ရထားပေါ်မှာ ကလေးတွေကို နေရာမပေးလို့ဆိုပြီး အမျိုးသမီးကြီးကို ထိုင်ခုံပေါ်က တွန်းချခဲ့တဲ့သူ

ဒီအဖြစ်အပျက်ကတော့ နယူးယော့ခ်မြို့ရဲ့ ရထားတစ်စင်းပေါ်မှာ ဖြစ်ခဲ့တာပါ။ အမျိုးသမီးတစ်ယောက်က သူ့ရဲ့ကလေးနှစ်ယောက်နဲ့အတူ ရထားပေါ်ကို တက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ထိုင်ခုံက နှစ်ခုံပဲ လွတ်နေခဲ့ပြီး လူတစ်ယောက်က ကလေးနှစ်ယောက်ကို သူ့ဘေးက ထိုင်ခုံအလွတ်မှာ မျှထိုင်ဖို့ နေရာလုပ်ပေးခဲ့တာပါ။ ခဏကြာတဲ့အခါမှာတော့ ရထားပေါ်ကို အာရှသူ အမျိုးသမီးကြီးတစ်ယောက် တက်လာခဲ့ပါတယ်။ ကလေးနှစ်ယောက်ကို နေရာလုပ်ပေးခဲ့တဲ့လူကပဲ အဲဒီအမျိုးသမီးကြီးအတွက် သူ့ရဲ့နေရာကို ထပေးလိုက်တဲ့အချိန်မှာ ပြဿနာက စတော့တာပါပဲ။

youtube

ကလေးနှစ်ယောက်က သူတို့ကို နေရာဖယ်ပေးတယ်လို့ ထင်ပြီး တစ်ယောက်တစ်ခုံစီ ထိုင်လိုက်ကြပါတယ်။ အာရှသူအမျိုးသမီးကြီးကလည်း သူ့ကိုနေရာဖယ်ပေးမှန်းသိလို့ ကလေးနှစ်ယောက်ကို ဘေးကပ်ခိုင်းပြီး ၀င်ထိုင်လိုက်တာပါ။

အဲဒီအပြုအမူကို ကလေးနှစ်ယောက်အမေ အမျိုးသမီးက မကျေမနပ်ဖြစ်ခဲ့ပြီး အမျိုးသမီးကြီးကို စတင်အော်ဟစ်တော့တာပါပဲ။

ဘေးလူတွေကလည်း ဘာမှ ၀င်မပြောကြတဲ့အနေအထားမှာ ကလေးအမေက ပိုလို့ ဒေါသကြီးလာခဲ့ပြီး လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေကိုပါ သုံးစွဲပါတော့တယ်။

READ
အမူးသမားတွေက ဝိုင်းဝန်းတိုက်ခိုက်ပြီး မှန်ကွဲနဲ့ မျက်နှာကို အလှီးခံခဲ့ရတဲ့အမျိုးသမီး
youtube

အဲဒီနောက်မှာတော့ အမျိုးသမီးကြီးကို ထိုင်ခုံပေါ်က တွန်းချတဲ့အထိ ဖြစ်လာခဲ့ပြီး ဘေးလူတွေလည်း ၀င်ထိန်းပေးရပါတော့တယ်။

အမျိုးသမီးကြီးကတော့ ထိုင်ခုံပေါ်က တွန်းချခံလိုက်ရပြီးတဲ့နောက် မတ်တပ်ပဲ ရပ်နေလိုက်ရပြီး သူ့စိတ်ထဲမှာ ဘယ်လောက် ၀မ်းနည်းနေရမလဲ ဆိုတာကိုတော့ တွေးကြည့်လို့တောင် မရပါဘူး။

ဒီအဖြစ်အပျက်ကို ရိုက်ကူးထားခဲ့တဲ့ ဗီဒီယိုဖိုင်က အင်တာနက်စာမျက်နှာတွေပေါ်မှာ ပြန့်သွားပေမယ့် ရဲတပ်ဖွဲ့က အရေးယူတယ်ဆိုတာမျိုး မကြားလိုက်ရဘူးလို့ သိရပါတယ်။

youtube

Linn

Source : Koreaboo

SHARE