သူဌေးကို ဆဲလို့ဆဲမိမှန်းတောင်မသိပဲ ထောက်ခံစာသွားတောင်းခဲ့တဲ့ ကောင်မလေး

twitter/RachaelCal19

အသက်(၂၁) နှစ်အရွယ် စကော့တလန်က ကောင်မလေးတစ်ယောက်ဟာ အရက်မူးပြီး မမှားသင့်တဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့မိပါတယ်။ သူမနာမည်ကတော့ ရေချယ်ကားလ်ဗာ့တ်ဆိုသူပါ။ ရေချယ်ဟာ အလုပ်ကထွက်ပြီးနောက် သူမအလုပ်လုပ်ခဲ့တဲ့ ဆိုင်မန်နေဂျာဆီကို ထောက်ခံစာရေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဆိုင်မန်နေဂျာဘက်ကနေ မပေးဘူးဆိုပြီး ငြင်းပယ်ခဲ့ပါတယ်။

ရေချယ်က စစချင်းတော့ အရမ်းအံ့အားသင့်သွားခဲ့ပါတယ်။ သူမဟာ အလုပ်ကထွက်တုန်းက သူဌေးနဲ့ရော လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါ အဆင်ပြေပြေထွက်လာခဲ့ပေမယ့် အခုလို ထောက်ခံစာမပေးနိုင်ဘူးဆိုတော့ အံ့သြသွားခဲ့တာပါ။ မကြာခင်မှာတော့ သူမရဲ့ ရှက်စရာကောင်းတဲ့ အမှားတစ်ခုဟာ အားလုံးကို ဖျက်ဆီးပစ်ခဲ့ပါလားဆိုတာ ရေချယ်သိလိုက်ရပါတော့တယ်။

twitter/RachaelCal19

အကြောင်းကတော့ သူမဟာ အရင်အလုပ်က လူတွေချည်း သီးသန့်ဖွဲ့ထားတဲ့ Whatsapp group တစ်ခုထဲမှာ member တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့တော့ ရေချယ်ဟာ အရက်မူးပြီး သူဌေးနဲ့အားလုံးကို အလုပ်ကထွက်ပြီဆိုပြီး ဆဲထားတဲ့အသံကို chat ထဲ အမှတ်မထင်ပို့ခဲ့မိပါတယ်။ ဒါပေမယ့် သူမကိုယ်တိုင်ကလည်း ပို့လို့ပို့မိမှန်းတောင် မသိခဲ့ပါဘူး။ ဒါနဲ့ အလုပ်ထောက်ခံစာသွားတောင်းရာကနေ ဟိုဘက်က ငြင်းလွှတ်လိုက်တာ ဖြစ်ပါတယ်။ ရေချယ်ဟာ group chat ကို ပြန်ကြည့်လိုက်တဲ့အခါမှ သူမအမှားကို သိလိုက်ရတာ ဖြစ်ပြီး တော်တော်လေးရှက်ခဲ့မိတယ်လို့ ၀န်ခံပါတယ်။

READ
အရုပ်တွေလိုချင်လို့ အရုပ်ကောက်စက်ကို မပြီး,လှုပ်ခဲ့ကြတဲ့ အမျိုးသမီးတစ်စု
twitter/RachaelCal19

အခုတော့ သူမမှာ နောက်ထပ်အလုပ်တစ်ခုတောင် ရနေပါပြီ။ သူမက “ကျွန်မကိုယ်ကျွန်မလည်း စိတ်ပျက်မိပါတယ်။ ဟိုဘက်အလုပ်ကလူတွေကိုလည်း အားနာတယ်။ ဒါပေမယ့် ဒါက ကျွန်မရဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုလို ဖြစ်နေတယ်။ ကျွန်မက လူတွေကို အမြဲတမ်း ပြစ်ပြစ်နှစ်နှစ်ပြောတတ်တဲ့သူပါ။ သူတို့ကို ထိခိုက်စေလိုတာတော့ မဟုတ်ပေမယ့် ဒီလိုပဲ ပြောလိုက်မိတယ်…” လို့ ပြောပြခဲ့သေးကြောင်း news.com.au အရ သိရှိရပါတယ်။

လင်းလင်း (ShweMom)

SHARE