ဘုရင်မကြီး အဲလက်စ်ဇလက်နဲ့ မင်းသားကြီး Philip တို့ရဲ့ နှစ်(၇၀)ကျော် ခိုင်မြဲတဲ့ချစ်ခြင်း

Twitter/KingstonPalace

(၂၀၁၇)ခုနှစ်ဟာ ဘုရင်မကြီး အဲလစ်ဇဘက်နဲ့မင်းသား Philipတို့ရဲ့နှစ်(၇၀)မြောက် မင်္ဂလာနှစ်ပတ်လည်ပြည့်မြောက်သွားခဲ့တဲ့နှစ်ပါ။ သူတို့က သမိုင်းတစ်လျှောက်မှာ အိမ်ထောင်သက်အရှည်ဆုံး တော်ဝင်စုံတွဲဆိုလည်းမမှားပါဘူး။ ကဲ သူတို့အခုလို ဆယ်စုနှစ်နဲ့ချီပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်လို ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ခဲ့ကြလဲ ဆိုတာကို Bright Side ကအခုလို ဖော်ပြပေးလိုက်ပါတယ်။

ချစ်ခြင်းအပေါ် အခြေခံပြီး လက်ထပ်ခဲ့ကြတာ

အိမ်ထောင်ရေးတစ်ခုမှာ ချစ်ခြင်းနဲ့တည်ဆောက်ခြင်းက ပိုမိုခိုင်မြဲစေတဲ့ကြိုးတစ်ကြောင်းပါ။ ဘုရင်မကြီး Elizabethဟာသူ့ထက်အသက်(၅)နှစ်ကြီးတဲ့ Philipနဲ့ Philip အစ်ကိုဝမ်းကွဲ မင်္ဂလာဆောင်မှာ ဆုံခဲ့ကြပြီး အဲ့ဒီအချိန်ကဘုရင်မကြီးက အသက်ရှစ်နှစ်သာရှိပါသေးတယ်။ နောက်ငါးနှစ်ပြီးနောက် ဒုတိယကမ္ဘာစစ်မဖြစ်မီအချိန်က သူတို့နှစ်ဦးထပ်တွေ့ချိန်မှာ ချစ်ကြိုက်သွားခဲ့ကြတာပါ။ ဒုတိယကမ္ဘာစစ်အတွင်း  Philipက တော်ဝင်ရေတပ်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ တစ်ဦးနဲ့တစ်ဦးစာပေးအယူနဲ့သာ စောင့်ဆိုင်းနေခဲ့ပြီး၊ (၁၉၄၆)ခုနှစ် Philip ရေတပ်ကပြန်လာချိန် လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဘုရင်မကြီးကလည်း ချစ်ခြင်းလက်ခံခဲ့ပြီး ၊ ဘုရင်မကြီး(၂၁)နှစ်မပြည့်ခင် လျို့ဝှက် လက်ထပ်ခဲ့ကြပါတယ်။ (၁၉၄၇)ခုနှစ်၊ ဇူလိုင်(၉)ရက်မှာ တရားဝင်ကြေညာပြီး၊ နိုဝင်ဘာ(၂၀)မှာ လက်ထပ်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။

တစ်ဦးနဲ့တစ်ဦး အထောက်အပံ့ပေးခဲ့တာ

ဘုရင်မကြီး နန်းတက်ခဲ့ပြီးနောက်၊ Philipဟာ ထီးနန်းရဲ့နောက်ကွယ်ကနေပဲ ဇန်ီးကို ထောက်ပံ့ပေးခဲ့တာပါ။ ဘုရင်မကြီးအောင်မြင်မှုအတွက် ခင်ပွန်းရဲ့ထောက်ပံ့မှုတွေဟာ တကယ်ကိုမရှိမဖြစ် အရေးပါခဲ့တဲ့အရာတွေပါ။ (၁၉၉၇)ခုနှစ်က သူတို့ရဲ့ရွှေရတုမင်္ဂလာနှစ်ပတ်လည်မိန့်ခွန်းမှာ ဘုရင်မကြီးက “သူ့ခင်ပွန်းဟာ ချီးမွမ်းစကားတွေကို အလွယ်တကူ လက်မခံတတ်သူ တစ်ယောက်ပါ။ ဒီတစ်လျှောက်လုံး ကျွန်မကို နောက်ကွယ်ကနေ ခွန်အားအပြည့်အ၀ ပေးခဲ့သူဖြစ်တယ်”လို့ ပြောခဲ့ပါတယ်။

အကြိုက်တူကြတာ

READ
တစ်ယောက်ယောက် သင့်ကို Crush နေပြီဆိုတာ သိနိုင်မည့် အချက်များ

လူနှစ်ယောက် ပေါင်းစပ်တဲ့အခါ အကြိုက်တူတာက အဲ့ဒီလူနှစ်ယောက်ကို ပိုမိုခိုင်မြဲစေပါတယ်။ သူတို့စုံတွဲကလည်း အကြိုက်တူကြသူတွေပါ။ အပျော်ခရီး အတူတူထွက်တာ၊ တောရိုင်းတိရစ္ဆာန်တွေနဲ့ပတ်သက်တဲ့ အနုပညာလက်ရာတွေစုဆောင်းရတာကို ကြိုက်နှစ်သက်တာနဲ့ အကင်လုပ်စားရတာကိုလည်း သဘောကျသူတွေပါ။ အမြဲလိုလို အတူအချိန်ကုန်ဆုံးတတ်ပြီး တစ်ဦးရှိရင်တစ်ဦး ပျော်ရွှင်နေသူတွေ ဖြစ်ပါတယ်။

