ဆေးလိပ်ဖြတ်လိုက်တဲ့အခါ အချိန်အလိုက် ခန္ဓာကိုယ်မှာ ရနိုင်တဲ့အကျိုးကျေးဇူးများ

Freepik- nensuria

ဆေးလိပ်သောက်ခြင်းဟာ သင့်ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင်ကိုမှ စိတ်ကျန်းမာရေးကိုလည်း အကျိုးသက်ရောက်မှုတွေရှိနေပါတယ်။ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် ကောင်းကျိုးတစ်စက်မှမရှိတဲ့ ဆေးလိပ်ကိုဖြတ်ခဲ့မယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။

ဆေးလိပ်ဖြတ်ပြီး ၂ နာရီ

သင့်ခန္ဓာကိုယ်ထဲက ကာဗွန်မိုနောက်ဆိုဒ်တွေကြောင့် အရသာတွေ၊ အနံ့တွေနည်းနည်း ပျက်ပြားလာသလို ခံစားရမယ်။ နောက် ဆေးလိပ်အရမ်းသောက်ချင်လို့ လက်တွေတုန်လာလိမ့်မယ်။

ဆေးလိပ်ဖြတ်ပြီး ၁၂ နာရီ

စိတ်မတည်ငြိမ်မှုတွေဖြစ်လာပြီ၊ အာရုံစိုက်လို့မရတော့ဘူး၊ ခေါင်းတွေကိုက်လာမယ်၊ စားထားပေမယ့် အစာစားချင်စိတ်ပဲ ဖြစ်ပေါ်နေမယ်၊ ဒေါသထွက်လာမယ်။ ဒါတွေဟာ ဆေးလိပ်ဖြတ်ပြီး ၁၂ နာရီအတွင်း ကြုံတွေ့ရမယ့် လက္ခဏာတွေပါပဲ။

Freepik- maksymiv_yura

ဆေးလိပ်ဖြတ်ပြီး ၂၄ နာရီ

သွေးလှည့်ပတ်မှုတွေကောင်းလာတာကတော့ သိသိသာသာလက္ခဏာတစ်ခုပါပဲ။

ဆေးလိပ်ဖြတ်ပြီး ၄၈ နာရီ

သင့်ရဲ့ အနံ့နဲ့အရသာဟာ ပိုပြီးတိုးတက်လာပါလိမ့်မယ်။ နောက် ကျန်းမာတဲ့ ဘတ်တီးရီးယားတွေကိုလည်း ခံတွင်းထဲ စတင်ပေါက်ဖွားစေမှာပါ။

Freepik-chayanuphol

ဆေးလိပ်ဖြတ်ပြီး တစ်ပတ်

ဒီအခြေအနေကတော့ လူတိုင်း လှိမ့်ပိမ့်ပြီး ငရဲလိုမျိုး ခံစားရမယ့်အခြေအနေပါပဲ။ ဘာကြောင့်လဲဆိုတာ့ နီကိုတင်းတောင့်တမှုတွေဟာ ဒီအချိန်မှာ အမြင့်ဆုံးပါပဲ။ ဒါကို သည်းခံနိုင်ဖို့ လိုအပ်ပါတယ်။ နောက် ချောင်းလည်း ဆိုးလာပါလိမ့်မယ်။

READ
အသည်းကွဲခြင်း(Heart-Broken)ဟာ နှလုံးကျန်းမာရေးကို တကယ်ထိခိုက်စေနိုင်

ဆေးလိပ်ဖြတ်ပြီး တစ်လ

အဆုတ်ကျန်းမာရေးအခြေအနေဟာ ၃၀% လောက်ပိုပြီး တိုးတက်လာပါမယ်။ အရင်က လမ်းကြာကြာလျှောက်ရင်၊ ပြေးရင်၊ ခုန်ရင် မောသလောက် အခုချိန်မှာ မမောတော့ပါဘူး။ နောက် နီကိုတင်းတောင့်တမှုတွေ၊ ချောင်းဆိုးတာတွေလည်း သက်သာသွားပါပြီ။

Freepik-freepik

ဆေးလိပ်ဖြတ်ပြီး ၆ လ

အပြည့်အဝမဟုတ်ပေမယ့် သင့်ရဲ့ အဆုတ်အခြေအနေဟာ သိသိသာသာပြောင်းလဲလာပါပြီ။ အမောပိုခံလာနိုင်တာကို သတိထားပေးပါ။ ဒါပေမဲ့ ကိုယ်တွင်းကလီစာကျန်းမာရေးကတော့ သိပ်မပြောင်းလဲသေးပါဘူး။

ဆေးလိပ်ဖြတ်ပြီး ၁ နှစ်

ဆေးလိပ်သောက်တဲ့လူတွေထက် သင့်ရဲ့နှလုံးထဖောက်နိုင်ချေဟာ ၅၀% လောက် ပိုပြီးတော့ လျော့နည်းလာပါလိမ့်မယ်။ ဒီအပြင် ကိုယ်ခံအားပိုကောင်းလာကာ ဒဏ်ရာတွေလည်း ပိုကျက်လာစေပါတယ်။

Freepik- user20061941

ဆေးလိပ်ဖြတ်ပြီး ၁၀ နှစ်

ဆေးလိပ်မသောက်ဘဲ ၁၀ နှစ်လောက်ကြာသွားတဲ့အခါမှ သင့်ရဲ့ အဆုတ်ကျန်းမာရေးဟာ သိသိသာသာ သက်သာလာစေတာပါ။ အသက်ရှူတာကစလို့ သိသာလာမယ်၊ သာမန်လူနီးနီး အမောခံနိုင်လာပါမယ်။ ဆေးရွက်ကြီးဟာ သွေးတွေကို ပစ်စေပြီးတော့ သွေးကြောတွေကို ကျဉ်းမြောင်းစေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တဲ့လူတွေဟာ နှလုံးသွေးကြောကျဉ်းခြင်း၊ လေဖြတ်ခြင်း၊ နှလုံးဖောက်ခြင်းတွေကို ပိုဖြစ်ပေါ်စေနိုင်ပါတယ်။

READ
Follow လုပ်ထားသင့်တဲ့ Instagram Fitness Model (၉)ယောက်

ဆေးလိပ်ဖြတ်ပြီး ၁၅ နှစ်

အဆုတ်ကျန်းမာရေးအားကောင်းလာပြီးတော့ တစ်ဖက်မှာလည်း နှလုံးရောဂါနဲ့ ကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ကျစေပြီးတော့ စိတ်ကျန်းမောရးခံစားချက်အခြေအနေတွေဖြစ်တဲ့ စိတ်ဓာတ်ကျခြင်းတွေဘာတွေကို သက်သာစေပါတယ်။

penny

SHARE