ဘယ်နေရာ ဘယ်သွားသွား အင်္ဂလန်ဘုရင်မကြီး ယူသွားတတ်တဲ့ မပါမဖြစ် အချိုပွဲတစ်ခု

People, Celebrities/shutterstock

အချိုပွဲကောင်းတစ်ခုကို စားလိုက်ရတာဟာ စစ်မှန်တဲ့ဘဝအနှစ်သာရထဲက တစ်စိတ်တစ်ပိုင်းကို ပြီးပြည့်စုံသွားစေတယ်ဆိုပြီး အချိုပွဲတစ်ခုဟာ ဘယ်လောက်အရေးပါကြေင်း တင်စားတဲ့စကားတွေရှိလို့နေပါတယ်။ အချိုပွဲကြိုက်တတ်သူထဲမှာ အင်္ဂလန်ဘုရင်မကြီး Elizabeth လည်း တစ်ယောက်အပါအဝင်ပါပဲ။

People, Celebrities/shutterstock

ဝင်ဆာတော်ဝင်မိသားစုရဲ့ စားဖိုမှူးဟောင်းအဖြစ် ၁၅ နှစ်ကြာ တာဝန်ယူခဲ့ရတဲ့ Darren McGrady က တော့ အချိုပွဲတွေထဲ ဘုရင်မကြီးကို အပတ်တိုင်းလိုလို လုပ်ပေးရတာကတော့ ချောကလတ်ဘီစကစ်ကိတ်မုန့်ပါပဲတဲ့။ သူ့အနေနဲ့ အဓိကတာဝန်ယူခဲ့ရသူတွေကတော့ ဘုရင်မကြီး Elizabeth နဲ့ ကြင်ယာတော်မင်းသား ဖိလစ်တို့ရဲ့ အစားအသောက်တွေကိုပါ။ ၁၉၈၂ ခုနှစ်မှစပြီး ၁၉၉၃ ခုနှစ်အထိ စားဖိုမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အခုအချိန်မှာတော့ အနားယူသွားခဲ့ပါပြီ။

ဘုရင်မကြီးဟာ အပြင်ကနေ ပြန်လာတဲ့အခါတိုင်း မီးဖိုချောင်ထဲမှာ အဲဒီချောကလတ်ဘီစကစ်ကိတ်မုန့် ကျန်သေးတယ်ဆိုရင် စားဖိုမှူးတွေက ဘုရင်မကြီးကို သွားအသိပေးရလေ့ရှိပြီး သူစားချင်ရင် ယူခိုင်းပြီး စားပါသေးတယ်။ ဒီအပြင် တစ်နေရာရာသွားတော့မယ်ဆိုရင်လည်း ကိတ်မုန့်ကိုယူသွားလေ့ရှိတာကြောင့် ဒီတစ်ခေါက်ရော ယူသွားဦးမလားလို့ သတိပေးမေးရတာ အကြိမ်ကြိမ်ပါပဲတဲ့။

READ
တကယ့်အပြင်က Annabelle အရုပ်ရဲ့ ကြောချမ်းဖွယ်ရာ အချက် ၁၀ ချက်
Dovile Ramoskaite/shutterstock

စားဖိုမှူး Darren McGrady ဟာ တော်ဝင်မိသားစုအတွက် ဟင်းပွဲကြီးတွေမှအဆုံး အချိုပွဲအထိ တာဝန်ယူပေးရပြီး ကိတ်မုန့်ဖုတ်တဲ့အခါ တခြားကိတ်မုန့်တွေဆိုရင် ဘုရင်မကြီးက ထပ်ခါထပ်ခါတောင်းစားလေ့မရှိဘဲ ချောကလတ်ဘီစကစ်ကိတ်မုန့်ဖုတ်ပြီဟေ့ဆိုတာနဲ့ တစ်လုံးလုံးမကုန်မချင်း တောင်းတောင်းစားလေ့ရှိပါတယ်လို့ အရင်ကအမှတ်တရတွေကို Insider အားပြန်ပြောပြခဲ့ပါတယ်။

Penny

SHARE