US အစိုးရ နဲ့ Huawei ရဲ့ စီးပွားရေးတိုက်ပွဲကနေ  ပေါ်ပေါက်လာတဲ့ မေးခွန်း (၅)ခု

၂၀၁၉ မေလ ၂၀ ရက်နေ့တုန်းကတော့ Android အသုံးပြုသူတွေနဲ့ Huawei ဖုန်း အသုံးပြုသူတွေကြား အံ့အားသင့်စရာသတင်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ နောင်ထုတ်လုပ်မယ့် Huawei စမတ်ဖုန်းတွေမှာ Google ရဲ့ Android ဝန်ဆောင်မှုတွေ ရရှိတော့မှာ မဟုတ်ဘူးဆိုတဲ့ အကြောင်း ဖြစ်ပါတယ်။

ဒီပြဿနာကတော့ အမေရိကန်နဲ့ တရုတ်ကြားက ကုန်သွယ်ရေးပဋိပက္ခမှ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူအက်စ်နဲ့ တရုတ်ကုမ္ပဏီတွေ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုကို တားမြစ်လိုက်ပြီး ထရမ့်ထုတ်လိုက်တဲ့ အမေရိကန်နဲ့ ကုန်သွယ်ခွင့်တားမြစ်ထားတဲ့ ကုမ္ပဏီစာရင်းထဲမှာ Huawei က ပါသွားခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ လတ်တလော Huawei စမတ်ဖုန်းအသုံးပြုသူအချို့ သိဖို့ လိုအပ်မယ့် မေးခွန်းနဲ့ ဖြေရှင်းချက် (၅) ခုကို တင်ပြပေးလိုက်ပါတယ်။

theguardian

(၁) လက်ရှိ Huawei ဖုန်း ကိုင်ဆောင်ထားသူတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိမလဲ။

Huawei ဖုန်းတွေမှာ Google ရဲ့ ဝန်ဆောင်မှုတွေ ဖြစ်တဲ့ Google Play Store, Gmail, Google Maps, YouTube စတာတွေ ဖြတ်တောက်လိုက်မယ်ဆိုပေမယ့် လက်ရှိ ဖုန်းရဲ့ operating system မှာတော့ ဆက်လက်အသုံးပြုနေနိုင်ဦးမှာ ဖြစ်ပါတယ်။ သူတို့ပြောတဲ့ မရနိုင်တော့ဘူးဆိုတာက နောက်ထပ်အသစ်ထွက်ရှိမယ့် Android Q နဲ့ အထက် Android ဗားရှင်းအသစ်နဲ့ ဖုန်းတွေမှာတော့ အထက်ပါ ဝန်ဆောင်မှုတွေ မရနိုင်တော့ဘူးလို့ ဆိုလိုတာပါ။

READ
SanDisk ကနေ ထုတ်လုပ်လိုက်ပြီဖြစ်တဲ့ storage အများဆုံးစံချိန်သစ်နဲ့ SD card

(၂) Huawei ကုမ္ပဏီအပေါ် သက်ရောက်မှုက ဘယ်လိုရှိမလဲ။

Huawei ဖုန်း ထုတ်လုပ်မှုမှာ ဖုန်းအစိတ်အပိုင်းအချို့ကို အမေရိကန်ဘက်ကနေ ဝယ်ယူတယ်ဆိုပေမယ့် Huawei ဖုန်းတွေရဲ့ ဈေးကွက်ကိုတော့ ကြီးကြီးမားမား ထိခိုက်မှု ရှိစေမှာ မဟုတ်ဘူးလို့တော့ The Verge နည်းပညာမဂ္ဂဇင်းက သုံးသပ်ထားပါတယ်။ Huawei က တရုတ်ပြည်တွင်းမှာဆိုရင် အကြီးဆုံးဖုန်းကုမ္ပဏီဖြစ်ပြီး ၂၀၁၉ ခုနှစ်ရဲ့ ပထမသုံးလပတ်အရောင်းစာရင်းအရ ကမ္ဘာပေါ်မှာ Samsung ပြီးရင် ဒုတိယအကြီးဆုံး ဖုန်းကုမ္ပဏီအဖြစ်လည်း ရပ်တည်နေပြီးသားပါ။ ထို့အတွက် Google ကနေ ban လိုက်ရင်တောင် Huawei အတွက် လတ်တလောမှာ ရုတ်တရက်ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်ဦးမှာ မဟုတ်ပါဘူး။

(၃) Huawei ရဲ့ Plan B က ဘာဖြစ်မလဲ။

Huawei ကနေ Android operating system ကဲ့သို့ ကိုယ်ပိုင် operating system တစ်ခုကို ဖန်တီးဖို့ အလားအလာတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲဒီ့လို OS အသစ် လုပ်မယ်ဆိုရင် app developer တွေနဲ့ အသုံးပြုသူတွေရဲ့ ယုံကြည်မှုကို အလုံးအရင်းလိုက် ပြန်ရဖို့ကတော့ အစကနေ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဖုန်းထုတ်လုပ်မှုအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကိုလည်း အမေရိကန်ကုမ္ပဏီမဟုတ်တဲ့ အခြားကုမ္ပဏီတွေကို ရှာဖို့ လိုအပ်လာမှာပါ။ Huawei ကိုယ်တိုင်ကလည်း သူတို့ရဲ့ ကိုယ်ပိုင် OS တစ်ခုကို တီထွင်နေကြောင်း မကြာခဏဆိုသလို အရိပ်အမြွက် ပြောခဲ့ဖူးပါတယ်။

READ
ဗဟိုဘဏ်တွေမှာ ဒစ်ဂျစ်တယ်ငွေကြေးစနစ် အသုံးပြုလာကြတော့မှာလား...
techjuice

(၄) HONOR ဖုန်း အသုံးပြုသူတွေရော ဘယ်လိုဖြစ်မှာလဲ။

Honor ဖုန်းတွေရဲ့ ထုတ်လုပ်မှုက Huawei နဲ့ သက်သက်စီ ဖြစ်ပေမယ့် Huawei က ပိုင်တာပဲ ဖြစ်ပါတယ်။ အသုံးပြုတဲ့ နည်းပညာတွေနဲ့ ထုတ်လုပ်ဖြန့်ချိမှုတွေကလည်း Huawei အတိုင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လိုင်စင်ပိုင်းမှာတော့ ကွဲပြားချက်တွေ ရှိနိုင်တဲ့အတွက် Google ဘက်ကနေ သက်ညှာပြီး စဉ်းစားပေးနိုင်မလားဆိုတာတော့ သေချာမသိရသေးပါဘူး။

(၅) Microsoft ကရော Huawei ကို ban မှာလား။

Google က Huawei နဲ့ အလုပ်မလုပ်တော့တဲ့အတွက် Microsoft ကလည်း Huawei နဲ့ အလုပ်မလုပ်တော့ဖို့ အလားအလာတွေ ရှိတော့ ရှိနေပါတယ်။ ဒါပေမယ့် Huawei ရဲ့ Windows လက်ပ်တော့တွေဟာ အရည်အသွေးလည်း မြင့်သလို ယူအက်စ်မှာလည်း ရောင်းအားသွက်တဲ့အတွက် Microsoft အနေနဲ့ ဘယ်လိုစဉ်းစားသွားမလဲတော့ မသိရသေးပါဘူး။ Microsoft ကနေ Windows 10 အတွက် လိုင်စင်ကို Huawei လက်ပ်တော့တွေအတွက် ရောင်းပေးသွားမလားကိုတော့ ဆက်စောင့်ကြည့်ရမှာပါ။

Ref: The Verge

SHARE