိုး လူတွေ အများကြီးကို စစ်ဆေးမှု လုပ်ရတဲ့အ ကြောင်းအရင်း ရှိပါတယ်။တရုတ်မှာတော့ နောက်ထပ် ကူးစက်မှု သစ်တစ်ခု အစပြု နေပါပြီ။လက်ရှိ အခြေအ နေကို ဒီ့ထက်ပိုဆိုး မလာ အောင် ထိန်းနိုင်ဖို့ အတွက် တစ်မြို့ လုံးကို ကိုဗစ် စစ်ဆေးမှုတွေ ပြုလုပ် ဖို့ စီစဉ် ခဲ့တာပါ။ပြည်တွင်းကူးစက်မှု လူနာသစ် (၁၂)ယောက် တွေ့ရှိခဲ့တာ ကြောင့် ကူးစက်မှု အခြေအ နေ ဒီ့ထက် ဆိုးမလာ အောင် လူ(၉)သန်းကို စစ်ဆေးမှုတွေ လုပ်ဆောင်မှာပါ။

Image:freepik.com/4045

တရုတ်မှာတော့ သြဂုတ်လလယ်ပိုင်းေ လာက်က စပြီး ကိုဗစ်လူ နာ သစ်ထပ် မတွေ့ ရတော့ တာပါ။ဒါပေမယ့် အောက်တို ဘာ (၁၁) မှာတော့ local transmission ပြန်လည် စ တင်လာပြီး လူနာ (၁၂)ယောက် ပေါ် ထွက်လာခဲ့တာပါ။ အဲ့ဒီလူ နာတွေဟာ ပြည်ပ က နေ ပြန်လာ တဲ့ ကိုဗစ်လူနာတွေကို ကုသတဲ့ ဆေးရုံ နဲ့ ဆက်စပ်နေတယ်လို့ Qingdao မြို့ ကျန်းမာရေး ကော်မရှင် ကေ န အောက်တိုဘာ (၁၂) ရက်နေ့က ကြေညာခဲ့ပါတယ်။စစ်ဆေးမှုကိုတော့ Qingdao Chest ဆေးရုံမှာ ဆောင်ရွက် နေပါတယ်။အဲ့ဒီ ဆေးရုံကိုတော့ lockdown ချ ထားပါတယ်။ဝန်ထမ်းနဲ့  လူနာ အ ယောက် တစ်သိန်း တစ်သောင်း ကျော် က တော့ လက် တ လောမှာ Negative အဖြေ ထွက် ထားပါတယ်။မြို့ နေ ပြည်သူ(၉)သန်းလုံးကို စစ်ဆေးသွားမှာပါ။

READ
မြွေကဲ့သို့ ၂ လတစ်ကြိမ်အရေပြားတွေ ကွာကျနေတဲ့ ကောင်မလေး
Image:shutterstock /By By diy13

Qingdao ဆိပ်ကမ်း က တော့ ခရီးသွားတွေ လာရောက်လည် ပတ်တဲ့ မြို့ တစ်မြို့ပါ။ဒီလထဲမှာပဲ  Golden Week အားလပ်ရက် လည်း ရှိတာ ကြောင့်  ခရီးသွား သန်း(၆၀၀)ကျော်လောက် လာရောက်ခဲ့ပါ သေးတယ်။ Qingdao က တော့ ကမ်းခြေ တွေ ရှိတဲ့ ဆိပ်ကမ်းမြို့ ဖြစ်တာေ ကြာင့် ခရီးသွား ဧည့်သည် များ ပါတယ်။ဒါ့အပြင်အားလပ်ရက် နဲ့ လည်း ဆက်စပ်သွားတာ ကြောင့် ရောဂါ ကူးစက်နှုန်းတွေ တ ကျော့ပြန် လည် မြင့် တက် လာ မှာကို တရုတ် အစိုးရက စိတ်ပူ နေပါတယ်။တရုတ်မှာတော့ ပြီးခဲ့တဲ့ မေ တုန်းကလည်း ၀ူဟန် တစ်မြို့ လုံး က လူ(၁၁)သန်းကို ကိုဗစ် စစ်ဆေးမှု လုပ် ဆောင် ခဲ့ပါ သေးတယ်။

READ
သားဖြစ်သူကို အိမ်ထဲကျူးကျော်လာသူထင်ပြီး သေနတ်နဲ့ပစ်ခဲ့တဲ့ရဲအရာရှိ

#SHWEMOM

SHARE