ရမ္ဘို ဇာတ်လမ်းသစ် Rambo 5: Last Blood မှ ဓာတ်ပုံကို ဖော်ပြလိုက်တဲ့ စတာလုံး

မင်းသားကြီး စတားလုံးက သူရဲ့ နာမည်ကျော် ဇာတ်ရုပ် Rambo ရဲ့ နောက်ဆက်တွဲ ထွက်ရှိလာမယ့် Rabmo 5: Last Blood ဇာတ်ကားမှ ဓာတ်ပုံကို လတ်တလောလေးကပဲ ဖော်ပြထားခဲ့ပါတယ်။

ပဉ္စမမြောက် ဒီဇာတ်ကားကို နှစ်တော်တော်ကြာအောင် အချိန်ယူ ပုံဖော်ခဲ့ရပြီး ဘယ်လောက်ပညာသားပါပါ တင်ဆက်ထားသလဲဆိုတာကို တွေ့ရမှာဖြစ်ကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ စတားလုံးရဲ့ ပထမဆုံး စိတ်ကူးက Hunter ဆိုတဲ့ ၀တ္ထုကို Rambo ရုပ်ရှင် အဖြစ်ပြောင်းလဲဖန်တီးဖို့လို့ သိရတယ်။ ဇာတ်လမ်း ကျောရိုးကတော့ အစိုးရက ဖန်တီးလိုက်တဲ့ ကြောက်စရာကောင်းတဲ့ မွန်းစတားနဲ့ ပတ်သက်ပြီး ခြေရာခံတဲ့ ဇာတ်လမ်းလို့ သိရပါတယ်။

screenrant

ဒါက ရမ်ဘိုဇာတ်ရုပ်အတွက် ပုံစံ အသစ်တစ်ခု ဖြစ်နေတာကြောင့် စတားလုံးက ငြင်းပယ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် မကြာသေးခင်ကမှာ လက်ခံလိုက်ကြောင်း သိရတယ်။ စတားလုံးက The Expendables စီးရီးနဲ့ အလုပ်များနေတာရယ်၊ တခြားသော ကိစ္စတွေရယ် ရှိနေတာကြောင့် Rambo 5 ကို ခဏနောက်ဆုတ်ထားတာဖြစ်ကြောင်း သိရပါတယ်။

Rambo:First Blood ရဲ့ ဇာတ်ညွှန်းရေးသူ ဒေးဗစ် မော်ရယ်လ် က သူနဲ့ စတားလုံးတို့ နှစ်ယောက်ပေါင်းပြီး လုံးဝ ထူးခြားကွဲပြားတဲ့ ပဉ္စမမြောက် ဇာတ်ကားကို ဖန်တီးနေတယ်လို့ မကြာသေးခင်ကမှ ထုတ်ဖော်ခဲ့ပါတယ်။ ဒီ ဇာတ်ရုပ်အတွက် ဆန္ဒတွေ ပြင်းပြနေခဲ့တဲ့ စတားလုံးဟာ တစ်ခါ သူ့ရဲ့ တောင်းဆိုမှုတွေကို ပရိုဂျူဆာတွေက ပယ်ချခဲ့တာကြောင့် စီးရီးကနေ နားနေခဲ့တဲ့ အခိုက်အတန့်မျိုးတွေလည်း ရှိခဲ့ပါတယ်။

READ
ကမ္ဘာကျော် ဒိတ်ဒိတ်ကြဲအဆိုတော်တွေရဲ့ ပွဲဦးထွက် သီချင်းအခွေကာဗာများ

နောက်တော့ စိတ်ပြောင်းပြီး Rambo 5: Last Blood အတွက် ပြန်ရောက်လာခဲ့တယ်။ အခုဆိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ ဒီ ပရောဂျက်နဲ့ ပတ်သက်တဲ့အကြောင်းတွေ၊ ရိုက်ကွင်းပေါ်က ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ဖော်ပြရင်း စတာလုံးတစ်ယောက် အားတက်သရောရှိနေတာ တွေ့ရတယ်။

Rambo 5: Last Blood က အကြမ်းဆုံး ဇာတ်လမ်းဖြစ်မယ်လို့ သိရပြီး စတားလုံးကို ရမ်ဘိုအဖြစ်နဲ့ နောက်ဆုံး မြင်ရတာလည်း ဖြစ်မယ်လို့ ယူဆရပါတယ်။ Creed 2 ဟာလည်း သူ့အတွက် ရော့ကီအဖြစ် နောက်ဆုံးဆိုတာကို မကြာသေးခင်ကမှ ကြေငြာခဲ့ပြီး ရမ်ဘိုရော၊ ရော့ကီရော နှစ်နေရာလုံးကနေ အနားယူတော့မှာလို့ အခိုင်မာ ဆိုထားနှင့်ခဲ့ပြီးဖြစ်တယ်။ အရင်ကလည်း နောက်ဆုံးလို့ ပြောပြီး ပြန်သရုပ်ဆောင်ခဲ့တာတွေ ရှိခဲ့တော့ သူ့ စိတ် ပြန်ပြောင်းရင်လည်း ပြောင်းနိုင်ပါသေးတယ်။

READ
YoonA အတွက် Fan တွေက တန်ဖိုးမဖြတ်နိုင်တဲ့ မွေးနေ့လက်ဆောင် စီစဉ်ပေးခဲ့

အခုနှစ် (၂၀၁၉) ထဲမှာတော့ စတာလုံးကို Escape Plan 3: Devil Station မှာ တွေ့ရဖို့ ရှိပါတယ်။ လက်ရှိမှာလည်း The Expendables 4 က စတင်ရိုက်ကူးဖို့ ပြင်ဆင်နေပြီး ဒါလည်း နောက်ဆုံးပဲလားဆိုတဲ့ ထင်ကြေးတွေလည်း ရှိနေပါတယ်။

Ref: Screenrant

Matthew (ShweMOM)
SHARE