Facebook Messenger မှာ သုံးလို့ရနေပြီဖြစ်တဲ့ reply နည်းအသစ်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာပါ လူသုံးအများဆုံး မက်ဆေ့ခ်ျ app တွေထဲကတစ်ခုဖြစ်တဲ့ Facebook Messenger ကတော့ ယခုတစ်ပတ်မှာ update ထပ်ထွက်လာခဲ့ပါပြီ။ ဒီဗားရှင်းအသစ်မှာ စတင်ပါဝင်လာတဲ့ feature အသစ်တစ်မျိုးလည်း ရှိပါတယ်။

Shutterstock

အသုံးဝင်မယ့် feature အသစ်လေးကတော့ မက်ဆေ့ခ်ျတွေကို တစ်ကြောင်းချင်းစီ reply ပြန်လို့ရသွားတာဖြစ်ပါတယ်။ စာတစ်ကြောင်းချင်းစီကို quote လုပ်ပြီး reply ပြန်လို့ရတဲ့အတွက် ကိုယ်ဆက်တိုက်ပို့နေလည်း သူက ဘာကို ပြန်ပြောနေလည်းဆိုတာ အလွယ်တကူသိနိုင်ပါပြီ။ ဒီအချက်ဟာ Group Chat တွေအတွက်ဆို ပိုအဆင်ပြေသွားစေပါတယ်။

Google News

Reply ပြန်ပုံကတော့ မက်ဆေ့ခ်ျတွေကို အီမိုဂျိ ပေးပုံနဲ့ အနည်းငယ်ဆင်ပါတယ်။ အီမိုဂျိပေးတဲ့အခါ စာကို ဖိပြီး ပေးရပေမယ့် reply ပြန်မယ်ဆိုရင်တော့ ကိုယ်ပြန်ချင်တဲ့ တစ်ဘက်က မက်ဆေ့ခ်ျကို ထောက်ပြီး ညာဘက်ကို ဆွဲလိုက်ရမှာ ဖြစ်ပါတယ်။ အဲဒီ့အခါ တစ်ဘက်က ပို့ထားတဲ့စာကို ပြန်ဖို့ “replying to” ဆိုတဲ့ အကွက်လေး စာရိုက်တဲ့နေရာမှာ ကျလာရင် ကိုယ်ပြန်ချင်တဲ့စာကို ရိုက်ပြီး ပို့လိုက်ရုံပါပဲ။

READ
အဖြူရောင်ဟာ ဖုန်းဘက်ထရီကို အားကုန်မြန်စေကြောင်း ၀န်ခံလိုက်တဲ့ Google

ဒီ feature ကတော့ WhatsApp မှာလည်း ရှိပြီးသားဖြစ်ပြီး ယခုအခါ Facebook က Messenger အတွက်ပါ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။ ကဲ.. မစမ်းရသေးရင် စမ်းလုပ်ကြည့်လိုက်ကြဦးနော်။

Ref: The Verge

SHARE