ဝမ်းချုပ်နေတာတွေကိုရပ်တန့်ဖို့ အလွယ်ကူဆုံးလုပ်လို့ရမယ့် နည်းလမ်း(၆)မျိုး

danielkirsch/Pixabay

အမေရိကန်လူမျိုးတွေဟာ ၀မ်းချုပ်တဲ့ပြဿနာကိုဖြေရှင်းဖို့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း(၂၅၀)ကျော်ဖိုးသုံးပြီး ဆေးဝါးဝယ်ယူစားသုံးမှုတွေလုပ်ဆောင်ကြပါတယ်။အမျှင်ဓာတ်ပါတဲ့အစားအစာတွေကိုမစားရင်၊ ရေဓာတ်ခန်းခြောက်ရင် ၀မ်းချုပ်တာတွေကို စိတ်ပျက်စရာကောင်းလောက်အောင်ကြုံတွေ့ရမှာဖြစ်ပါတယ်။

အခုပြောမယ့် နည်းလမ်း(၆)ခုကို လုပ်ကြည့်မယ်ဆိုရင် သင်အိမ်သာတက်တဲ့အခါမှာ စိတ်ဖိစီးမှုတွေ၊စိတ်ရှုပ်စရာတွေဖြစ်တော့မှာမဟုတ်ပါဘူး။ bonus အဖြစ်ထည့်သွင်းရေးပေးထား တာလေးကိုလည်း ဆက်လက်ဖတ်ပေးပါအုံးနော်။အဲ့ဒီမှာ အိမ်သာတက်ရင် လွဲမှားနေတဲ့ အမှားလေးကိုပြောပြပေးထားလို့ပါ။

၁။ ပျားသံပုရာလက်ဖက်ရည်ကိုသောက်သင့်ပါတယ်။

ပျားရည်နဲ့သံပုရာရည်တို့ကိုဆတူရောပြီးလက်ဖက်ရွက်တစ်ရွက်ပေါင်းထည့်ကာရေနဲ့ဖျော်သောက်သင့်ပါတယ်။ပျားရည်ဟာ ၀မ်းကိုသွားစေပြီး သံပုရာရည်ကြောင့်ဖြစ်လာတဲ့လက်ဖက်ရွက်ဟာ အချဉ်ဓာတ်ကိုလျှော့ချပေးတာကြောင့် ၀မ်းချုပ်ခြင်းကိုမဖြစ်စေပဲ ၀မ်းမှန်စေပါတယ်။

၂။ ရေများများသောက်သင့်ပါတယ်။

အမျိုးသားတစ်ယောက်ဟာ တစ်နေ့ကို ရေ(၃.၇)လီတာထက်မနည်းသောက်သင့်ပြီး အမျိုးသမီးတစ်ယောက်အတွက်ကတော့ တစ်နေ့ကိုရေ(၂.၇)လီတာထက်မနည်းသောက်သုံးသင့်ပါတယ်။ဝမ်းဘာကြောင့်ချုပ်ရတာလဲဆိုရင် မစင်တွေခြောက်နေလို့ပါ။ဘာလို့အဲ့လိုဖြစ်တာလဲဆိုရင် လုံလောက်တဲ့ရေပမာဏကိုသောက်သုံးခြင်းမရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝစွာရှိနေမယ်ဆိုရင် ၀မ်းချုပ်ခြင်းကိုမဖြစ်စေတော့ပဲ ၀မ်းကိုလွယ်ကူစွာသွားနိုင်တော့မှာဖြစ်ပါတယ်။ရေနဲ့အသီးဖျော်ရည်တွေဟာ ၀မ်းချုပ်ခြင်းကို ချေဖျက်ရာမှာ အကောင်းဆုံးဆေးဝါးတွေပဲဖြစ်ပါတယ်။သစ်တော်သီးနဲ့ပန်းသီးဖျော်ရည်တွေဟာ ၀မ်းပျော့စေတဲ့ဓာတ်ရှိတာကြောင့် သင်တကယ်လို့ရွေးချယ်စားသုံးမယ်ဆိုရင် အဲ့ဒီအသီးတွေကအကောင်းဆုံးပဲလို့လမ်းညွှန်ပါရစေ။

