အသက်ရှူမှားလောက်အောင် လှပလွန်းတဲ့ ကိုလံဘီယာက သက်တန့်မြစ်

ကိုလံဘီယာနိုင်ငံရဲ့ တစ်နေရာမှာ Caño Cristales အမည်တွင်တဲ့ ရင်သပ်ရှုမောဖွယ် အသွေးအရောင်စုံ မြစ်တစ်စင်းရှိပါတယ်။ နှစ်စဉ်နှစ်တိုင်းလိုလို အချိန်အားဖြင့် (၆) လကြာအောင် အ၀ါ၊ အနီ၊ အပြာ၊ အစိမ်းနဲ့ အနက် ရောင်စဉ်တွေကို Caño Cristales ဟာ ပေါင်းစုဖွဲ့စည်းပြီး သူ့ကိုယ်သူ အလှဆုံးဖြစ်အောင် ပြင်ဆင်မွမ်းမံလေ့ရှိပါတယ်။

Mario Carvajal

ကိုလံဘီယာ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Andres Hurtado Garcia ကတော့ “Caño Cristales ကမ္ဘာ့အလှဆုံး မြစ်ကြီးဖြစ်ပါတယ်။ သက်တန့်သေသွားတဲ့ နေရာလေးပေါ့။ အရောင်(၅)မျိုးစုံတဲ့ မြစ်၊ ကောင်းကင်ကနေ ကျလာတဲ့ မြစ်တစ်စင်းပါ။” လို့ ဆိုပါတယ်။ အံ့သြစရာ မှော်ဆန်တဲ့ Caño Cristales  ဟာ လွန်ခဲ့တဲ့ နှစ်ဘီလီယံ(၁.၂) သန်းတုန်းက ဖြစ်ထွန်းခဲ့တဲ့ Guiana Shield ကျောက်ဆောင်တန်းမှာ တည်ရှိပါတယ်။ ဗင်နီဇွဲလား၊ ဘရာဇီး နဲ့ ကိုလံဘီယာနိုင်ငံတိုရဲ့ အောက်ပိုင်းမှာ ရှိပါတယ်။

READ
ကမ္ဘာပေါ်မှာ အလှပဆုံး ကျွန်း (၁၀)ကျွန်း
Mario Carvajal

Caño Cristales က အခုလို ရောင်စုံကာလာနဲ့ ရှုမဆုံးဖြစ်နေရတဲ့ အကြောင်းရင်းကတော့ မြစ်ထဲက ပန်းပင် ပန်းပွင့်တွေကြောင့် ဖြစ်ပါတယ်။ ကိုလံဘီယာရဲ့ မိုးဥတုအဆုံး ဇူလိုင်လလောက်မှာ Caño Cristales မြစ်ထဲ ရေတွေကျသွားပြီး ရေထဲက macarenia clavigera ပန်းပင်တွေ အလှပဆုံးပွင့်ဖူးတဲ့ အချိန်အခါ ရောက်လာပါတယ်။ စက်တင်ဘာနဲ့ နိုဝင်ဘာလတွေကတော့ အနီရောင်နဲ့ ပန်းခရမ်းရောင် ရောင်စုံပန်းတွေ အတောက်ပဆုံးဖြစ်တဲ့ အချိန်တွေပါပဲ။

Mario Carvajal

Caño Cristales  ဟာ Sierra de la Macarena အမျိုးသားဥယျာဉ်ရဲ့ တစ်စိတ်တစ်ဒေသသာ ဖြစ်ပါတယ်။ Caño Cristales  ကို အလည်လာချင်သူတွေ အတွက်တော့ မြစ်ရဲ့အလှကို ကြည့်ရှုခံစားနိုင်ဖို့ ဂျူလိုင်လကနေ နိုဝင်ဘာလအထိ ဖွင့်လှစ်ထားပါတယ်။ ဒါပေမယ့် မြစ်ရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့အနေနဲ့ တစ်နေ့ကို လူအယောက်(၂၀) သာ ၀င်ခွင့်ပေးထားကြောင်းလည်း သိရပါတယ်။

READ
အလှဆုံးလေယာဉ်မယ်တွေရှိတဲ့ လေကြောင်းလိုင်းများ
Mario Carvajal

လင်းလင်း (ShweMom)

Ref: elitereaders

SHARE