ဒေါ်လာသန်းချီတန်တဲ့ အပန်းဖြေစခန်းကို (၅၅) ဒေါ်လာနဲ့ မဲဖောက်ပေးမယ့် အမျိုးသမီး

သြစတေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်နေ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ဒေါ်လာ(၁.၅)သန်းတန်တဲ့ တိရစ္ဆာန်အပန်းဖြေစခန်းကို ရောင်းချဖို့ ကြိုးစားနေပါတယ်။ အပန်းဖြေစခန်းဟာ တောင်းစ်ဗီးလ်မြို့ကနေ (၂၅) မိနစ်လောက် ဝေးကွာတဲ့နေရာမှာရှိပြီး Yapper Valley Pet Resort လို့ အမည်ရပါတယ်။

အဆိုပါအမျိုးသမီးဟာ အွန်လိုင်းပေါ်မှာ တိရစ္ဆာန်ဓာတ်ပုံလေးတွေပါတဲ့ (၅၅) ဒေါ်လာတန် ကံစမ်းမဲလက်မှတ်တွေ ရောင်းချနေတာပါ။ သူမဟာ စုစုပေါင်း လက်မှတ်အစောင်ရေ (၄၀,၀၀၀) ရောင်းချဖို့ရှိပြီး ထိုလက်မှတ်တွေထဲကနေ အပန်းဖြေစခန်းအတွက် ကံထူးရှင်ကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

Source:News Corp Australia

ကံထူးသူကတော့ သူမရဲ့ ဒေါ်လာ(၁.၅) သန်းတန် တိရစ္ဆာန်အပန်းဖြေစခန်းကို ရရှိမှာဖြစ်ပါတယ်။ မြေဧက(၁၁၀)၊ အိပ်ခန်း(၄) ခန်း၊ ရေချိုးခန်း(၂) ခန်းပါတဲ့ အိမ်၊ ၀င်ငွေကောင်းနေတဲ့ တိရစ္ဆာန်အပန်းဖြေစခန်း စီးပွားရေးလုပ်ငန်းနဲ့အတူ ဘဏ်ထဲက ငွေသား (၃၀,၀၀၀) တို့ကို ကံထူးလက်ဆောင်တွေအဖြစ် ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက လက်မှတ်(၄၀,၀၀၀) စလုံး ရောင်းကုန်မှ ၄င်း(၁.၅) သန်းတန် အပန်းဖြေစခန်းကြီးကို မဲကံထူးရှင်က ရရှိမှာပါ။ လက်မှတ်တွေ ရောင်းမကုန်ဘူးဆိုရင်တော့ မဲကံထူးရှင်ဟာ လက်မှတ်ရောင်းရငွေအားလုံးထဲက တစ်ဝက်ကိုသာ ရရှိမှာ ဖြစ်ပါတယ်။ အပန်းဖြေစခန်းကြီးကိုတော့ မရရှိပါဘူး။

READ
လေ့လာရေးခရီးစဉ်တွင် အိပ်မောကျရင်း သေဆုံးသွားသည့် (၁၅)နှစ် ကောင်လေး
Source:Supplied

ဒီအစီအစဉ်ဟာ ရောင်းသူရော ၀ယ်သူအတွက်ပါ စိတ်ကျေနပ်မှုပေးနိုင်တဲ့ အစီအစဉ်ဖြစ်တယ်လို့ အဆိုပါ အမျိုးသမီးက ဆိုပါတယ်။ အပန်းဖြေစခန်းရဲ့ ပိုင်ရှင် အမျိုးသမီးဟာ အသက်(၃၁) နှစ်အရွယ် နာတာလီဂီမယ်လီဆိုသူဖြစ်ပြီး သားငယ်နှစ်ယောက်နဲ့ အတူနေထိုင်ပါတယ်။ နာတာလီဟာ ကံစမ်းမဲလက်မှတ်တွေကို လာမယ့် စက်တင်ဘာ(၂၃) ရက်နေ့မှာ မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ မဲလက်မှတ် လေးသောင်းပြည့်ခဲ့ရင် မဲဖောက်ပေးပြီးတဲ့အခါ နာတာလီက ဆိတ်နို့ဆပ်ပြာလုပ်ငန်း ထူထောင်ဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

Source:Supplied
လင်းလင်း (ShweMom)
Ref: news.com.au
SHARE