Oscar ဆန်ကာတင်ဝင်သွားလို့ လေးနက်တဲ့ ပို့စ်တစ်ခုတင်လိုက်တဲ့ Rami Malek

ဗြိတိန် ဂန္ထဝင်ဂီတအဖွဲ့ The Queen အကြောင်းကို ရိုက်ကူးထားတဲ့ Bohemian Rhapsody ရုပ်ရှင်ကတော့ ၂၀၁၈ အောက်တိုဘာမှာ ရုံစတင်ခဲ့ပြီး အကြီးအကျယ် အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ဒါရိုက်တာ Bryan Singer ရိုက်ကူးထားတဲ့ ဒီကားဟာ ရုံတင်ဝင်ငွေလည်း အမေရိကန် ဒေါ်လာ ၇၇၄.၃ သန်းတောင် ရခဲ့ပါတယ်။

IMDB

အဓိကဇာတ်ကောင် Freddie Mercury နေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Rami Malek လည်း ထိုရုပ်ရှင်ကားနဲ့ Golden Globes ဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆု ရခဲ့ပြီး အောင်မြင်မှုများစွာ ရလျက်ရှိပါတယ်။ Golden Globes မှာ Best Actor နဲ့ Best Picture ဆုရထားတဲ့ Bohemian Rhapsody ဟာ ဖေဖော်ဝါရီမှာ ကျင်းပတော့မယ့် ၉၁ ကြိမ်မြောက် Academy Awards အော်စကာဆုပေးပွဲမှာလည်း ဆုနေရာများစွာအတွက် ဆန်ကာတင် စာရင်း ဝင်သွားပါပြီ။

Instagram

Bohemian Rhapsody ကို ၂၀၁၃ ခုနှစ်ကတည်းက ရိုက်ကူးဖို့ ပြင်ဆင်ခဲ့တာပါ။ ဒါပေမယ့် Freddie နေရာက သရုပ်ဆောင်မယ့် Sacha Baron Cohen က နုတ်ထွက်သွားခဲ့တဲ့အတွက် ရိုက်ကူးရေးတွေ နှောင့်နှေးခဲ့ရတာပါ။ ဒါပေမယ့် ထိုနေရာကို Rami Melak က ယူခဲ့ပြီး အကောင်းဆုံးလုပ်ပြသွားခဲ့ပါတယ်။ အခုလည်း ထိုဇာတ်ကားဟာ အော်စကာမှာ ဆု ၅ ဆု ထပ်ပြီး ဆန်ကာတင် ဝင်ထားပါတယ်။ Rami လည်း အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆု နေရာကနေပါ ဝင်ထားပါတယ်။

READ
အသက်ကြီးပေမယ့်မပျက်စီးသေးကြောင်းထုတ်ပြခဲ့တဲ့Casey Batchelor
Instagram

မင်းသားကတော့ ထိုဇာတ်ကားနဲ့ အော်စကာ ဆုရတာ မရတာဘေးချိတ် အခုလို ဆန်ကာတင်စာရင်းဝင်ရုံနဲ့ကို ဘယ်လောက်တောင် ဝမ်းသာကျေးဇူးတင်နေမိပြီလဲဆိုတာကို တွစ်တာပေါ်မှာ ပို့စ်တင်ပြီး ဝေမျှထားပါတယ်။ “ရုပ်ရှင်အဖွဲ့သားတွေအကုန်လုံးရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့ အော်စကာ အကယ်ဒမီကို ကျေးဇူးတင်မိပါတယ်။ ကျွန်တော်က Freddie Mercury နေရာကနေ ပါဝင်ရတာနဲ့ကို အရမ်းဂုဏ်ယူနေပါပြီ။ အခုလို ဆုစာရင်းထပ်ဝင်ပြီး Freddie ကို ဂုဏ်ပြုရတဲ့အတွက် အူလှိုက်သည်းလှိုက်ကို ကြည်နူးဝမ်းသာမိပါတယ်” ဆိုပြီး ရေးသားထားတာပါ။

Rami တစ်ယောက် ထိုဇာတ်ကားမှာ ဘယ်လောက်တောင် အားထုတ်ထားလဲဆိုတာနဲ့ ပတ်သက်လို့ The Queen အဖွဲ့ရဲ့ ဂစ်တာသမားဖြစ်တဲ့ Brian May ကိုယ်တိုင်ကိုက ချီးကျူးထားတာပါ။ Rami သရုပ်ဆောင်ချက်တွေက Freddie အစစ်ကို ကြည့်နေရသလိုပဲမို့ တကယ်ကို ထူးခြားပြောင်မြောက်ကြောင်း ဆိုထားခဲ့ပါတယ်။

READ
ခင်ပွန်းက ဘယ်လို ချစ်ခွင့်ပန်ခဲ့တယ်ဆိုတာကို ပြောပြလိုက်တဲ့ စမိုင်း
Instagram

Rami ကတော့ ဒီဇာတ်ကားနဲ့ အကောင်းဆုံးမင်းသားဆု ရဖို့ အခြားပြိုင်ဘက်များစွာတော့ ရှိနေပါသေးတယ်။ Vice အတွက် Christian Bale ၊ A Star Is Born အတွက် Bradley Cooper ၊ At Eternity’s Gate အတွက် Willem Dafoe နဲ့ Green Book အတွက် Viggo Mortensen တို့ဖြစ်ပါတယ်။ ဘယ်သူပဲ ရရ Rami ကတော့ သူ့ရဲ့ ပို့စ်ကို ကြည့်တာနဲ့တင် ဆန်ကာတင်စာရင်းဝင်တာနဲ့ကို အရမ်းပျော်ရွှင်နေသူဖြစ်ကြောင်း ခန့်မှန်းမိနိုင်ပါတယ်။

Instagram

Ref: Unilad

SHARE