ဟာသဥာဏ်ရှိတာ

Philip ဟာ ဟာသဥာဏ်ရွှင်သူ တစ်ယောက်ဖြစ်ပြီး၊ နှစ်(၇၀)ကျော်လုံး ဘုရင်မကြီးကို ရယ်စရာတွေ  ဖန်တီးပေးခဲ့သူဖြစ်ပါတယ်။ လူတစ်ယောက်ကို ပျော်ရွှင်အောင်ထားတတ်သူဟာ လူသားဆန်စိတ်ရှိသူပါ။ Philip က သူ့ဇနီးဖြစ်သူ ဘုရင်မကြီး ကို“sausage.” လို့ နာမည်ပြောင်ပေးထားပြီး၊ စနောက်တတ်ပါသေးတယ်။

 

တစ်ဦးနဲ့တစ်ဦး အဆက်အသွယ်မပြတ်တာ

တစ်ယောက်နဲတစ်ယောက် ဘယ်လောက်ဝေးကွာနေပါစေ။ ဘယ်အရာကမှ သူတို့ကို ဝေးကွာအောင်မလုပ်နိုင်တဲ့ ဆက်ဆံရေးရှိသူတွေပါ။ ဘာကြောင့်လဲဆိုရင် ဒုတိယကမ္ဘာစစ်အတွင်း တော်ဝင်ရေတပ်မှာ Philipတာဝန်ထမ်းဆောင်ခဲ့ချိန်က တစ်ဦးနဲ့တစ်ဦး အဆက်အသွယ်မပြတ် စာပို့ဆက်သွယ်ခဲ့ကြပါတယ်။  (၂၀၁၇)ခုနှစ်မှာ Philip ဟာ မြို့စားတာဝန်မှ အနားယူလိုက်ပြီးနောက်ပိုင်း Norfolk အရှေ့ပိုင်းက Wood ခြံမှာ ဘ၀ကို အေးအေးချမ်းချမ်း စတင်ခဲ့ချိန်မှာလည်း နေ့တိုင်း ဖုန်းအဆက်အသွယ်မပြတ် ရှိခဲ့ကြတယ်လို့သိရပါတယ်။

တစ်ဦးပေးတဲ့လက်ဆောင်ကို တစ်ဦးက တန်ဖိုးထားတာ

READ
တစ်ကိုယ်ကောင်းဆန်တဲ့ ယောက်ျားဆိုးတွေရဲ့ လက္ခဏာများ

လူတစ်ယောက်နဲ့တစ်ယောက်ချစ်ခင်လို့ပေးတဲ့လက်ဆောင်ဟာ တန်ဖိုးကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ ချစ်ခြင်းသင်္ကေတဖြစ်တာမို့ တန်ဖိုးထားတတ်ဖို့အရေးကြီးပါတယ်။ ဘုရင်မကြီးဟာ ပိုင်ဆိုင်မှုတွေအများကြီးရှိတဲ့ကြားက တန်ဖိုးအထားဆုံးပစ္စည်းကိုပြောပါဆို သူမရဲ့ ပင့်ကူရင်ထိုးလေးဖြစ်ပါတယ်။ အဲ့ဒီရင်ထိုးလေးကို (၁၉၆၆)ခုနှစ်က သူမ ခင်ပွန်းပေးခဲ့ချစ်သက်လက်ဆောင်တစ်ခုဖြစ်ပါတယ်။  ဒီရင်ထိုးကို ဘုရင်မကြီး ဘယ်လောက်တန်ဖိုးထားလဲဆိုရင် Christmas အတွက် ရုပ်သံမှာ ပထမဆုံးမိန့်ခွန်းပြောကြားစဉ် တန်ဖိုးကြီးလက်ဝတ်ရတနာတွေကြားထဲက ခင်ပွန်းဖြစ်သူပေးတဲ့ ရင်ထိုးကို ထိုးထားခဲ့တာဖြစ်ပါတယ်။

တစ်ဦးရဲ့ဆုံးဖြတ်ချက်တွေကို တစ်ဦးက အလေးထားတာ

လက်ရှိမှာ ဘုရင်မကြီး Elizabeth နဲ့မင်းသား Philipတို့ဟာ (၇၃)နှစ်ကြာ အတူဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။ အချိန်ကြာ ဖြတ်သန်းလာပေမယ့် နှစ်ယောက်စလုံးဟာ တစ်ဦးပေါ်တစ်ဦး လွှမ်းမိုးချုပ်ကိုင်ခြင်းမရှိဘဲ တစ်ယောက်ရဲ့ဆုံးဖြတ်ချက်ကိုတစ်ယောက်က အလေးထားခဲ့ကြပါတယ်။

 

Khaing Sandar

SHARE