ရူပီး(၁ဝ)သိန်းကျော် အကုန်ကျခံပြီး ကိုယ်ပိုင်ရုပ်တုတည်ဆောက်ခဲ့တဲ့ အမှိုက်ကောက်သမားကြီး

[email protected]

များသောအားဖြင့် ရုပ်တုတစ်ခုတည်ဆာက်ပြီဆိုရင် အဲဒီရုပ်တုပိုင်ရှင်ဟာ အဲဒီရုပ်တုတည်ဆောက်ရာဒေသအတွက်ပဲဖြစ်ဖြစ်၊ တိုင်းပြည်အတွက်ပဲဖြစ်ဖြစ် အနစ်နာခံပြီး တစ်ခုခု လုပ်ခဲ့ပေးမှ အဲဒီဒေသက လူတွေက အဲဒီပုဂ္ဂိုလ်ပုံစံရုပ်တုကို တည်ဆောက်ကြတာများပါတယ်။ ဒါပေမယ့် အခုပြောပြချင်တဲ့ အမျိုးသားကြီးကတော့ သူ့ပိုက်ဆံသူစု၊ ကိုယ်ပိုင်မြေလေးတစ်ကွက်ဝယ်ပြီး အဲဒီမြေကွက်ပေါ်မှာ သူပုံစံရုပ်တုကြီးတစ်ခုထုပြီး တည်ဆောက်ခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

အဆိုပါအမျိုးသားကြီးကတော့ အိန္ဒိယနိုင်ငံ၊ Tamil Nadu ပြည်နယ်ရှိ အသက် ၆၀ အရွယ် Nallathambi အမည်ရှိ အမျိုးသားကြီးပဲ ဖြစ်ပါတယ်။ Nallathambi ဟာ မွေးလာကတည်း သူနေထိုင်တဲ့ ရွာကလေးမှာပဲ ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ မွေးဖွားလာခဲ့ရပြီး အသက်အရွယ်ရောက်လာပြန်တော့လည်း အမှိုက်ကောက်သမားအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။ နောက်ဆုံးအသက် ၄၀ အရွယ်ရောက်လာတဲ့အချိန်မှာတော့ အိမ်ကမိသားစုကို စွန့်ခွာခဲ့ပြီး မြို့တက်ကာ အမှိုက်ကောင်ခဲ့ပါတယ်။ တစ်နေ့ဝင်ငွေ ရူပီး ၃၀၀ ကျော်ကို ကျစ်ကျစ်ပါပါစုပြီး နောက်ဆုံး အသက် ၆၀ အရွယ်မှာတော့ ရွာပြန်လာကာ သူစုထားတဲ့ ရူပီး ၁၀ သိန်းကျော်ကို အသုံးပြုကာ မြေကွက်တစ်ကွက်ဝယ်ခဲ့ပြီး အဆိုပါ မြေကွက်ပေါ်မှာပဲ သူ့ရဲ့ ပုံတူရုပ်တုကြီးကို တည်ဆောက်ခဲ့ပါတယ်။

READ
အကြောပြတ်ရာတွေကို သက်သာပျောက်ကင်းစေမဲ့ အစွမ်းထက်နည်းလမ်း(၄)မျိုး
[email protected]

“ကျွန်တော်ငယ်ငယ်လေးကတည်းက ချို့ချို့တဲ့တဲ့ မွေးလာရတော့ ငါတစ်နေ့ အသက်အရွယ်ရောက်လာရင် ငါ့နာမည်ကို လူတွေသိစေရမယ်လို့ ခံယူချက်က တော်တော်ကြီးခဲ့တယ်ဗျ။ လူတစ်ယောက်က မွေးဖွားလာတဲ့အချိန်ကနေ သေတဲ့အထိ သူ့ကို ဘယ်သူမှန်းဘယ်ကမှန်းမသိခဲ့ရင် အဲဒီလူကလူဖြစ်ရတာ အလကားပဲဗျ။ ဒါ့ကြောင့် ကျွန်တော့်နောက်ဆုံးသေသွားခဲ့ရင်တောင် ဒီရုပ်တုကြီးက ကျွန်တော်ဘယ်သူမှန်းဆိုတာ အချိန်ပြည့်ပြောပြနေမှာပါ”လို့ Nallathambi က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE