(၂၀၂၀)ခုနှစ်မှာ စတင်အသုံးပြုနိုင်ဖွယ် ရှိနေတဲ့ စွမ်းရည်မြင့် 5G network အကြောင်း

တိုးတက်လာတဲ့ ခေတ်ကြီးမှာ အင်တာနက်ဆိုတာ မရှိမဖြစ်ပါပဲ။ အမြန်နှုန်း ပိုပိုမြင့်လာတဲ့ အင်တာနက်နှုန်းတွေလည်း နှစ်အဆက်ဆက် အသုံးပြုလာနိုင်ကြပါတယ်။ အခုဆိုရင် အနာဂတ်မှာ 5G အင်တာနက်ကိုပါ အသုံးပြုနိုင်ဖို့ ကြိုးစားနေကြပါပြီ။

G ဆိုတာကတော့ generation ကို ကိုယ်စားပြုထားတာပါ။ ၁၉၉၀ ခုနှစ်ဝန်းကျင်တွေတုန်းက 1G စရတုန်းကတော့ ဖုန်းတွေ စတင်ခေါ်ဆိုနိုင်ခဲ့ကြပါတယ်။ 2G ခေတ်မှာတော့ စာအပြန်အလှန်ပို့တာပါ လုပ်နိုင်လာပြီး 3G ခေတ်မှာတော့ အင်တာနက်ပါ အသုံးပြုနိုင်လာကြပါတယ်။ ယခုလူသုံးများနေတဲ့ 4G ကတော့ 3G ကနေ အဆင့်မြှင့်ထားတာဖြစ်ပြီး ဆိုဒ်ပိုကြီးတဲ့ ဖိုင်တွေ၊ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကိုပါ upload/download လုပ်နိုင်လာတဲ့အထိ အဆင်ပြေလာပါတယ်။ သိပ်မဝေးတော့တဲ့ အနာဂတ်မှာတော့ 5G ကိုပါ အသုံးပြုလာနိုင်ပါတော့မယ်။

Shutterstock

5G စနစ်ရလာတဲ့အခါမှာ ယခုအသုံးပြုနေတဲ့ 4G ထက် ၁၀ ဆကနေ အဆ ၂၀ အထိ ပိုမြန်တဲ့ အင်တာနက်နှုန်းကို ရရှိနိုင်မှာဖြစ်ပါတယ်။ အင်တာနက် အသုံးပြုပြီး လုပ်နိုင်တဲ့ အရာတွေလည်း ပိုများလာမှာဖြစ်ပြီး နေ့စဉ်ဘဝနဲ့ လုပ်ငန်းတွေ ပိုမိုအဆင်ပြေမြန်ဆန်လာမှာပါ။ 5G ကြောင့် ရလာမယ့် ရလဒ်တွေကတော့-

  •  4G မှာလည်း လူတစ်ဦးနဲ့တစ်ဦး ဆိုရှယ်မီဒီယာကနေ ဆက်သွယ်မှုတွေ၊ streaming တွေ လုပ်လို့ရနေပါတယ်။ 5G က ဘာပိုသာသွားမလဲဆိုရင် အမြန်နှုန်းတက်လာစေမှာ ဖြစ်တဲ့အတွက် အင်တာနက် အသုံးပြုစဉ် စောင့်ဆိုင်းရတာမျိုးတွေကို လုံးဝဆက်ရှိစေတော့မှာ မဟုတ်ပါဘူး။ စက္ကန့်နဲ့အမျှ မိမိလိုချင်တဲ့ ရလဒ်တွေကို စွမ်းဆောင်နိုင်စေမှာ ဖြစ်ပါတယ်။
  • အင်တာနက် အသုံးပြုလို့ ရတဲ့ device တွေ ပိုမိုကျယ်ပြန့်လာမှာဖြစ်ပါတယ်။ 5G နဲ့ ချိတ်ဆက်ပြီး device တွေရဲ့ စွမ်းဆောင်ရည်တွေကိုပါ မြှင့်နိုင်တော့မှာဖြစ်ပြီး ဆင်ဆာတွေ၊ GPS တွေ၊ ကင်မရာတွေဆီက ရလဒ်တွေကိုလည်း ပိုတိကျမြန်ဆန်စွာ ရနိုင်တော့မှာပါ။ လူတွေနဲ့ ယာဉ်တွေကြားမှာလည်း အဝေးထိန်းစနစ်တွေ ပိုတွင်ကျယ်လာတော့မှာပါ။ ဆေးပညာ နယ်ပယ်မှာလည်း လူတွေနဲ့အတူ စက်ရုပ်တွေကိုပါ အတူအသုံးပြုလာနိုင်မှာဖြစ်ပါတယ်။
READ
Mac Bookများ၏နောက်ကျောတွင်အကြွေစေ့များတွေ့ရ၍ အံ့အားသင့်နေတဲ့Apple Fanများ
Shutterstock

5G network ကို ၂၀၂၀ လောက်မှာ စတင်အသုံးပြုလာကြမယ်လို့ ခန့်မှန်းထားပါတယ်။ အဦးဆုံး အသုံးပြုနိုင်မယ့် နိုင်ငံတွေကတော့ အမေရိကန်၊ ယူအေအီး၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ဖြစ်ပါတယ်။

ပိုမိုထိရောက်မြန်ဆန်မယ့် 5G ကတော့ အနာဂတ်မှာ စီးပွားရေးရော လူမှုရေးနယ်ပယ်တွေမှာပါ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာစေတော့မှာပါ။ စက်ရုပ်တီထွင်မှုတွေမှာလည်း တစ်ဆင့်ထပ်တိုးနိုင်တော့မှာဖြစ်ပြီး ကမ္ဘာကြီးကို အပြောင်းအလဲများစွာ ဖြစ်လာစေနိုင်တယ်လို့လည်း ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

Ref: The National, Tech Radar

SHARE