ဝန်ထမ်းတွေကြောင့် ဘုရင်မကြီး ပိတ်ပစ်ခဲ့တဲ့ ဘက်ကင်ဟမ်နန်းတော်ထဲက အရက်ဘား

instagram/theroyalfamily

အရင်တုန်းက ဘက်ကင်ဟမ်နန်းတော်ထဲမှာ နန်းတော်ဝန်ထမ်းတွေအတွက် သီးသန့်အရက်ဘားတစ်ခု ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘားမှာ သောက်တဲ့သူတွေ သိပ်များတာကြောင့် ဘုရင်မကြီးက ပိတ်ပစ်ခဲ့တယ်လို့ insider သတင်းအရ သိရပါတယ်။

ဘုရင်မကြီးဆီမှာ အရင်တုန်းက အလုပ်လုပ်ဖူးတဲ့ စာနယ်ဇင်းအတွင်းရေးမှုး ဒစ်ကီအာဘစ်တာ ပြောပြပုံအရတော့ ၀န်ထမ်းတွေဟာ အရက်ဘားထဲကို ဆိုးဆိုးဝါးဝါးတွေလည်း ၀တ်လာကြောင်း ပြောပြပါတယ်။ အဲ့ဒီဘားကို ဘယ်အချိန်မှာ ဖယ်ပစ်ခဲ့တယ်ဆိုတာတော့ သေချာ မသိရပေမယ့် ဘားဖွင့်ထားတုန်းကတော့ ဘုရင်မကြီးကိုယ်တိုင် တစ်နေ့လုံး အလုပ်များတဲ့ နေ့တွေဆိုရင် ဘားဆီလာပြီး ရှန်ပိန်လေး ဘာလေးသောက်တတ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဘုရင်မကြီးအနေနဲ့ ဘားထဲ ရှန်ပိန်လာသောက်တိုင်း အမူးလွန်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ၀န်ထမ်းတွေကို ကြည့်ပြီး မျက်စိရှုပ်သွားလားတော့ မပြောတတ်ပါဘူး။

instagram/theroyalfamily

တော်ဝင်မိသားစုဝင်တွေနဲ့ ၀န်ထမ်းတွေဟာ တစ်ခါတစ်လေမှာ အရမ်းကို ရင်းရင်းနှီးနှီးဆက်ဆံကြလေ့ ရှိပါတယ်။ ကာမီလာရဲ့ မျက်နှာအလှပြုပြင်တဲ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဒီဘိုးရာမစ်ရှဲလ်ကတော့ သူမက ကာမီလာနဲ့ ကော်ဖီတူတူသောက်ဖူးကြောင်း ဆိုပါတယ်။ တော်ဝင်မျိုးနွယ်တစ်ယောက်ဖြစ်တဲ့အပြင် အလုပ်ရှင်နဲ့ ၀န်ထမ်းဖြစ်ပေမယ့် သူမက ကော်ဖီဖျော်ပေးစရာ မလိုပဲ ကာမီလာက သူမအတွက် ကော်ဖီကို ကိုယ်တိုင်ဖျော်တယ်လို့ ဆိုပါတယ်။

READ
ဓားပြီးကြောင်း သက်သေပြသည့် နတ်ဝင်သည်တစ်ဦး မိမိကိုယ်ကို ဓားနဲ့ထိုးမိပြီးသေဆုံး
instagram/theroyalfamily

ဒါ့အပြင် မစ်ရှဲလ်က သူမဟာ တော်ဝင်မိသားစုဝင်တွေရဲ့ သီးသန့်ပါတီတွေနဲ့ ညအိပ်သွားရတဲ့ ခရီးစဉ်တွေကိုလည်း နှစ်သက်ကြောင်းဆိုပါတယ်။ သူမက “ချားလ်စ်နဲ့ ကာမီလာက ကျွန်မကို စောင့်ရှောက်ကြပါတယ်။ သူတို့နဲ့လိုက်သွားရင် ကိုယ့်လုပ်အားခအတွက် ပိုက်ဆံတောင် လိုချင်တော့မှာ မဟုတ်ဘူး။ တော်ဝင်မိသားစုဝင်တွေနဲ့ သွားရတာဆိုတော့ သွားရခဲ ရောက်ရခဲတဲ့ နေရာတွေကို ရောက်ရတယ်။   တည်းခိုရတဲ့ နေရာတွေကလည်း သိပ်လှတာပဲ။ ကျွန်မတော့ အရမ်းသဘောကျတယ်။ တစ်ခုရှိတာက သူတို့နဲ့ဆက်ဆံရင် အပြောအဆိုတော့ ကျွန်မသတိထားရပါတယ်…” လို့ ပြောပြပါသေးတယ်။

လင်းလင်း (ShweMom)

SHARE