ဇာတ်လမ်းအသစ်ရိုက်ကူးတော့မယ့်​ ရိန်း၊ ကန်ဆိုရာ နဲ့ မင်ဟိုရင်

Korean မင်းသားချော Rain၊ Kang Sora နဲ့ Min Hyo Rin တို့ပါဝင်သရုပ်ဆောင်မယ့်​ Uhm Bok Dong
ဇာတ်လမ်းကိုမကြာမီမှာရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ၂၀ ရာစုအစောပိုင်းလောက်က
ကိုရီးယားနိုင်ငံရဲ့သူရဲကောင်းလို့ထင်ရှားကျော်ကြားခဲ့တဲ့စက်ဘီးစီးအားကစားသမား​ Uhm Bok Dong အကြောင်း
ကိုအခြေခံထားတာဖြစ်ပါတယ်​။ ကိုရီးယားနိုင်ငံဂျပန်စိုးမိုးမှုလက်အောက်သို့ကျရောက်နေစဉ်ကာလအတွင်းကျင်းပခဲ့တဲ့
စက်ဘီးစီးပြိုင်ပွဲမှာတခြားဂျပန်ပြိုင်ပွဲဝင်တွေကိုအနိုင်ပိုင်းပြီး ကိုရီးယားနိုင်ငံကိုဂုဏ်တက်စေခဲ့တဲ့စက်ဘီးစီးအကစားသမားဖြစ်ပါတယ်​။

ဒီဇာတ်ကားမှာရိန်းက Uhm Bok Dong အဖြစ်သရုပ်ဆောင်သွားမှာဖြစ်ပြီး

ကန်ဆိုရာ ကတော့ဖခင်သေဆုံးပြီးနောက်ပိုင်း Uhm Bok Dong ရဲ့နည်းပြ Hwang Jae Ho ထံမှာကူညီပေးတဲ့မိန်းမငယ်လေးအဖြစ်​ပါဝင်သရုပ်ဆောင်မှာပါ။

နည်းပြ Hwang Jae Ho အဖြစ်​ Lee Bum Soo ကသရုပ်ဆောင်မှာဖြစ်ပါတယ်။

READ
ကမ်းလှမ်းလာတဲ့စိတ်ကူးယဉ်ဇာတ်ကားတွေကို Lee Dongwook ငြင်းပယ်ရတဲ့အကြောင်းရင်း

ခုနောက်​ပိုင်း လူကြိုက်​များလာတဲ့ အားကစားသမားဘဝ​တွေကိုအ​ခြေခံရိုက်​ကူးတဲ့ဇာတ်လမ်းတွေလိုပဲ Cyclist Uhnm Bok dong ကလည်းဇာတ်ကားကောင်းတစ်ခုဖြစ်လာမှာပါ။ပရိတ်သတ်တွေလည်းစောင့်မျှော်နေကြမှာပါ။

Grinny (shwemom)

Source: Koreaboo

SHARE