ExplorerBob/Pixabay

၃။ အမျှင်ဓာတ်ပါတဲ့ အသီးတွေကိုစားသင့်ပါတယ်။

အမျှင်ဓာတ်ပါတဲ့အသီးတွေက ၀မ်းကိုပျော့ပျော့သွားစေတဲ့အတွက် ၀မ်းချုပ်မှုတွေမဖြစ်စေပါဘူး။သင်ရဲ့နေ့စဉ်စားသောက်တဲ့အစားအသောက်တွေထဲမှာ အမျှင်ဓာတ်ပါတဲ့အစားအစာကိုအနည်းဆုံး (၂၀ ကနေ ၂၅)ဂရမ်အထိစားသုံးသင့်ပါတယ်။အမျှင်ဓာတ်ကြွယ်ဝတဲ့ ပန်းသီး၊ သဖန်းသီး၊ ဖွဲနုနှံစားပင်နဲ့ အနက်ရောင်ပဲမျိုးစုံတို့ကိုစားသုံးသင့်ပါတယ်။

၎။ ဆီးသီးခြောက်တွေကိုစားသင့်ပါတယ်။

READ
ဘ၀တိုးတက်ရေးအတွက် အဆိပ်အတောက်ဖြစ်စေမယ့် မပေါင်းအပ်တဲ့ လူစားများ

ဆီးသီးခြောက်မှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကို သိတဲ့သူရှားပါတယ်။ဆီးသီးခြောက်မှာ sorbitol လို့ခေါ်တဲ့ သကြားအရက်ပါဝင်တဲ့အတွက်ကြောင့် ၀မ်းချုပ်ခြင်းကိုမဖြစ်စေပဲ သဘာဝ အတိုင်းဝမ်းကိုပုံမှန်သွားစေပါတယ်။ဆီးသီးခြောက် (၁၀၀)ဂရမ်မှာ sorbitol (၁၄.၇)ဂရမ်ပါဝင်ပါတယ်။

silviarita / Pixabay

၅။ အမျှင်ဓာတ်များများပါတဲ့ အစားအစာတွေကိုစားသင့်ပါတယ်။

နှမ်းကြတ်စေ့နဲ့ fenugreek လို့ခေါ်တဲ့ဆေးဖက်ဝင်အပင်ကရရှိတဲ့အစေ့တစ်မျိုးတို့ကိုစားသုံးခြင်းဖြင့် အဲဒီ့အစေ့တွေဟာဝမ်းသွားစေတဲ့အာနိသင်ရှိတာကြောင့် ၀မ်းချုပ်တာတွေမဖြစ်တော့ပဲ ၀မ်းကိုပုံမှန်သွားနိုင်ပါတယ်။အဲ့ဒီအမျှင်ဓာတ်ပါတဲ့အစားအစာတွေကိုစားပြီး ရေကိုလည်းများများသောက်မယ်ဆိုရင်တော့ ၀မ်းချုပ်တာတွေကိုမဖြစ်စေနိုင်တော့ပါဘူး။

၆။ ဒိန်ချဉ်ကိုလည်းသောက်သုံးသင့်ပါတယ်။

တစ်ကယ်လို့သင်ဟာ ၀မ်းချုပ်နေပြီဆိုရင် နို့ထွက်ပစ္စည်းတွေကို သင့်ရဲ့ဝေးဝေးမှာထားသင့်ပါတယ် ။ဒိန်ချဉ်ကတော့ ခြွင်းချက်ပေါ့နော်။ဒိန်ချဉ်ထဲမှာ probiotics ပါဝင်တာကြောင့် မစင်စွန့်ရာမှာစိတ်ရှုပ်နေစရာမလိုတော့ပဲ ၀မ်းကိုပုံမှန်သွားစေပါတယ်။

ponce_photography/Pixabay

Bonus – အိမ်သာတက်ရာမှာ ထိုင်ပုံထိုင်နည်းမှန်ကန်မှလည်း ၀မ်းကိုအဆင်ပြေပြေသွားနိုင်မှာဖြစ်ပါတယ်။

ရေဆွဲအိမ်သာသုံးမယ်ဆိုရင် သင့်ရဲ့ကျောကို (၉၀)ဒီဂရီလောက်ထားပြီးမထိုင်သင့်ပါဘူး။မစင်စွန့်တဲ့အခါမှာ အူမကြီးအတွင်းမှာရှိတဲ့ကြွက်သားတွေရဲ့ဆွဲအားဟာ တစ်ဖြေးဖြေးကျဉ်းမြောင်းလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် အိမ်သာသုံးမယ်ဆိုရင် ကျောကို(၃၅)ဒဂရီလောက်ထားပြီးမှထိုင်သင့်ပါတယ်နော်။

Thae

SHARE