ရေအောက်မှာ selfie ရိုက်လို့ရတဲ့နေရာလေးတစ်ခု အင်ဒိုနီးရှားမှာထွက်ပေါ်လာ

Twitter/Detik

ရေအိုင်လေးတစ်ခုမှာ follower သောင်းချီရှိတဲ့အင်စတာဂရမ်တစ်ခုပိုင်ဆိုင်နေမယ်ဆိုရင် ယုံကြည်နိုင်ပါ့မလား။ Umbul Ponggok ဆိုတဲ့ ရေပေါ်အပန်းဖြေကစားကွင်းမှာရှိတဲ့ ရေအိုင်လေးကတော့ သာမန်ရွာရေအိုင်လေးတစ်ခု မဟုတ်ပါဘူး။

ဒီရေအိုင်လေးဟာ အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း Java ကျွန်းမှာရှိပါတယ်။ဒီရေအိုင်လေးဟာ မီတာ (၂၀)၊(၅၀)ပတ် လည်ရှိပြီး သန့်ရှင်းတွေရေတွေရှိပါတယ်။ဒီရေအိုင်ထဲကရေတွေအခုလို အမြဲတမ်းသန့်စင်ရတဲ့အကြောင်းကတော့ ရေအိုင်ရဲ့အောက်မှာရှိတဲ့ စမ်းချောင်း(၄၀)ကျော်ကထွက်တဲ့ရေတွေဟာ တစ်မိနစ်ကို(၈၀၀)လီတာရှိတဲ့အတွက် ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်လည်း ရေတွေဟာအမြဲကြည်လင်သန့်ရှင်းနေတာဖြစ်ပါတယ်။ Umbul Ponggok ရေအိုင်ဟာ ရေအောက် selfie ရိုက်လို့ကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

 

လွန်ခဲ့တဲ့(၁၅)နှစ်က Ponggok ရေအိုင်ဟာ လူမသိသူမသိ အင်ဒိုနီးရှားရွာလေးမှာရှိနေခဲ့တာဖြစ်ပြီး အဲ့ဒီနေရာမှာ အရင်က ဒေသခံတွေက အ၀တ်လျှော်၊ ရေချိုးတာတွေလုပ်ခဲ့တဲ့အတွက် ညစ်ပတ်နေခဲ့ပါတယ်။ဒါ့အပြင် အဲ့ဒီဒေသမှာ အလုပ်လက်မဲ့လူဦးရေမြင့်တက်နေခဲ့ပြီး ဒေသခံအားလုံးနီးပါးဟာ လယ်အလုပ်နဲ့မိုင်းအလုပ်တွေသာလုပ်ကိုင်ခဲ့ကြ ပါတယ်။အခုချိန်မှာတော့ အင်ဒိုနီးရှားမှာရှိတဲ့ ချမ်းသာတဲ့ရွာ(၁၀)ရွာထဲမှာ ဒီရွာလေးလည်းပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ အလုပ်လက်မဲ့တွေဟာလည်း မရှိသလောက်ဖြစ်လာခဲ့ပြီး ဒေသစီးပွားရေးဖြစ်ပွား ခရီးသွားလုပ်ငန်းဟာလည်း ကျယ်ပြန့်လာခဲ့ပါတယ်။

