အိမ်ထောင်မပြုမီ နှစ်ကိုယ်ကြား မေးသင့်တဲ့ မေးခွန်း ၅ ခု

Manulife

မကြာခင်အိမ်ထောင်ပြုတော့မယ့် ချစ်တို့ရေ…။ ကပ်ရောဂါဆိုးကြီးက ခုချိန်ထိမရပ်တန့်နိုင်သေးတော့ မကြာခင်ရောက်လာတော့မယ့် ဝါကျွတ်ကာလ၊ သီတင်းကျွတ်ချိန်ခါ၊ မင်္ဂလာဆောင်ချိန်အခါသမယတို့ကလည်း အရင်လိုရင်ခုန်စိတ်လှုပ်ရှားဖို့ မကောင်းတော့သလိုပဲနော်။ ဒါပေမယ့်လည်း ဒီလိုအခြေအနေမျိုးက တစ်ဆစ်ချိုးခုန်ကူးတော့မယ့် ဘဝသစ်အတွက် ဒါမှမဟုတ် အိမ်ထောင်သည်ဘဝကိုမစတင်ခင် ဘဝလက်တွဲဖော်နဲ့အတူ ခဏလေးအချိန်ယူပြီး စဉ်းစားဖို့ အခွင့်အရေးတစ်ခုပါပဲ။ ဘဝလက်တွဲဖော်နဲ့အတူ ရှေ့ဆက်မယ့်အနာဂတ်အတွက် တိုင်ပင်စဉ်းစားဖို့ Covid-19 က ချစ်တို့ကိုအချိန်ပေးနေပါတယ်။

ဘာတွေစဉ်းစားကြမလဲ။ အိမ်ထောင်မပြုခင် ကိုယ့်ကိုယ်ကို မေးသင့်တဲ့မေးခွန်း ၅ ခုကို ချစ်တို့အတွက်ဖော်ပြပေးလိုက်ပါတယ်။

၁) မင်္ဂလာဆောင်အခမ်းအနားကြီးကြီးကျယ်ကျယ်လုပ်မှာလား? အကျဉ်းချုံးပဲလုပ်မှာလား? ဒါမှမဟုတ် ကုန်ကျစရိတ်တွေကိုချွေတာပြီးစုဆောင်းမလား?

အားလုံးသိတဲ့အတိုင်း မင်္ဂလာဆောင်စရိတ်က ပိုက်ဆံတော်တော်ကုန်ကျပါတယ်။ မိန်းကလေးတော်တော်များများနဲ့ မိဘတွေကတော့ မင်္ဂလာဆောင်နေ့လေးအတွက် အထူးစိတ်လှုပ်တရှား ပြင်ဆင်တတ်ကြပါတယ်။ အခုချိန်မှာ လုပ်သင့်တာကတော့ အနာဂတ်အတွက် ဘယ်ဟာပိုအရေးကြီးလဲ တိုင်ပင်ပါ။ အရေးကြီးတာကို ရွေးချယ်ပါ။ ရွေးချယ်ထားတဲ့အရာအတွက် ငွေကြေးပြင်ဆင်ထားပါ။ ရေရှည်အတွက်မြင်တတ်ပါ။ ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာဆောင်အခမ်းအနားကြီးဖြစ်ဖို့ထက် ဘဝအတွက် အမှတ်တရဖြစ်စေမယ့်အခမ်းအနားဖြစ်ဖို့ကသာ ပိုအရေးကြီးပါတယ်။

၂) လက်ရှိ ငွေရေးကြေးရေးအခြေအနေ ဘယ်လိုလဲ?

အိုကေတယ်လို့မပြောခင် လက်တွဲဖော်နဲ့ပွင့်ပွင့်လင်းလင်းတိုင်ပင်ရမှာက တခြားသူကိုဆပ်ဖို့အကြွေးယူထားတာရှိနေလား။ ဥပမာအနေနဲ့ ကားအရစ်ကျနဲ့ဝယ်ထားတာလား စသည်ဖြင့်ပေါ့။ အိမ်ထောင်ပြုတော့မှာဖြစ်လို့ နှစ်ယောက်ကြားမှာရှိတဲ့ ငွေရေးကြေးရေးအခြေအနေကို ပွင့်ပွင့်လင်းလင်းသိထားရတော့မှာဖြစ်ပါတယ်။ နှစ်ယောက်တစ်ဘဝအချိန်ရောက်မှ ကိုယ်ရောသူရောကြားမှာ အတားအဆီးဖြစ်စေမယ့် ကိစ္စတွေမရှိလာဖို့ အကောင်းအဆိုး အရာရာအားလုံးကို အချင်းချင်း တိုင်ပင်ထားဖို့ လိုပါတယ်။

Manulife

၃) ဘဝရည်မှန်းချက်၊ ငွေကြေးရည်မှန်းချက်တွေ အပြန်အလှန်ရင်ဖွင့်ဖြစ်လား?

