ခွေးလေးတွေ၊ ကြောင်လေးတွေမမွေးခင် အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်မေးရမယ့်မေးခွန်းများ

Freepik- freepik

အိမ်မွေးတိရိစ္ဆာန်မွေးတယ်ဆိုတာ တော်ရုံစိတ်ရှည်မှုမျိုးနဲ့ ဘယ်လိုမှ မွေးလို့ရမှာမဟုတ်ပါဘူး။ သူတို့လေးတွေဟာလည်း သက်ရှိလေးတွေပါပဲ။ ခံစားချက်ရှိတယ်၊ တန်ဖိုးထားဖို့ ထိုက်တန်ပါတယ်။ ဒါကြောင့် ခွေးလေး၊ ကြောင်လေးမွေးတော့မယ့်အခါ ဒီမေးခွန်းလေးတွေကို အရင်ဆုံးမေးလိုက်ပါ။

Freepik- prostooleh

(၁) တကယ်လိုချင်ရဲ့လား

အိမ်မွေးတိရိစ္ဆာန်မွေးတော့မယ်ဆိုရင် ဓာတ်ပုံရိုက်ချင်ရုံ သက်သက်၊ အိမ်ခုံရုံသက်သက်အတွက်နဲ့ မွေးတာမျိုးမဟုတ်ဘဲ ဘဝအတွက် တကယ့်အဖော်ကောင်းတစ်ယောက် လိုအပ်လို့ မွေးချင်တာမျိုးလားဆိုတာ သေချာအောင် အရင်ဆုံးစဉ်းစားပါ။

(၂) ချစ်ပေးဖို့အဆင်သင့်ဖြစ်ပြီလား

သက်ရှိသတ္တဝါလေးတွေဖြစ်တဲ့အတွက် သူတို့မှာလည်း ခံစားချက်တွေရှိပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သူတို့လေးတွေကို ကိုယ့်မိသားစုရင်းလိုမျိုး ချစ်ပေးဖို့အဆင်သင့်ဖြစ်နေပြီလားဆိုတာ စမ်းစစ်ပါ။

Freepik- prostooleh

(၃) အချိန်ပေးနိုင်မှာလား 

မွေးတုန်းကတော့ မွေးထားပြီး အချိန်ပေးဂရုမစိုက်နိုင်ရင်လည်း မဖြစ်ပြန်ပါဘူး။ လူတွေတောင်ပစ်ထားလို့မရသေးတာ ကိုယ့်ကို သခင်ဆိုတဲ့အသိနဲ့ တွယ်တာနေကလေးတွေကို အချိန်ပေးဂရုစိုက်ဖို့ အဆင်သင့်ဖြစ်ပြီလားဆိုတာ စဉ်းစားပါ။

(၄) ပိုက်ဆံလိုက်နိုင်လား

အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ စရိတ်စကဟာ သိပ်ကိုကြီးလွန်းပါတယ်။ ခွေးလေးတွေဆိုရင် ခွေးအမျိုးအစားအလိုက် တိုက်ရတဲ့အားဆေးတွေ၊ ကျွေးရမယ့်အစားအသောက်တွေကစလို့ ကာကွယ်ဆေးတွေ၊ တစ်ခါတစ်လေ spa ပို့ရတာတွေဟာ သိပ်ကိုဈေးကြီးလွန်းတဲ့အတွက် ကိုယ့်မှာ အပိုက်ဆံလိုက်နိုင်လားဆိုတာကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

READ
တစ်နေ့ကို ကော်ဖီနှစ်ခွက်သောက်သုံးခြင်းက သာမန် သက်တမ်းထက် (၂)နှစ်ပိုရှည်နိုင်...
Freepik- svetikova

(၅) တာဝန်ယူနိုင်ပြီလား

ကိုယ့်အဖော်လေးနဲ့ ပတ်သက်တဲ့ ကောင်းခြင်း၊ ဆိုးခြင်း ကိစ္စအဝဝတို့ကို သူတို့တစ်ဘဝလုံးစာအတွက် သင် တာဝန်ယူနိုင်ပြီလားဆိုတာ သင်သေချာစဉ်းစားပါ။

Freepik- freepik

penny

SHARE