သင့်မျက်ခုံးမွေး ထူထူလေးဖြစ်ချင်ရင် ဒီနည်းတွေအတိုင်း လုပ်ကြည့်ပါ

အကြောင်းအမျိုးမျိုးကြောင့် သဘာဝအတိုင်း မျက်ခုံးမွှေးထူချင်တယ်ဆိုရင် ဒီနည်းအတိုင်း လုပ်ကြည့်ပါ။ ဒီနည်းအတိုင်းဆို အလှပြင်ဆိုင်မှာ မျက်ခုံးမွေး သွားဆွဲစရာမလိုတော့ပါဘူး။ သင့်အိမ်မှာပဲ သဘာဝအတိုင်း မျက်ခုံးမွေးထူထူလေး ဖြစ်လာစေမှာပါ။

(၁) ကြက်သွန်နီ

depositphotos

ကြက်သွန်နီ အရည်ကို မျက်ခုံးမွှေးပေါ်မှာ လိမ်းပေးရင် ထူလာပြီး ပြောင်ပြောင်လေး ဖြစ်လာမှာပါ။ ကြက်သွန်နီ (၁)လုံး ကို ပါးပါးလှီးပြီး အရည်ညှစ်ထုတ်လိုက်ပါ။ ရတဲ့အရည်ကို မျက်ခုံးမွှေးပေါ်မှာ လိမ်းပေးပြီး (၅)မိနစ်ခန့် ထားပေးပါ။ ပြီးရင် ရေအေးနဲ့ မျက်နှာသစ်လိုက်ပါ။

(၂) နွားနို့

depositphotos

နွားနို့မှာ ပရိုတင်း၊ ဗီတာမင်ဘီ၊ Lactic acid နဲ့ ကယ်ဆီယမ်တို့ ပါဝင်ပါတယ်။ ဒါကြောင့် မျက်ခုံးမွေးတွေကို နုလာစေပါတယ်။ နွားနို့ကို Cotton pad လေးနဲ့ တို့ပြီး မျက်ခုံးမွှေးမှာ လိမ်းပေးပါ။ ပြီးရင် ခြောက်အောင်ထားပြီး ပုံမှန်မျက်နှာသစ်ဆေးနဲ့ ဆေးချလိုက်ပါ။

READ
ရှားစောင်းလက်ပတ်ကို သုံးပြီး အသားဖြူအောင်လုပ်နည်း

(၃) သံပယိုသီး

depositphotos

သံပယိုသီးမှာ Vitamins နဲ့ Antioxidants တို့ပါဝင်တာကြောင့် အမွေးလေးတွေကို သန်စေပြီး အရှည်မြန်လာစေပါတယ်။ မျက်ခုံးမွှေးကို သံပယိုသီးနဲ့ပွတ်လိုက်ပြီးရင် (၁၅မိနစ်-မိနစ်၂၀) လောက် ထားလိုက်ပါ။ သံပယိုသီးအရည်တွေကိုတော့ ဆေးချလိုက်ပါ။ နောက်တစ်နည်းကတော့ သံပယိုသီးအရည်နဲ့ အုန်းဆီတို့ ရောပြီး (၁၅)မိနစ်ခန့် အခြောက်ခံထားပါ။  ပြီးရင်တော့ မျက်ခုံးမွေးကို ညအိပ်ရာမ၀င်ခင် လိမ်းပေးပါ။

(၄) ကြက်ဥအနှစ်

depositphotos

ကြက်ဥအနှစ်မှာ မျက်ခုံးမွှေးကို ထူလာစေမယ့် Vitamins နဲ့ Proteins တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ကြက်ဥ (၁)လုံးရဲ့အနှစ်ကို ယူလိုက်ပြီး မျက်ခုံးမွှေးမှာ လိမ်းပေးပါ။ (၁၅)မိနစ်-(၂၀)မိနစ် လောက်လိမ်းထားပြီးရင် မျက်နှာသစ်လိုက်ပါ။

(၅) Vaseline

depositphotos

Vaseline က မျက်ခုံးမွှေးကို စိုစေပြီး ပျော့ပျောင်းစေတဲ့နေရာမှာ အသုံးဝင်ပါတယ်။ Makeup တွေ ဖျက်ပြီးတဲ့အချိန်မှာ မျက်ခုံးမွှေးပေါ်ကို Vaseline လိမ်းပေးပြီးမှ မျက်နှာသစ်ချလိုက်ပါ။ မျက်ခုံးမွှေးပေါ်ကို Vaseline နဲ့ ရှားစောင်းလက်ပက်၊ နွားနို့နဲ့ သံလွင်ဆီတို့ တစ်မျိုးမျိုးနဲ့ ရောလိမ်းလို့လည်းရပါတယ်။

READ
မျက်တောင်တွေကို ရှည်လျားပြီးထူလာစေမယ့် သဘာဝပစ္စည်းများ

Hannwe Soe (Shwemom)

SHARE