အိမ်ထောင်ပြုပြီးတဲ့အချိန်မှာ ငွေရေးကြေးရေးကိုင်တွယ်ပုံ၊ လူနေမှုပုံစံပြောင်းလဲသွားပုံတွေဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဒါပေမယ့် အိမ်ထောင်ပြုပြီးတဲ့အခါ ကလေးစယူတော့မှာလား၊ ခရီးတွေထွက်ဦးမှာလား။ နှစ်ယောက်လုံးက လက်ရှိအလုပ်မှာပဲဆက်လုပ်နေမှာလား။ ဒါမှမဟုတ် တစ်ယောက်က အလုပ်ထွက်မှာလား။ ရှေ့မှာဘာတွေဖြစ်လာမလဲဆိုတာ အတိအကျပြောလို့မရပေမယ့် အိမ်ထောင်မပြုခင်မှာ ငွေကြေးပိုင်ဆိုင်မှုကိုတော့ ဆွေးနွေးတိုင်ပင်ထားတာ အကောင်းဆုံးပါပဲ။ ချစ်တို့အတွက် တစ်ချိန်မှာကြုံလာမယ့် အရေးကြီး ဆုံးဖြတ်ချက်တွေအတွက် အဆင်သင့်ဖြစ်စေတာပေါ့။

READ
ကိုယ့်အလှမှာ လူတွေနစ်မြောသွားစေဖို့

၎) ကျောထောက်နောက်ခံဖြစ်စေမယ့် ငွေကြေးအစီအစဉ်?

ငွေကြေးလုံခြုံမှုအတွက် စိတ်အေးရအောင်လို့ အရန်သင့်အစီအစဉ်တစ်ခု အမြဲရှိထားသင့်ပါတယ်။ တစ်ချို့က ရွှေစုဆောင်းတာ၊ ဒါမှဟုတ် ပိုင်ဆိုင်မှုတွေထပ်တိုးရင်းနှီးမြှပ်နှံတဲ့နေရာမှာ နှစ်သက်ကြတယ်။ အဲဒီထဲက အာမခံထားရှိခြင်းကတော့ မိမိကိုယ်တိုင်မိမိချစ်ရတဲ့သူတွေကို ငွေကြေးအားဖြင့်ကာကွယ်မှုပေးခြင်းပါပဲ။ ချစ်တို့အတွက် ကိုယ့်ကိုယ်ကို၊ ကိုယ့်မိသားစု၊ ကိုယ့်ရဲ့ကား၊ ကိုယ့်ရဲ့အိမ်နဲ့ ကိုယ့်ကျန်းမာရေးတို့အတွက် ကာကွယ်ပေးနိုင်ဖို့ အာမခံအစီအစဉ်အမျိုးမျိုးရှိနေပါတယ်။

၅) ဘယ်လို(ငွေကြေး)အမွေမျိုးကို ချန်ထားခဲ့ချင်လဲ?

ငွေကြေးအမွေချန်ထားခဲ့နိုင်ဖို့ဆိုတာ လူ့သက်တမ်း အနှစ် ၇၀ ကျော်မဝင်ရောက်ခင် ဟိုးငယ်ရွယ်စဉ်အချိန်ကတည်းက စတင်ထားရှိသင့်တဲ့အရာတစ်ခုပါ။ ကိုယ်ချစ်ရတဲ့သူတွေကို ငွေကြေးအမွေချန်ထားခဲ့ခြင်းအားဖြင့် သူတို့ကို တင့်တောင်းတင့်တယ်ထားနိုင်သလို ကိုယ်ကိုယ်တိုင်သူတို့အတွက် ရည်မှန်းထားတဲ့အနာဂတ်ကို ပြင်ဆင်ပေးရာလည်းကျပါတယ်။ ပြီးတော့ သူတို့အတွက် အကောင်းဆုံးအမွေထားခဲ့နိုင်ခြင်းလည်းဖြစ်ပါတယ်။ အိမ်ထောင်ရှင်တွေဖြစ်ကြတဲ့အတွက် ကလေးတွေအတွက် ပညာရေးအသက်အာမခံ ဝယ်ယူပြီးရင်းနှီးထားမှာလား။ အသက်ကြီးလာတဲ့မိဘတွေနဲ့မှီခိုသူတွေကို စောင့်ရှောက်ပေးဖို့စိတ်ကူးထားလား။ ဒီစိတ်ကူးထားတယ်ဆိုရင်တော့ အသက်အာမခံထားရှိခြင်းက ချစ်တို့အတွက် စိတ်အေးစေနိုင်မှာပါ။ ဘာကြောင့်လည်းဆိုတော့ အသက်အာမခံထားရှိခြင်းက အိမ်ထောင်ပြုပြီးတဲ့အခါမှာ ကိုယ်ချစ်ရတဲ့သူတွေအတွက် ဆက်လက်ပြီးထောက်ပံ့ပေးနိုင်မယ်၊ ဆက်လက်ပြီးဂရုစိုက်ပေးနိုင်မယ်ဆိုတာ သိထားလို့ဖြစ်ပါတယ်။