အခုလိုမျိုးလူသိများပြီးကျော်ကြားတဲ့နေရာတစ်ခုဖြစ်လာရတာကတော့ (၂၀၀၆)ခုနှစ်ကရွာလူကြီးအဖြစ် အရွေးခံရတဲ့ Junaedi Mulyono ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်ဖြစ်ပါတယ်။ Junaedi Mulyono ဟာ ကီလိုမီတာ ဒါဇင်ကျော်မှာရှိတဲ့ တက္ကသိုလ်တစ်ခုမှကျောင်းသားတွေကိုရွာဆီလာလည်စေပြီး ရွာမှာဖြစ်နေတဲ့ပြဿနာအဖြေ ကိုရှာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Junaedi Mulyono ဟာ ကျောင်းသားတွေပေးတဲ့သတင်းအချက်အလက်တွေကို အခြေခံပြီး Tirta Mandiri ဆိုတဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုတည်ထောင်ခဲ့ပါတယ်။ ဒီလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့လည်း ရွာသားတွေကိုရှယ်ယာခေါ်ခဲ့ပါတယ်။ဒေသခံတွေကို လာမယ့်နှစ်တွေမှာ ဒီထက်တိုးပွားအောင် လုပ်ဆောင်ပေးမယ်လို့ရွာသားတွေကို Mulyono က ကတိပေးခဲ့ပါတယ်။ဒါပေမယ့် တစ်ချို့ဒေသခံတွေက ယုံကြည်မှုမရှိတဲ့အတွက် ရွာရှိမိသားစု(၇၀၀)မှ မိသားစု(၄၃၀)လောက်သာရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။နောက်ပိုင်း ရွာကိုခရီးသွားဧည့်သည်တွေဝင်လာမှုများလာတဲ့အချိန်မှာ မယုံကြည်တဲ့ဒေသခံတွေကလည်း ပြန်လည်ရင်းနှီးမြှုပ်နှံမှု တွေလုပ်ဆောင်ခဲ့ကြပါတယ်။

Tirta Mandiri ကုမ္ပဏီထဲမှာ မိသားစုတစ်စုကို ရူပီယာ(၅)သန်းရှယ်ယာထည့်ဝင်ခဲ့တဲ့အတွက် တစ်လကို ရူပီယာ(၄)သိန်းကနေ(၅)သိန်းအထိပြန်လည်ရရှိခဲ့တာဟာ အခုဆိုရင် (၁၀)နှစ်ရှိသွားပြီဖြစ်ပါတယ်။ဒီလိုအောင်မြင် လာခဲ့တဲ့အတွက် ကလေးတွေရဲ့ပညာရေးမှာလည်း အလိုလိုကောင်းလာခဲ့ပါတယ်။ဒါ့အပြင် Tirta Mandiri က ဒေသခံတွေကိုအလုပ်ပေးခဲ့တဲ့အတွက ရွာမှာလည်း အလုပ်လက်မဲ့လူတစ်ယောက်မှမရှိတော့ဘူးလို့သိရပါတယ်။

အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်း Umbul Ponggok ကို လာရောက်လည်ပတ်သူထောင်နဲ့ချီရှိနေတဲ့အတွက် သေချာကရုစိုက်စောင့်ကြည့်မှုတွေလုပ်ပေးရတယ်လို့ ဒေသခံအာဏာပိုင်တွေကပြောပါတယ်။ရေအောက်မှာ ဓာတ်ပုံရိုက်ဖို့အတွက် မော်တော်ဆိုင်ကယ်တွေ၊ ခုံတန်းလျားတွေနဲ့ TV အဟောင်းတစ်စုံကိုချပေးထားပြီး တစ်ခြားဓာတ်ပုံရိုက်လို့ကောင်းမယ့်အရာတွေနဲ့လည်းအလှဆင်ပေးထားတာတွေကြောင့် ခရီးသွားတွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့နေရာတစ်ခုဖြစ်လာခဲ့တာဖြစ်ပါတယ်။ရေအောက်မှာ ရိုက်ထားတဲ့အမိုက်ဆုံးပုံတွေကိုလည်း Umbul Ponggok အင်စတာဂရမ်အကောင့်မှာတင်ထားတာကိုတွေ့ရပါတယ်။

 

READ
ခရီးဆောင်အိတ်မပျောက်ဆုံးစေဖို့ အကြံပေးချက် (၈) ချက်

အာရှမှာရှိတဲ့ အင်စတာဂရမ်ရဲ့သြဇာအာဏာရှိတဲ့သူတွေ၊ နိုင်ငံရေးသမားတွေနဲ့ ဖျော်ဖြေရေးသမားတွေဟာ Umbul Ponggok ကိုလာရောက်လည်ပတ်ခဲ့ကြပြီး အမိုက်ဆုံးဓာတ်ပုံတွေရိုက်ကာ ထူးခြားတဲ့ selfie ရိုက်တဲ့နေရာလို့ပြောပြီး သူတို့ရဲ့အင်စတာဂရမ်အကောင့်မှာတင်ထားပါတယ်။

Thae

SHARE