ချောင်းသာကို ရောက်ရှိနေကြတဲ့ အာဇာနည်တို့ မိသားစုရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးများ

နိုင်ငံကျော် တေးသံရှင်တစ်ယောက်ဖြစ်တဲ့ အာဇာနည်ကတော့ အနုပညာလောကမှာ အချိန်အတော်ကြာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိလာတဲ့သူတစ်ယောက်ဖြစ်ပြီး အခုအချိန်ထိလည်း သီချင်းချစ်သူပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိနေဆဲဖြစ်ပါတယ်။သူကတော့ ဖေစ်ဘုတ်ပေါ်မှာလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့သူတစ်ယောက်ဖြစ်ပြီး မိသားစုဓါတ်ပုံတွေကိုလည်း အမြဲဝေမျှလေ့ရှိပါတယ်။

ဒီကနေ့မှာလည်း ချစ်စရာကောင်းတဲ့ မိသားစုပုံရိပ်လေးတွေကို ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားပြန်ပါတယ်။ ချောင်းသာကို ရောက်နေကြတဲ့ အာဇာနည်တို့ မိသားစုကတော့ ပျော်ျေပျာ်ရွှင်ရွှင်နဲ့ ဓါတ်ပုံတွေ ရိုက်ထားကြတာ အရမ်းကို ကြည်နူးစရာကောင်းတဲ့အပြင် ချစ်စရာလည်းကောင်းပါတယ်။

အာဇာနည်ကတော့ “အရင်ကထက်စာရင် ဘုရားတရားပို လုပ်ဖြစ်လို့လားတော့ မသိဘူး အခက်ခဲတွေကြားကပဲ ပျော်စရာတွေ နဲ့ ဘဝကို ရင်ဆိုင်ဖြေရှင်းခွင့် ရလာတယ် အားလုံးကိုလဲ မေတ္တာထားပြီး နေ့စဉ်မေတ္တာပို့ သပေးနေပါတယ်🙏 ဒီည ချောင်းသာမှာ သီဆိုပါမယ်….” လို့ရေးထားပြီး မိသားစု ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အာဇာနည်တို့ မိသားစုပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

READ
ဇန်နဝါရီလ နောက်ဆုံးအပတ်ထဲမှာ အသစ်ထွက်ရှိထားတဲ့ ကေပေါ့သီချင်းသစ်များ

Source: R Zarni

SHARE