Manulife

အိမ်ထောင်မပြုမီ ငွေကြေးအကြောင်းပြောဆိုရတာ အချစ်ဇာတ်လမ်းတစ်ပုဒ်လို ရင်ခုန်ဖို့တော့မကောင်းပါဘူး။ ဒါပေမယ့် ချစ်တို့ပိုင်ဆိုင်လာရမယ့် အိမ်ထောင်သည်ဘဝမှာ မိမိဘဝလက်တွဲဖော်ဆိုတာ ငွေကြေးစပ်တူလုပ်ငန်းရှင်ဖြစ်သလို ဘဝကြင်ယာဖက်လည်းဖြစ်ကြပါတယ်။ ငွေကြေးနဲ့ပတ်သက်ရင် နှစ်ဦးသား မကြာခဏပွင့်ပွင့်လင်းလင်းပြောဆိုပြီး ကြီးပွားတိုးတက်အောင်စွမ်းဆောင်ရမှာပါ။ ဒါကြောင့် ဘဝလက်တွဲဖော်နဲ့ ဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးဖြစ်မယ့်အရာကို ဆုံးဖြတ်လုပ်ဆောင်သင့်တယ်နော်။

READ
ခရီးတစ်ခုကို ကြိုမစီစဉ်ဘဲသွားခြင်းက ရရှိမယ့်အကျိုးကျေးဇူးများ

နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိတဲ့ Manulife အာမခံကုမ္ပဏီက မြန်မာမိသားစုတွေအတွက် ယုံကြည် စိတ်ချရတဲ့ လက်တွဲဖော်ဖြစ်ပါတယ်။ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အသင့်လျော်ဆုံး အာမခံအမျိုးအစား၊ ရယူနိုင်မယ့်အာမခံတွေနဲ့ အာမခံသဘောတရားတွေကို ကောင်းကောင်းနားလည်နိုင်ဖို့ Manulife ရဲ့ ကျွမ်းကျင်အကြံပေးပုဂ္ဂိုလ်တွေက သေချာရှင်းပြပေးမှာပါ။ Manulife ကို မြန်မာနိုင်ငံမှာ ၁၉၀၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ပထမဆုံး ပေါ်လစီကို ရောင်းချခဲ့ခြင်းနဲ့အတူ ရှည်လျားတဲ့သမိုင်းကြောင်း ရှိခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ပြီး မြန်မာ့ဈေးကွက်ထဲပြန်လည်ဝင်ရောက်ခဲ့ချိန်ကစလို့ Manulife က မြန်မာနိုင်ငံမှာရှိတဲ့ အာမခံစည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ငန်းရှင်တွေနဲ့ အမြဲတမ်း လက်တွဲဆောင်ရွက်ခဲ့ပြီး ဆန်းသစ်တဲ့ အာမခံအမျိုးအစားတွေကို ဘယ်လိုဖန်တီးအသုံးချရမလဲ ဆိုတဲ့ အကြံဉာဏ်ကောင်းတွေ အမြဲတမ်းပေးခဲ့ပါတယ်။ ဒီလိုနဲ့ Manulife က မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဆက်ပြီးကူညီထောက်ပံ့ပေးနေပါတယ်။

Manulife အနေနဲ့ ဘယ်လိုငွေကြေးအစီအစဉ်ကောင်းတွေနဲ့ ကူညီပေးမလဲဆိုတာသိချင်တယ်ဆိုရင်တော့

ဖုန်း – +၉၅ ၉ ၇၆၅၄၆၇၁၀၀
အီးမေးလ် – [email protected] နှင့်
Manulife Myanmar Facebook page တို့ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Sponsored by Manulife

SHARE