ညတိုင်းလိုလို ဘော်ဒါတစ်သိုက်နဲ့ ပါတီပွဲဆင်နွှဲနေပုံတွေကို ဗီဒီယိုရိုက်တင်နေသူတစ်ဦး

YouTube- James Blackwood

YouTube မှာ channel တစ်ခုရှိပါတယ်။ James Blackwood – Raccoon Whisperer ဆိုတဲ့ channel ပါ။ ဒီ channel မှာ James Blackwood ဆိုတဲ့အမျိုးသားတစ်ဦးရဲ့ တစ်ညတာပါတီလေးအကြောင်းပါပဲ။

YouTube- James Blackwood – Raccoon Whisperer

James Blackwood ရဲ့ အိမ်လေးဟာ သစ်တောစပ်လေးအနားမှာ ရှိနေပါတယ်။ အရင် ဇနီးသည်ရှိတုန်းကတည်းကိုက အိမ်ပတ်ဝန်းကျင်မှာ raccoon လေးတွေ လာလာနေခဲ့တာပါ။ ဒါကို ဇနီးသည်က အစာကျွေးရင်းကျွေးရင်းနဲ့မှ တဖြေးဖြေးရင်းနှီးလာကာ raccoon လေးတွေ ညတိုင်း တစ်အုပ်ကြီးရောက်ရောက်လာခဲ့ကြပါတယ်။

YouTube- James Blackwood – Raccoon Whisperer
YouTube- James Blackwood – Raccoon Whisperer

နှစ်တွေတော်တော်ကြာအောင် အစာကျွေးလာခဲ့ရင်းနဲ့ မနှစ်တုန်းက ရုတ်တရက် ဇနီးသည်ဆုံးပါးသွားခဲ့ပါတယ်။ ဇနီးသည်နောက်ဆုံးမှာခဲ့တာက သူ့ရဲ့ raccoon လေးတွေ၊ ကြောင်နှစ်ကောင်နဲ့ မိခင်အိုကြီးကို စောင့်ရှောက်ဖို့ပါပဲ။ James Blackwood လည်း သိပ်ချစ်ရတဲ့ ဇနီးသည်ရဲ့ စကားအတိုင်းပဲ မိခင်အိုကြီးကိုစောင့်ရှောက်ပေးတယ်၊ ကြောင်လေးတွေကိုလည်း အမြဲတမ်းဂရုစိုက်ပြီးတော့ ညတိုင်းလည်း raccoon လေးတွေကို တရင်းတနှီးလုပ်ပြီး အစာကျွေးကျွေးနေကျပါ။

READ
Photoshop ပညာကို အကျိုးရှိရှိအသုံးချပြီး အလုပ်ကတစ်ရက် လစ်ခဲ့တဲ့ အမျိုးသား

တစ်ခါလာရင် ၁၀ ကောင်ပတ်ဝန်းကျင် အုပ်စုလိုက်တွေ လာတာမျိုးဖြစ်ပြီးတော့ တစ်ညကဆိုရင် ၁၇ ကောင်တောင်မှပဲ စံချိန်ချိုးကာ ရောက်လာခဲ့ပါတယ်တဲ့။ အစာကျွေးတဲ့ တစ်လျှောက်လုံး အန္တရာယ်ပြုဖူးတာမျိုးတွေဘာတွေလည်း တစ်ခါမှ မရှိခဲ့ဖူးပါဘူးတဲ့။ အစာကျွေးတိုင်း James Blackwood အနားကို raccoon လေးတွေက ခန္ဓာကိုယ်ပေါ်တက်ပြီးတော့ တရင်းတနှီးကုတ်တွာယ်တက်ပြီး မထင်မှတ်ထားရင်မထင်ထားသလို James Blackwood ကိုလည်း အနမ်းလေးတွေပေးတတ်ပါသေးတယ်။

James Blackwood ကတော့ သူ့ရဲ့ ၆ နှစ်ကြာ raccoon အစာကျွေးတဲ့ ဗီဒီယိုလေးတွေကြောင့် Raccoon Whisperer ဆိုပြီး subscribers ပေါငး 267,000 နဲ့ နာမည်ကြီးနေခဲ့ပါတယ်။

penny

SHARE