အိမ်အသစ်ဝယ်လိုက်ပြီဖြစ်တဲ့ Rain နဲ့ Kim Tae Hee

Rain နဲ့ Kim Tae Hee ဟာ မကြာ​သေးမီကပဲ ​ဈေးအရမ်းကြီးတဲ့အိမ်​အသစ်​ကို သူတို့ကြင်​စဦးဇနီး​မောင်​နှံ​နေဖို့အတွက်​ဝယ်​ယူခဲ့ပါတယ်​။ သူတို့နှစ်​​ယောက်​ဟာ Rain မိဘ​တွေနဲ့အတူ Rain ရဲ့ Villa မှ အတည်​တကျနဲ့သူတို့ဘဝ​တွေကိုစတင်​​တော့မယ်​လို့ဆိုပါတယ်​။
သူတို့ဝယ်​လိုက်​တဲ့အိမ်​ဟာ အီထယ်​ဝန်​(Itaewon) က​ဈေးအရမ်းကြီးတဲ့ဇိမ်​ခံအိမ်​ကြီးဖြစ်​ပါတယ်​။ဝမ်​ ၅ ဘီလီယံ ကုန်​ကျတဲ့ဒီအိမ်​ကြီးဝယ်​လိုက်​တာကိုကြည့်​ခြင်းအားဖြင့်​ သူတို့ဟာကိုရီးယားCelebrity ​တွေထဲမှာ အချမ်းသာဆုံး ဇနီး​မောင်​နှံဆိုတာ​ပေါ်လွင်​​နေပါတယ်​။သူတို့နှစ်​ဦးဟာမကြာမီမှာ အိမ်​အသစ်မှာ​ပြောင်း​ရွေ့​နေထိုင်​​တော့မှာဖြစ်​ပါတယ်​။
Rain နဲ့ Kim Tae Hee တို့ခုလို​ပျော်​ရွှင်​​နေတာ​တွေ့ရလို့ပရိတ်​သတ်​​တွေကလည်းဝမ်း​မြောက်​မိပါတယ်​​နော်​။အိမ်အသစ်​ဝယ်​လိုက်​တာအတွက်​လည်း Congratulation ပါ​နော်​။
Grinny (Shwemom)
Source: Dispatch
SHARE